Search on this blog

Search on this blog

Need Help?

+959 513 1873

image
image

လုပ်ငန်းခွင်မှာ လုပ်ကိုင်နေကြတဲ့ အလွှာအသီးသီးက ဝန်ထမ်းတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာနေဖို့ လိုသလို စိတ်ကျန်းမာမှုမှာလည်း ထိခိုက်မှု မရှိနေဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့်လည်း ဝန်ထမ်းတွေအတွက် ကူညီပြီး နှစ်သိမ့်ဆွေးနွေးခြင်း EAP (Employee Assistance Program) Counseling ဟာ အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်လာပြီ ဖြစ်ပါတယ်။ 

EAP Counseling ကနေတဆင့် ဝန်ထမ်းတွေ တဦးချင်းစီ ရင်ဆိုင်နေရတဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာ၊ အခက်အခဲတွေ၊ အလုပ်ခွင်မှာ ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို ကူညီဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် မိသားစု ပြဿနာ၊ ငွေကြေးဆိုင်ရာ အခက်အခဲတွေ၊ အလုပ်ခွင်မှာ နှိမ့်ချဆက်ဆံခံရမှု၊ အနိုင်ကျင့်ခံရမှုမှစလို့ တခြားသော ပြဿနာတွေအထိ ပြောပြနိုင်မှာ ဖြစ်ပါတယ်။ 

EAP Counseling တွေဟာ များသောအားဖြင့် ပုံမှန် နှစ်သိမ့်ဆွေးနွေးမှု၊ စိတ်ပညာကုထုံးတွေလို အချိန်အကြာကြီး ပြုလုပ်တာမျိုးတော့ မဟုတ်ပဲ ရနိုင်တဲ့ အချိန်တိုအတွင်းမှာ တဦးစီအတွက် အဆင်ပြေဆုံးဖြစ်စေဖို့ ကူညီဆွေးနွေးပေးတာ ဖြစ်ပါတယ်။ EAP Counseling လုပ်ခြင်းအားဖြင့် အလုပ်ခွင်မှာ ရနိုင်မယ့် အကျိုးကျေးဇူးတွေကို ဆက်လက် မျှဝေပေးချင်ပါတယ်။ 

(၁) Productivity တက်စေမယ် 

စိတ်ကျန်းမာရေး အခြေအနေဟာ productivity ပေါ်မှာ များစွာ သက်ရောက်မှု ရှိနေပါတယ်။ EAP Counseling ကနေ ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ကူညီဖြေရှင်းပေးနိုင်မယ်ဆိုရင် စိတ်တက်ကြွမှုနဲ့ အလုပ်ပြီးမြောက်မှုနှုန်းကို ပိုအားကောင်းစေတာကြောင့် အလုပ်မှာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေကို ပေးနိုင်ပါတယ်။ 

(၂) အလုပ်သမားတွေရဲ့ Retention ကို ထိန်းထားပေးနိုင်မယ် 

EAP Counseling ပြုလုပ်ပေးတဲ့ လုပ်ငန်းခွင်တွေမှာ ဝန်ထမ်းတွေအနေနဲ့ တန်ဖိုးထားခံရတဲ့ ခံစားချက်နဲ့ ဂရုစိုက်ခံရတဲ့ အနေအထားကို ကြုံတွေ့ရတာကြောင့် တခြားအလုပ်တခုကို ပြောင်းလဲနိုင်တဲ့ အလားအလာ နည်းတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ဒီလို အလုပ်ခွင်တွေမှာ ဝန်ထမ်း ပိုမြဲလေ့ ရှိတာ ဖြစ်ပါတယ်။ 

(၃) အလုပ်ပျက်ကွက်ခြင်း နည်းလာမယ် 

အလုပ်ပျက်ကွက်ရခြင်း အကြောင်းအရင်းတွေထဲမှာ စိတ်ကျန်းမာရေးကလည်း တခုအပါအဝင် ဖြစ်ပါတယ်။ EAP Counseling ပြုလုပ်ပေးတာဟာ ဝန်ထမ်းတွေရဲ့ အလုပ်ပျက်ကွက်မှုနှုန်းကို လျော့နည်းစေနိုင်ပြီး တဦးစီရဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို လျော့ပါးစေတာကြောင့် စိတ်ဖြောင့်ဖြောင့်နဲ့ အလုပ်လုပ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ 

(၄) အလုပ်ခွင် ချိတ်ဆက်မှု အားကောင်းစေမယ် 

EAP Counseling ရဲ့ အကူအညီကြောင့် စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေတဲ့အခါ ဝန်ထမ်းတွေဟာ တဦးနဲ့တဦး အကောင်းဘက်ကို ပိုမြင်ပေးနိုင်ကြသလို လုပ်ငန်းခွင် ချိတ်ဆက်မှုလည်း ပိုကောင်းလာနိုင်ပါတယ်။ ဒါဟာ အလုပ်ရဲ့ အရည်အသွေးနဲ့ အဖွဲ့အစည်းရဲ့ ပူးပေါင်းလုပ်ဆောင်မှုကို အားပေးပါတယ်။  

(၅) လုပ်ငန်းခွင် ကျေနပ်မှုကို တိုးမြှင့်ပေးနိုင်မယ် 

EAP Counseling တွေ ပုံမှန် လုပ်ပေးဖြစ်တဲ့ လုပ်ငန်းခွင်တွေဟာ ဝန်ထမ်းတဦးစီရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုကို တန်ဖိုးထားရာ ရောက်တာကြောင့် အလုပ်ခွင် ကျေနပ်မှုကို ပိုမို တိုးမြှင့်ပေးနိုင်ပြီး အလုပ်ကြောင့် ဖြစ်တဲ့ စိတ်ဓါတ်ကျမှု၊ စိတ်ဖိစီးမှုတွေကို အထိုက်အလျောက် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

အလုပ်ခွင်ပျော်ရွှင်မှုကို ရနိုင်ဖို့အတွက်ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာဖို့ လိုအပ်ပါတယ်။  နိုင်ငံတကာမှာလည်း ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေး ကောင်းမွန်မှုဟာ အလုပ်ခွင်တိုးတက်မှုကို အထောက်အကူ ပြုနိုင်ကြောင်း သာဓကများစွာ ရှိပါတယ်။ ဒါ့ကြောင့် Company တွေ၊ အဖွဲ့အစည်း‌တွေ အနေနဲ့လည်း ဝန်ထမ်းတွေရဲ့ mental health ကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ 

Call Me Today မှာ EAP program တွေ၊ Package တွေ၊ Group Counseling, training and workshop service တွေ ကို ရယူနိုင်ပြီဖြစ်လို့ အသေးစိတ်သိလိုပါက Call Me Today Office ဖုန်းနံပါတ် 09-5131873 (သို့) info@callmetoday.org (သို့) Facebook Page မှ ဆက်သွယ်နိုင်ပါပြီ။ 

? : https://app.callmetoday.org/book

☎️: 09-5131873

#CallMeToday

#ItIsOkToCallMeToday

#counseling 

#therapy

Leave a Reply

Your email address will not be published. Required fields are marked *