Search on this blog

Search on this blog

Need Help?

+959 513 1873

image
image
  • စိတ်ကျန်းမာရေးဆိုတာဘာလဲ?
  • အဖြစ်များသော စိတ်ကျန်မာရေးပြဿနာတွေကဘာလဲ?
  • စိတ်ကျန်မာရေးကောင်းအောင် ဘယ်လို ကာကွယ်ခြင်း နှင့် ကုသခြင်းတွေလုပ်ရမလဲ?

စိတ်ကျန်းမာရေးဆိုတာဘာလဲ?

လူ့ရဲ့ ဦးနှောက်ကို ကစားကွင်းတစ်ခုလို ကျွန်တော်တို့မြင်ကြည့်လိုရပါတယ်။ ကလေးပေါင်း ရာနဲ့ချီပြီး နေစဉ် လာရောက်ဆော့ကစားကြတဲ့ ကစားကွင်းကြီး တစ်ခုမှာ – တချို့ကလေးတွေက ဒန်းစီးတာ၊ တချို့က လျှောစီးတာ၊ တချို့က ပြေးတမ်းလိုက်တမ်းကစားတာ၊ စသဖြင့် အရမ်းကိုလူစည်းကားပြီး ဆူညံနေတဲ့ ကစားကွင်းတစ်ခုမှာ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖို့ထားရှိထားခြင်းက အရေးကြီးပါလိမ့်မယ်။ ဒီ စည်းမျဉ်းစည်းကမ်းတွေက လာရောက်ကစားတဲ့သူတွေ ထိခိုင်ဒဏ်ရာမရအောင်၊ မတော်တဆအန္တရာယ်တွေ မဖြစ်ဖို့နဲ့ ဘေးကင်းကင်း လာရောက်ကစားစေနိုင်ဖို့အတွက် ထားရှိထားရမယ့် စည်းမျဉ်းစည်းကမ်းမျိုးတွေ ဖြစ်ပါတယ်။

စိတ်ကျန်းမာရေးဆိုတာ ကစားကွင်းမှာထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ရည်ရွယ်ချက်ချင်းတူပါတယ်။ ကျွန်တော်တို့ရဲ့ ဦးနှောက်ရဲ့ စိတ်ခံစားချက်တွေ နဲ့ တွေးတောကြံစည်မှုတွေ အခြေအနေကောင်းမွန်အောင် ထိန်းသိမ်းပေးခြင်းက စိတ်ကျန်းမာရေးရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ – တစ်ခါတစ်ရံ ကစားကွင်းက ကလေးအများဆော့ကစားပြီးတဲ့နောက်မှာ အမှိုက်ရှုတ်ပွနေတဲ့ အခိုက်အတန့်မျိုးတွေလည်း ရှိတတ်ပါတယ်။ တစ်ခါတစ်ရံ ကလေးတစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြရင်း၊ ဒဏ်ရာရတဲ့အခိုက်အတန်းမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒီလိုအခိုက်အတန့်မျိုးတွေကြုံရတဲ့အခါ ဦးနှောက်က ဝမ်းနည်းတာ၊ ကြောက်တာ၊ စိတ်ရှုပ်တာ စတဲ့ စိတ်ကျန်းမာရေးအခိုက်အတန့်တွေကို ခံစားတတ်ရပါတယ်။

အဖြစ်များသော စိတ်ကျန်မာရေးပြဿနာတွေကဘာလဲ?

