❝ Narcissist Person တွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီဆိုတာကိုဘယ်လိုသိနိုင်မလဲ ? ❞
top of page

❝ Narcissist Person တွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီဆိုတာကိုဘယ်လိုသိနိုင်မလဲ ? ❞


ဒါကို အရင်ဆုံး မပြောပြချင်မှာ Narcissist Person ဆိုတာဘာလဲ ဆိုတာကို မသိသေးတဲ့သူတွေအတွက် အရင်ဆုံးအနည်းငယ်ကို ပြောပြပေးသွားပါရစေရှင့် ။ ✔️ 

✅ Narcissist Person ဆိုတာကတော့ ဘေးပတ်ဝန်ကျင်းကသူတွေရဲ့ ခံစားချက်တွေ ၊ လိုအပ်ချက်တွေကိုလျှစ်လျူရှုထားတတ်ပြီး၊ ကိုယ့်ကိုကိုယ်အတွက်သာအလွန်အမင်းတွေးတောနေတတ်တဲ့လူမျိုးပဲ ဖြစ်ပါတယ် ။ ဒါ့အပြင်သူတို့ရဲ့အပြုအမူတွေကတခြားသူတွေအပေါ်ကိုဘယ်လိုမျိုးအကျိုးသက်ရောက်မှုတွေရှိနေလဲ ဆိုတာကိုလည်း နားမလည်ကြပါဘူး ။ 

💁🏻‍♀️Narcissist Person တွေရဲ့ အမူအကျင့်တွေကတော့  - 

✔️သူတို့ကိုယ်သူတို့အခြားသူတွေထက်ကောင်းမွန်တဲ့အကျိုးခံစားခွင့်တွေနဲ့ထိုက်တန်တယ် ဆိုပြီး ယုံကြည်နေတတ်ကြပါတယ်။ ဒါ့အပြင်  အမြဲလိုလိုသူများထက်သာလွန်တယ်လို့တွေးနေတတ်ပြီး ၊ ပြသနာတွေရင်ဆိုင်ရရင်လည်း သူတို့ကိုယ်သူတို့မမှားဘူးလို့ပဲ မြင်တာမလို့ တစ်ဖက်သူကိုဆဲဆိုရိုင်းစိုင်းတာတွေ ၊ အနိုင်ကျင့်တာတွေလုပ်တတ်ကြပါတယ် ။ 

✔️Relationships တွေမှာဆိုရင်လည်း တစ်ဖက်သူကို Manipulate လုပ်နိုင်ကြပါတယ် ။ အစပိုင်းမှာတော့ ကောင်းတဲ့သူတစ်ယောက်အနေနဲ့ မြင်လာအောင် ၊ကိုယ်နဲ့နေရာတာကိုစိတ်ကျေနပ်မှုရှိအောင်၊အထင်ကြီးလာအောင်လုပ်ဆောင်တတ်ပြီး နောက်ပိုင်းမှာတော့ သူတို့ရဲ့လိုအပ်ချက်တွေ သူတို့ကိစ္စကိုသာခေါင်းထဲထည့်ပြီး တစ်ဖက်လူကို လိုသလို ထိန်းချုပ်ခြယ်လှယ်တတ်ကြပါတယ် ။

✔️အမြဲလိုလိုချီးကျူးခံရတာ ၊ မြှောက်ပင့်ပြောဆိုတာတွေကိုသဘောကျတတ်ကြပါတယ်။ လူတိုင်းအမြှောက်ကြိုက်တယ်ဆိုပေမဲ့ Narcissist တွေကတော့မတူပါဘူး ။ ခဏခဏဆိုသလို သူတို့ရဲ့အောင်မြင်မှုတွေကိုကြွားဝါတတ်ပြီး ၊ ချဲ့ကားပြောဆိုတတ်ပြီး ၊ အဲ့လိုပြောတဲ့အခါမှာလည်းသူ့ကို ချီးမွမ်းပြောဆိုတာကိုခံချင်ကြပါတယ် ။ 

