❝ အဖြစ်များလာတဲ့ Disorder တစ်မျိုးဖြစ်တဲ့ Social Anxiety Disorder ❞ ✅
top of page

❝ အဖြစ်များလာတဲ့ Disorder တစ်မျိုးဖြစ်တဲ့ Social Anxiety Disorder ❞ ✅


Social Anxiety Disorder  ဆိုတာကတော့ Anxiety Disorder အမျိုးအစားတွေအများကြီးထဲကမှ အဖြစ်များတဲ့ Disorder တစ်ခုပဲဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာဆိုရင် ဆယ်ကျော်သက်လူငယ်တွေကြားမှာအဖြစ်များရုံသာမက လူလတ်ပိုင်းတွေထဲမှာလည်း ဖြစ်လာကြတဲ့ Disorder တစ်မျိုးလည်းဖြစ်တာမလို့ ဗဟုသုတသိရှိစေဖို့ရာအတွက် ပြောပြလိုက်ရပါတယ်ရှင့်။ 

✅ Social Anxiety Disorder  ဆိုတာကတော့ Public မှာ စကားပြောဆိုရတဲ့အခါ ၊ လူသစ်တွေနဲ့တွေ့ဆုံရတဲ့အခါ ၊  အင်တာဗျူးတွေဖြေဆိုရတဲ့အခါ ၊ လူကြားထဲ မေးခွန်းတွေမေးခံရတဲ့အခါမျိုးတွေ နဲ့  စျေးဝယ်ချိန် Cashiers  ကို စကားပြောရတဲ့အခါ ၊ လူတွေကြားမှာ ကိစ္စတစ်ခုခုကိုလုပ်ဆောင်ရတဲ့အခါ စတဲ့ Social Situations တွေနဲ့ ရင်ဆိုင်လာရတဲ့အခါတွေမှာ လူတွေက ကိုယ့်ကိုများ Judge လုပ်နေကြမလား ၊ ကိုယ့်ကိုဝေဖန်ပြောဆိုနေကြမလား ၊ အရှက်ရစရာတွေများ လုပ်မိသွားမလား ဆိုတဲ့စိတ်နဲ့ သာမန်ထက်ပိုတဲ့ စိုးရိမ်ပူပန်မှုတွေ ၊ ထိန်းချုပ်မရပဲ ကြောက်စိတ်တွေ ဝင်လာတာပဲဖြစ်ပါတယ်။ 

အချို့သောလူတွေအတွက် ဒီကြောက်စိတ်ကြီးက အလုပ်သွား၊ ကျောင်းတက်တာ စတဲ့ နေ့စဉ်လုပ်ဆောင်မှုတွေကိုတောင်မှ မလုပ်ဆောင်နိုင်လောက်အောင်ကို ဖြစ်နေတတ်ပါတယ်။  အချို့လူတွေအတွက်ကတော့ ဒီလိုနေ့စဉ်လှုပ်ရှားမှုတွေကိုလုပ်နိုင်ကြပေမဲ့ လုပ်နေတဲ့အချိန်တစ်လျောက်မှာတော့ စိုးရိမ်ပူပန်မှုနဲ့ကြောက်စိတ်တွေအများကြီးဖြစ်ပေါ်နေတတ်ပါတယ်။ 

တစ်ခါတစ်လေကျရင် အကြောင်းကိစ္စတွေရှိလို့အပြင်သွားရမဲ့နေရာတွေရှိရင် သွားရမဲ့ရက်မတိုင်ခင်တစ်ပါတ်လောက်အလိုထဲက အဲ့ရက်အတွက်ကြိုပြီး အဲ့နေ့အဆင်ပြေပါ့မလား ၊ ကိုယ့်ကိုဝိုင်းပြီးဝေဖန်နေကြမလား ၊ ရှက်စရာကောင်းတာတွေများလုပ်မိသွားမလား စသည်ဖြင့် စိုးရိမ်ပူပန်စွာ ကြိုတွေးနေတတ်ကြပြီး နောက်ဆုံး အဲ့ရက်၊အဲ့နေရာကို စိတ်ဖိစီးပြီး မသွားဖြစ်တော့တာမျိုးတွေထိလည်းဖြစ်တတ်ကြပါတယ်။ 

