❝ Eating Disorder တဖြေးဖြေးအစပျိုးလာနေပြီလား ❞❓
top of page

❝ Eating Disorder တဖြေးဖြေးအစပျိုးလာနေပြီလား ❞❓


ဒီရက်ထဲမှာ ကိုယ့်ကိုကိုယ်Eating Disorder ဖြစ်နေရပြီလို့ ခံစားနေရလား ရှင့် ။ ဆိုတော့ ပထမဆုံးအနေနဲ့ မသိသေးသူတွေအတွပ် Eating Disorder  ဆိုတာဘာလဲ ❗️ 

✅ Eating Disorder  ဆိုတာကတော့ စိတ်ပိုင်းဆိုင်ရာရော ၊ ရုပ်ပိုင်းဆိုင်ရာပါ တကယ်ကိုစိတ်ပူရတဲ့ စားသောက်တဲ့ပုံစံနဲ့ပတ်သတ်တဲ့ကျန်းမာရေးအခြေအနေတစ်ခုပဲဖြစ်ပါတယ် ။ ED Type တွေအမျိုးမျိုးရှိပေမဲ့ အဓိကကတော့ အစားအသောက် စားတဲ့အခါ သာမာန်နဲ့မတူပဲ ပုံမမှန်စွာပြင်းပြင်းထန်ထန်စိတ်ပူရလောက်အောင်ပြောင်းလဲနေတဲ့ Disorder  လို့ပြောလို့ရပါတယ် ။ သေသေချာချာကုသမှုမခံယူဘူးဆိုရင်တော့ အဆိုးဆုံးအနေအထား ဆုံးပါးသွားစေနိုင်လောက်တဲ့ထိ ဖြစ်တတ်ကြပါတယ် ။ 

✅ ED က ဘာကြောင့် ဖြစ်ပေါ်လာရတာလဲ ? 

✔️ အဖြစ်အများဆုံး Eating Disorder  တွေကတော့ Anorexia / Bulimia နဲ့ Binge-eating Disorder တို့ဖြစ်ပါတယ် ။ အများစုကတော့ ကိုယ့်ရဲ့ ကိုယ်အလေးချိန်၊ ခန္ဓာကိုယ်ပုံသဏ္ဍာန်နဲ့ စားနေတဲ့အစားအစာတွေအပေါ် လိုတာထက်ပိုပြီးအလွန်အကျွံအာရုံစိုက်နေတာတွေကြောင့် ဖြစ်လာတတ်ပါတယ် ။ ဒါ့အပြင် စိတ်ဒဏ်ရာတွေ ၊ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှု၊ နဲ့ အခြားစိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများကြောင့်လည်း အစားအသောက်ပုံမမှန်ခြင်း ဖြစ်နိုင်ချေကို တိုးလာစေပါတယ် ။ 

✔️မကြာခဏ Dieting လုပ်တာ ၊ ကိုယ့်ကိုကိုယ် အစာငတ်ခံတာတွေကြောင့်လည်း ED တွေကိုပိုပြီးဖြစ်လာစေပါတယ် ။. ကိုယ့်ကိုကိုယ်အစာငတ်ခံခြင်း ( Starving ) လုပ်တာက ဦးနှောက်ကို ထိခိုက်စေပြီးတော့ စိတ်အပြောင်းအလဲတွေ ဖြစ်လာတာ ၊ စိတ်ပူပန်မှုတွေ ဝင်လာနိုင်ပြီး ၊ အစာစားချင်စိတ်ကို ပါ တဖြေးဖြေးလျော့ကျစေနိုင်ပါတယ် ။ 

✔️ဒါ့အပြင် ကိုယ့်ရဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်း ရဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ် / Weight / ပုံပန်း စတာတွေအပေါ်မှာ Shaming လုပ်ကြတာ ၊ လှောင်ကြပြောင်ကြတာတွေကြောင့်ရယ် ၊ အခြားသော အဖက်ဖက်က Stress တွေများလာတဲ့အခါမှာလည်း ED တွေဖြစ်လာနိုင်ပါတယ် ။ 

✅ED ရဲ့ Symptoms  တွေကတော့ 

▪️အစားအသောက်ကိုမစားပဲ အကြောင်းပါချက်တွေပေးလာတာ ။မိသားစု စားတာမျိုးမဟုတ်ပဲ ကိုယ့်ဘာသာစားဖို့ အစားအစာတွေလုပ်စားတာ ။ 

