အနာတရတွေပေးတတ်တဲ့ ပတ်ဝန်းကျင်ဆိုတာ
top of page

အနာတရတွေပေးတတ်တဲ့ ပတ်ဝန်းကျင်ဆိုတာ


❝ အဲ့ကောင်မလေးပေါ့ အမြဲကြည့်လိုက်ရင် မလိုက်မဖက် သူ့ကိုယ်လုံးနဲ့မလိုက်တွေဝတ်ထားတာ ❞

❝ ဘာ နင်ကသီချင်းဆိုမလို့ဟုတ်လား နင့်အသံလည်းနင်ပြန်နားထောင်ကြည့်အုံး ❞

❝ နင့်ကိုယ်နင် ဒါကြီးဝတ်ထားတာလိုက်တယ်ထင်လို့လား  မဲလိုက်တာအသားက ❞

စသည်ဖြင့် ပတ်ဝန်းကျင်က မတန်တဆ ဝေဖန်နှိမ့်ချပြောဆိုတဲ့စကားတွေကို ကြုံတွေ့ခံစားဖူးကြတဲ့သူတွေအတော်လေးရှိကြပါလိမ့်မယ် ။ ဒီလိုမျိုး တစ်ဖက်လူကိုနှိမ့်ချပြောဆိုတတ်တဲ့သူတွေရှိတဲ့ပတ်ဝန်းကျင်က ကျွန်မတို့တွေအတွက် တော့ အတော်လေးစိတ်နာကျင်မှုရစေမဲ့ Toxic Community တစ်ခုပဲဖြစ်ပါတယ်။ 🔎

ဒီလိုမျိုး အနာတရတွေပေးတတ်တဲ့ပတ်ဝန်းကျင်တစ်ခုမှာ ရေရှည်ဆက်ပြီးတည်ရှိနေမယ်ဆိုရင် ကြာလာတာနဲ့အမျှ ကိုယ့်ရဲ့ချို့ယွင်းချက်ကိုဖိနှိပ်ခံရတာ၊ အပယ်ခံရတာတွေ ။ ဝိုင်းပြီးအနိုင်ကျင့် Bully လုပ်ခံရတာတွေ ။ Body Shaming လုပ်ပြီး ကိုယ်ဘာလုပ်လုပ် မျက်စိတောက်ထောက်ကြည့်ပြီးပြောဆိုတာတွေ စတာတွေကို အနှေးနဲ့အမြန် ရင်ဆိုင်ကြုံတွေ့လာရပါတယ်။ 🤚🏻

ဒီလိုကနေ ပြီးတော့ ကြာလာလေလေတစ်ဖက်လူ ပြောစကားကိုနားယောင်လာပြီး ၊ ငါတကယ်ပဲ သူတို့ပြောသလိုဖြစ်နေပြီလား ဆိုပြီးတွေးမိလာမယ် ။ သူတို့ပြောသမျှစကားတိုင်းကလူကိုထိခိုက်နာကျင်စေပြီး ကိုယ့်ကိုကိုယ် မလိုချင်လာတဲ့ထိ ဖြစ်လာမယ်။ နောက်ဆုံး  Depression , Anxienty , Panic Attack အပြင် Suicidal Thought စတာ တွေပါ ဖြစ်လာတဲ့ထိ ဆိုးရွားလာနိုင်ပါတယ် ။ 

ဒီလိုမျိုးပြောဆိုကြတဲ့ပတ်ဝန်းကျင်ကလည်း သူစိမ်းတွေသာမကပဲ ကိုယ်နဲ့အရင်းနှီးဆုံးမထင်ထားတဲ့သူငယ်ချင်းမိတ်ဆွေတွေလည်းဖြစ်နိုင်သလို ၊ မိသားစုဝင်အချင်းချင်းထဲကလည်း ဖြစ်နိုင်ပါတယ်။  ဒါကြောင့် ကိုယ်ဘာပဲလုပ်လုပ် ထောက်ခံအားပေးမဲ့အစား ၊ အမြဲလိုလိုမကောင်းပြော ၊ Body Shaming လုပ်နေတဲ့ လူတွေကိုရင်ဆိုင်လာရရင်  အကောင်းဆုံးလုပ်နိုင်တာက လျှစ်လျှုရှုလိုက်တာ နဲ့ ၊ အဲ့လူတွေနားက ထွက်သွားလိုက်တာပါပဲ ။ ✅ 

💬 သူတို့တွေရဲ့ လူတစ်ဖက်သားကို နာကျင်စေတဲ့ ပြောစကားတွေကို ခေါင်းထဲမဝင်အောင် ၊ မတွေးမိနေအောင်အတတ်နိုင်ဆုံးကြိုးစားသင့်ပြီး ၊ Toxic Society  ကနေ ရုန်းထွက်ပြီး ကောင်းတဲ့သူတွေ အနားမှာသာနေထိုင်ဖို့လိုအပ်ပါတယ်။  

အကယ်၍ ကိုယ်ကနှစ်အတော်ကြာအောင် ခံစားခဲ့ရလို့ ဒါဏ်ရာအနာတရလေးတွေရင်ထဲမှာဖြစ်နေပြီမို့ သက်သာပျောက်ကင်းအောင် Healing Therapy  လေးတွေ လိုအပ်နေပြီဆိုရင်တော့ Counseling ကို စနစ်တကျ လုပ်ဆောင်လို့ရတဲ့ Call Me Today က လူကြီးမင်းတို့အတွက် အသင့်ရှိနေပေးမှာပဲ ဖြစ်ပါတယ် ။ 💁🏻‍♀️🌿

 Call Me Today ဖုန်းနံပါတ်သို့ ရုံးချိန်အတွင်းဖြစ်စေ၊ Website ကနေဖြစ်စေ အချိန်မရွေးပိတ်ရက်မရှိ မြန်မာနိုင်ငံသားများအားလုံး ပြည်တွင်းပြည်ပဘယ်ကနေမဆို Online Counseling ရယူနိုင်ပါတယ်ရှင်။

Categories

Other trending posts

1/11
bottom of page