ဒါဆို Social Anxiety  ကိုယ့်မှာရှိနေလားမရှိနေလားကိုဘယ်လိုသိနိုင်မလဲ ❓ 

✔️လူသစ်များနှင့်တွေ့ဆုံတာ ၊ စကားစတင်ပြောဆိုရတာ ၊  ဖုန်းကနေတဆင့်ပြောဆိုရတာ ၊ ဒါမှမဟုတ် ဈေးဝယ်တဲ့အခါ စားသောက်ဆိုင်မှာ မုန့်မှာတဲ့အခါ အဲ့လိုမျိုး  Daily Activities တွေကို လုပ်ဖို့ ခက်ခဲနေတဲ့ထိ စိတ်ထဲကစိုးရိမ်ကြောက်လန့်နေတာ ။ 

✔️ လူသစ်တွေနဲ့ အဖွဲ့လိုက်စကားထိုင်ပြောကြရတာတွေ ၊ Relationship ပိုင်းမှာ လူတွေနဲ့ Date လုပ်တဲ့အခါတွေ ၊  ကုမ္ပဏီကလုပ်တဲ့ပါတီပွဲတွေ ၊ လူအမျာကြီးရှိတဲ့နေရာတွေ စတဲ့ နေရာတွေကို မသွားခင်ထဲက ကြိုတင်စိတ်ဖိစီးနေပြီး ကြောက်နေမိလို့ နောက်ဆုံး သွားဖို့ကိုငြင်းဆိုလိုက်ပြီး ရှောင်နေမိတာ ။ 

✔️သူများတွေကိုယ့်ကိုကြည့်နေရင် ဘာအလုပ်မှ မလုပ်နိုင်တာ ။ ကိုယ့်စိတ်ထဲ ကိုယ့်ကိုအပြစ်များပြောမလား ၊ သူများတွေကြည့်နေမှ ငါအမှားတွေ ရှက်စရာကောင်းတာတွေ လုပ်မိမလား  ဆိုတဲ့စိတ်နဲ့ ကြောက်လန့်နေတာ ။ 

✔️သူများဆီကနေဝေဖန်ခံရမှာကို ကြောက်ရွံ့တာ  ၊ မျက်လုံးချင်းဆုံရမှာကြောက်ပြီး ကိုယ့်ကိုကိုယ် အထင်ကြီးတာမျိုးမရှိပဲ confidence  လျော့နည်းတာ ။ 

✔️ Social Interaction  တွေ လုပ်ရတဲ့အခါတွေမှာ ကြောက်လာတာနဲ့အမျှချွေးတွေအရမ်းထွက်လာတာ ၊ လူကပါတုန်လှုပ်နေပြီး နှလုံးခုန်မြန်ပြီးရင်တုန်လာတာ ၊ တစ်ခါတစ်လေ Panic Attack တွေထိဖြစ်လာတာ။ 

‼️ ဒီလိုမျိုးအနေအထားတွေ အဖြစ်အပျက်တွေ အချက်တွေနဲ့ကြုံတွေ့နေရပြီဆိုရင်တော့ ကိုယ့်မှာ Social Anxiety Disorder ဖြစ်နေပြီပဲဖြစ်ပါတယ်။  ဒီလိုမျိုးကြုံတွေ့ခံစားနေရဆိုရင် ကိုယ့်ရဲ့ဘဝနေထိုင်မှုကိုလည်း တဖြေးဖြေးထိခိုက်လာနိုင်ပြီး ကြာလာတာနဲ့အမျှပိုဆိုးလာနိုင်ပါတယ် ။ ဒါကြောင့်မလို့ လုံးဝကိုမပေါ့ဆသင့်တော့ပဲ ချက်ချင်းသက်ဆိုင်ရာ  Therapist, Counselor ဒါမှမဟုတ် Psychiatrist  တွေဆီကိုသွားရောက်ပြီး လိုအပ်တဲ့  Treatment  ဒါမှမဟုတ် Counseling Session  တွေယူပြီး သက်သာပျောက်ကင်းအောင်လုပ်ဆောင်သင့်ပါတယ် ။ 

ဒီ့အတွက် စိတ်နှလုံးကျန်းမာဖို့အတွက် ရင်ဖွင့်ပြောဖို့ရာ Counseling ကို စနစ်တကျ လုပ်ဆောင်ချင်ရင်တော့  Call Me Today က လူကြီးမင်းတို့အတွက် အသင့်ရှိနေပေးမှာပဲ ဖြစ်ပါတယ် ။ 💁🏻‍♀️🌿

 Call Me Today ဖုန်းနံပါတ်သို့ ရုံးချိန်အတွင်းဖြစ်စေ၊Website ကနေဖြစ်စေ အချိန်မရွေးပိတ်ရက်မရှိ မြန်မာနိုင်ငံသားများအားလုံး ပြည်တွင်းပြည်ပဘယ်ကနေမဆို Online Counseling ရယူနိုင်ပါတယ်ရှင်။

Categories

Other trending posts

1/11
bottom of page