ခန္ဓာနည်းတူ စိတ်မှာလည်းပဲ စိတ်ကျန်းမာရေးဝေဒနာအထွေထွေရှိကြပါတယ်။ မတူညီတဲ့ ဝေဒနာကိုလိုက်ပြီးတော့လည်း မတူညီတဲ့ ကုသမှုတွေ၊ ကာကွယ်မှုတွေ ပြုလုပ်ရပါတယ်။

WHO (World Health Organisation)ရဲ့ International Classification of Diseases 11th Revision  (ICD-11) စစ်ဆေးချက်အရဆိုရင် လူ (၈) ယောက်မှာ (၁) ယောက်ဟာ အောက်ဖော်ပြပါ စိတ်ကျန်းမာရေးဝေဒနာတွေထဲက တခုခုကို အနည်းဆုံး ခံစားကြရပါတယ်။ ဒါဟာ ကမ္ဘာ့လူဦးရေ သန်း(၉၇၀)ကျော်ဖြစ်ပါတယ်။ ယခုလိုဝေဒနာခံစားမှုတွေထဲမှာ ယခုဖော်ပြတဲ့ စိတ်ပူပန်မှုရောဂါ နဲ့ စိတ်ကျဝေဒနာတွေက ခံစားမှုအများဆုံးဖြစ်ကြပါတယ်။

  • စိတ်ပူပန်မှုရောဂါ (Anxiety Disorder)
    • နေ့စဉ်ဘဝတွင် အလွန်အကြူးစိုးရမ်ပူပန်ခြင်း ၊ တောက်လျှောက်ပူပင်သောကရောက်တတ်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် စိတ်ညစ်ခြင်းတို့ကို မကြာခဏခံစားရသည့် ဝေဒနာ
  • စိတ်ကျဝေဒနာ (Depression)
    • ဝမ်းနည်းပူဆွေးမှုကို ရေတာရှည်ခံစားရပြီး လူမှုဘဝကိုစိတ်ဝင်စားမှုလျော့နည်းသွားစေသည့် ဝေဒနာ
  • စိတ်အတက်အကျမြန် စိတ်ဝေဒနာ (Bipolar Disorder)
    • စိတ်အခြေအနေသည် အရမ်းပျော်ရွှင်တက်ကြွခြင်းမှ အလွန်အမင်းဝမ်းနည်းခြင်းအခြေအနေသို့ ရုတ်တရက်ပြောင်းလဲသွားခြင်း၊ ထိုကဲ့သို့ အတက်အကျမြန် ပြောင်းလဲမှုများ မကြာခဏခံစားရခြင်း။ ဥပမာ –  မိမိကိုယ်ကို အားအင်ပြည့်လွန်းသည်ဟုခံစားရခြင်း မှတဆင့် မည့်သည့်အရာကိုမှလုပ်ကိုင်ချင်စိတ်မရှိတော့ခြင်း။
  • စိတ်ဒဏ်ရာရောဂါ (Post-Traumatic Stress Disorder – PTSD)
    • အတိတ်တွင် ရုပ်ပိုင်းဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာ အနာတရထိခိုက်မှုဖြစ်ရပ်များ (trauma) ကြောင့် နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာများ ကြုံတွေ့ရခြင်း။ ဥပမာ – မိသားစုဝင် တစ်ဦးကို ဆုံးရှံးရခြင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်း တို့ကြောင့် နောက်ဆက်တွဲ စိတ်ပြဿနာများခံစားရခြင်း။
  • စိတ်ကစဉ့်ကလျားဖြစ်ခြင်း (Schizophrenia)
    • မျိုးရိုးဗီဇ၊ မူးရစ်ဆေးဝါးမှီဝဲခြင်း နှင့် ပူပင်သောကများခြင်း စသည်တို့ကြောင့် နေ့စဉ်ဘဝတွင် ဂယောင်ခြောက်ခြားဖြစ်ခြင်း၊ စိတ်အာရုံခြောက်ခြားခြင်း၊ စိတ်ဖရိုဖရဲဖြစ်ခြင်း။ ဥပမာ – အထောက်အထားရှိသော်လည်း စိတ်ထင်ယောင်ထင်မှားဖြစ်ခြင်းကို ပြန်ပြောင်းမမြင်နိုင်ခြင်း၊ စိတ်ကူး နှင့် စကားပြောခြင်း၊ အသံများကြားယောင်နေသည်ဟု ထင်ရခြင်းတို့ကို ကြုံတွေ့ရခြင်း။
  • အစားအသောက်မှုမမှန်ခြင်း (Eating Disorder)
    • စိတ်ပူပန်မှုဝေဒနာ၊ စိတ်ကျဝေဒနာ စသည့်စိတ်ကျန်းမာရေးပြဿနာများဖြစ်ပြီး ပုံမှန်စားသောက်မှုအလေ့အထ ပျောက်ဆုံးခြင်း။ အစားနည်းလွန်းခြင်း၊ အစားများလွန်းခြင်း၊ ကိုယ်အလေးချိန် နဂိုထက်ပို၍ အလေးထားခြင်း။
  • အာရုံကြောဖွံဖြိုးမှုဆိုင်ရာ စိတ်ဝေဒနာ (Neurodevelopmental Disorders)
    • ကလေးငယ်များတွင်အဖြစ်များသော ဦးနှောက်နှင့် အာရုံကြောစနစ်နဲ့ ဆက်နွှယ်ပြီးခံစားရတဲ့  လှုပ်ရှားလွန်းပြီးအာရုံမစိုက်နိုင်သည့်ရောဂါ – ADHD၊ အော်တစ်ဇင် – Autism၊ သင်ယူမှုခက်ခဲခြင်း – Learing Disabilities တို့ကိုခံစားရခြင်း။