✔️အဆိုးဆုံးကတော့ Narcissist တွေက အခြားသူတွေရဲ့ လိုအပ်ချက်တွေ ၊ လိုအင်တွေနဲ့ ခံစားချက်တွေကို စာနာလိုစိတ်ရော ၊ စာနာပေးနိုင်စွမ်းရောမရှိကြပါဘူး ။ သူတို့ပြုလုပ်လိုက်တဲ့ အပြူအမူတွေကြောင့် တစ်ဖက်လူကထိခိုက်နာကျင်သွားရင်တောင် သူတို့ကတာဝန်ယူဖို့စိတ်ကူးမရှိကြဘူး။ 

ဒီလိုမျိုး Narcissistic အကျင့်စရိုက်ရှိတဲ့သူတွေက ကိုယ့်ရဲ့မိသားစု၊သူငယ်ချင်း၊သမီးရည်းစား စတဲ့ အသိုင်းအဝိုင်းတွေထဲမှာရှိနေတတ်ကြပါတယ် ။ ဒါကြောင့် ဒီလိုမျိုးသူတွေနဲ့ကြုံတွေ့နေရင်တော့ နောက်ဆက်တွဲအနေနဲ့  စိတ်မလုံခြုံဖြစ်လာရတာတွေ ၊ ကိုယ့်ကိုကိုယ် မမှားမှန်းသိသိနဲ့ အပြစ်တင်မိလာတာမျိုးတွေ ၊ ကိုယ်ကပဲမကောင်းတဲ့သူလို မြင်စေတာမျိုးတွေ ဖြစ်လာနိုင်ပါတယ် ။ 

 ဒါကြောင့် ကိုယ့်အနေနဲ့ အတတ်နိုင်ဆုံး Narcissist Person  တွေကို ရှောင်နိုင်ဖို့လိုအပ်ပါတယ် ။ အကယ်၍ကိုယ့်ပတ်ဝန်းကျင်မှာရှိနေပြီး နေ့စဉ် ပြောဆို ဆက်ဆံဖို့ အကြောင်းအရင်းတွေရှိတယ်ဆိုရင်တော့ - 

✔️Narcissism အကြောင်းကိုစနစ်တကျလေ့လာပါ ။ 

✔️လိုအပ်တဲ့ Boundaries  တွေကို ရှင်းရှင်းလင်းလင်းနဲ့ အတတ်နိုင်ဆုံးထားထားပါ ။ 

✔️သူတို့ရှေ့မှာဆို ကိုယ့်ရဲ့ Self esteem  ကိုမြှင့်တင်ထားပါ ။ ထုတ်ဖော်ပြောဆိုဖို့ဝန်မလေးပါနဲ့ ။ 

✔️ရန်ဖြစ်ရတာမျိုးကြုံရရင် စိတ်ကိုတည်ငြိမ်အောင်ထားပြီး ဖြေရှင်းပါ ။ မတုန်လှုပ်ပါနဲ့ ။ 

✔️စိတ်ပိုင်းဆိုင်ရာကိုယ့်ဘက်က Support ပေးနိုင်တဲ့ သူတွေအနားမှာနေထိုင်ပါ ။ 

တကယ်လို့ ကိုယ်တိုင် Narcissistic Personality  ရှိနေတယ် လို့ခံစားနေရပြီဆိုရင်တော့ အတတ်နိုင်ဆုံးပြောင်းလဲနိုင်အောင်ကြိုးစားသင့်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာကြုံတွေ့နေရရင်တော့ အမြန်ဆုံး ပြောင်းလဲဖို့လိုအပ်ပါတယ်လို့ အကြံပေးလိုက်ရပါတယ်ရှင့် ။ 

စိတ်နှလုံးကျန်းမာဖို့အတွက် ရင်ဖွင့်ပြောဖို့ရာ Counseling ကို စနစ်တကျ လုပ်ဆောင်ချင်ရင်တော့  Call Me Today က လူကြီးမင်းတို့အတွက် အသင့်ရှိနေပေးမှာပဲ ဖြစ်ပါတယ် ။ 💁🏻‍♀️🌿

Call Me Today ဖုန်းနံပါတ်သို့ ရုံးချိန်အတွင်းဖြစ်စေ၊Website ကနေဖြစ်စေ အချိန်မရွေးပိတ်ရက်မရှိ မြန်မာနိုင်ငံသားများအားလုံး ပြည်တွင်းပြည်ပဘယ်ကနေမဆို Online Counseling ရယူနိုင်ပါတယ်ရှင်။

Categories

Other trending posts

1/11
bottom of page