Approaches to Self-Care
top of page

Approaches to Self-Care

Updated: Nov 1, 2023

လူအများစုဟာ မိမိကိုယ်ကို ဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ်၊၊ ကိုယ့်မိသားစုအပေါ်၊ ကိုယ့်ကလေးအပေါ်၊ ကိုယ့်ဆွေမျိုးသားချင်း၊ သူငယ်ချင်းမိတ်ဆွေတွေအပေါ်ကိုပဲအမြဲလိုလို ကိုယ့်စိတ်က မသိလိုက်ခင်မှာပဲ ဂရုစိုက်ပြီးသား ဖြစ်နေတတ်ကြပါတယ်၊၊


မိမိကိုယ်ကိုဂရုစိုက်ခြင်း ( Self-Care) မလုပ်တာကြာတော့ပျော်ရွှင်မှုမရှိဖြစ်လာတတ်ပါတယ်၊၊ကိုယ်တိုင်လည်းသက်တောင့်သက်သာ မဖြစ်နေပါ၊၊ စိတ်အလိုမကျဖြစ်ခြင်း (frustration)၊ ဆက်ဆံရေး အဆင်မပြေဖြစ်ခြင်း တို့ဖြစ်တတ်ပါသည်၊၊

မိမိကိုယ်ကိုဂရုစိုက်ခြင်း ( Self-Care) လုပ်ခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာပိုမိုကောင်းမွန်စေရန် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးခြင်း၊ ယောဂလုပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ သန့်ရှင်းလတ်ဆတ်သောလေကိုရှူရှိုက်ပေးခြင်း၊ လတ်ဆတ်သော အသီးအနှံများစားပေးခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ သက်တောင့်သက်သာအိပ်စက်အနားယူခြင်းများလုပ်ဆောင်ရပါမည်၊၊

မိမိကိုယ်ကိုဂရုစိုက်ခြင်း ( Self-Care) လုပ်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာပိုမိုကောင်းမွန်စေရန် အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း (သို့မဟုတ်) တရားထိုင်ခြင်း၊ စိတ်ဓာတ်တက်ကြွစေမည့် (သို့မဟုတ်) စိတ်ဓာတ်ခွန်အားဖြစ်စေမည့် စာများဖတ်ပေးခြင်း၊ နေ့စဥ်မှတ်တမ်းရေးခြင်း၊ စိတ်ကိုပျော် အောင်ထားပေးခြင်း၊ ကောင်းမွန်သည့် အတွေးများခံစားချက်များဖြစ်အောင်နေခြင်း ( positive thinking, positive feeling)စသည်လုပ်ဆောင်ချက်များလုပ်ဆောင်ပေးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာပိုမိုလန်းဆန်းလာမည်ဖြစ်သည်၊၊


ထို့ကြောင့်မိမိရဲ့လိုအပ်ချက်တွေကိုမြင်အောင်ကြည့်နိုင်ရန်လိုအပ်ပါသည်၊၊ လိုအပ်ချက်များမြင်အောင်ကြည့်ပြီး မိမိကိုယ်ကိုဂရုစိုက်ပါ၊၊ ကောင်းမွန်စွာ အိပ်စက်အနားယူရန် လိုအပ်ပါသည်၊၊ ထိုသို့အနားယူမှသာ ခန္ဓာကိုယ်အတွင်းရှိ ဇီဝဖြစ်စဥ်များပုံမှန်လည်ပတ်ပြီး အလုပ်ပုံမှန် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ အိပ်စက်အနားယူမှုကလည်းအရေးကြီးတဲ့အချက်ထဲပါဝင်ပါသည်၊၊


မိမိကိုယ်ကိုဂရုစိုက်ခြင်း ( Self-Care) ၏ အဓိကအချက်မှာ ကျန်းမာရေးလည်းပါဝင်ပါသည်၊၊ကျန်းမာရေးလည်းဂရုစိုက်ရပါမည်၊၊ လူကျန်းမာမှ စိတ်ချမ်းသာမည်ဆိုသည့်အတိုင်း ကျန်းမာအောင် ဂရုတစိုက် နေထိုင်ရန်လိုအပ်ပါသည်၊၊ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်း၊ စောစောအိပ် စောစောထပြီး ကိုယ်ရောစိတ်ပါ လန်းဆန်းအောင် ပြုမူနေထိုင်ခြင်းသည် မိမိကိုယ်ကို ဂရုစိုက်ရာရောက်စေပြီး မိမိလုပ်ကိုင်နေသောအလုပ်များ တွေးနေသည့်အတွေးများပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်၊၊






Categories

Other trending posts

1/11
bottom of page