စိတ်ကျန်မာရေးကောင်းအောင် ဘယ်လို ကာကွယ်ခြင်း နှင့် ကုသခြင်းတွေလုပ်ရမလဲ?

စိတ်ကျန်းမာရေးနယ်ပယ်ဟာ ကျယ်ပြန့်ပြီးတော့ ဝေဒနာတွေမတူတဲ့မတွက်ကြောင့်လည်း စိတ်ကျန်းမာရေးပြဿနာတွေပေါ်လိုက်ပြီး ဝေဒနာလက္ခဏာတွေလည်း ကွဲပြားကြပါတယ်။ မိမိကိုယ်ကိုမိမိ စိတ်ဝေဒနာခံစားရပြီလို့ သံသယရှိတဲ့အခါမှာဆိုရင် စိတ်ပညာဆိုင်ရာ ဆရာဝန် နဲ့ ကျွမ်းကျင်သူတွေနဲ့ တွေ့ရှိပြီးတော့ စိတ်ကျန်းမာရေးပြဿာနာကိုသိရတဲ့အခါမှာ ကုသမှုကုထုံးအမျိုးမျိုးတွေနဲ့ ကုသနိုင်ပါတယ်။ 

  • စိတ်ပညာကုထုံး (Psychotherapy – Talk Therapy)
  • ဆေးဝါးကုထုံး (Medication)
  • လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံး (Lifestyle and Wellness Interventions)
  • ဆေးရုံတက်၍ ကုထုံးယူခြင်း (Hospitalization and Intensive Outpatient Programs – IOPs)
  • လျှပ်စစ်ဓာတ်ကုထုံး (Electroconvulsive Therapy – ECT)
  • ဒစ်ဂျစ်တယ်နှင့် အွန်လိုင်း ကုထုံး (Digital and Online Therapy)

တကယ်လို့ မိမိမှာ စိတ်ကျန်းမာရေးနှင့် ပတ်သက်ပြီး အခက်အခဲတွေ ကြုံတွေ့နေရပြီးတော့ နှစ်သိမ့်ဆွေးနွေးဖို့ လိုအပ်နေတယ်ဆိုရင် Call Me Today က နှစ်သိမ့်ဆွေးနွေးပညာရှင်များနှင့် ဒီ လင့်ကတဆင့် တွေ့ဆုံဆွေးနွေးနိုင်ပါပြီ။ 

? : https://app.callmetoday.org/book

☎️: 09-5131873

#CallMeToday

#disorder

#counseling 

#therapy

Leave a Reply

Your email address will not be published. Required fields are marked *