▪️စနစ်တကျ Professional  ကလုပ်ပေးထားတာမဟုတ်တဲ့ အရမ်းကိုပြင်းထန်တဲ့ Diet တွေကိုလုပ်နေတာ ။ 

▪️ ပါတီပွဲတွေ ၊ တွေ့ဆုံပွဲတွေ လိုမျိုး အပြင်စာအစားအသောက်တွေကျွေးတဲ့နေရာတွေကိုမသွားပဲနဲ့ ကျန်းမာရေးနှင့်ညီညွတ်အောင် စားဖို့ ကိုပဲအလွန်အကျွံကြီးအာရုံစိုက်နေတာ ။ 

▪️အဝလွန်နေလား  ၊ စားနေတာတွေက Unhealthy ဖြစ်နေလား ၊ ကယ်လိုရီများနေပြီလား ဆိုတဲ့ အကြောင်းတွေကိုပဲ အမြဲလိုလို ညည်းညူစိုးရိမ်နေတတ်ပြီး ၊ မကြာခဏ ကိုယ်အလေးချိန်လျှော့ချဖို့ကိုပဲ ပြောနေတတ်ပါတယ် ။ မှန်ကိုလည်းခဏခဏကြည့်ပြီး ကိုယ့်ရဲ့ပြစ်ချက်တွေကိုပဲတွေးနေတတ်ပါတယ် ။ 

▪️အစားအသောက်တွေကိုခိုးပြီးစားတာမျိုး (ဒါမှမဟုတ် ) အစားအစာအများကြီးကို ထပ်ခါထပ်ခါ စားမိတာမျိုး ။ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် အစားအသောက်ဖြည့်စွက်စာတွေ ၊  ဝမ်းနုတ်ဆေးတွေသောက်တာ မျိုး ။ 

▪️သာမန်လူထက် အများကြီးပိုပြီး ထိခိုက်ဒဏ်ရာရတဲ့ထိ အလွန်အကြူးလေ့ကျင့်ခန်းလုပ်နေမိတာ ။ လေ့ကျင့်ခန်းဆော့ဖို့မလိုတဲ့အနေအထားဖြစ်နေတာတောင် အားတာနဲ့ ဝိတ်ကျစေဖို့ လေ့ကျင့်ခန်းလုပ်ဖို့ပဲပြင်နေတာ ။ 

▪️အစားစားပြီးတာနဲ့ ချက်ချင်း Guilty ဖြစ်လာပြီး ချက်ချင်း စားထားသမျှတွေပြန်အန်အောင် လက်ထိုးအန်တာ စတဲ့ လက္ခဏာတွေဖြစ်တတ်ပါတယ် ။ 

🔺 ED နဲ့ပတ်သတ်ပြီးတော့ ဘယ်လိုမျိုးဖြစ်တတ်၊လုပ်တတ်တယ်ဆိုတာကို သိရှိလိုတယ်ဆိုရင် To The Bone (2017) ဆိုတဲ့ ဇာတ်ကားမှာလည်းပဲ သွားရောက်လေ့လာကြည့်ရှုလို့ရပါသေးတယ်ရှင့် ။ 

ဒါကြောင့် ကိုယ့်မှာလက်ရှိ ဒီလို လက္ခဏာတွေနဲ့ရင်ဆိုင်နေရတယ်ဆိုရင်တော့ စနစ်တကျ ဆရာဝန်တွေ နဲ့အတူကုသမှုခံယူဖို့မမေ့ပါနဲ့ရှင့် စိတ်နှလုံးကျန်းမာဖို့အတွက် ရင်ဖွင့်ပြောဖို့ရာ Counseling ကို စနစ်တကျ လုပ်ဆောင်ချင်ရင်တော့  Call Me Today က လူကြီးမင်းတို့အတွက် အသင့်ရှိနေပေးမှာပဲ ဖြစ်ပါတယ် ။ 💁🏻‍♀️🌿

Call Me Today ဖုန်းနံပါတ်သို့ ရုံးချိန်အတွင်းဖြစ်စေ၊Website ကနေဖြစ်စေ အချိန်မရွေးပိတ်ရက်မရှိ မြန်မာနိုင်ငံသားများအားလုံး ပြည်တွင်းပြည်ပဘယ်ကနေမဆို Online Counseling ရယူနိုင်ပါတယ်ရှင်။

Categories

Other trending posts

1/11
bottom of page