Meditation and Peace of Mind
top of page

Meditation and Peace of Mind

လူများဟာ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့အရေးကြီးတယ်ဆိုတာ သိကြပေမယ့် ကိုယ့်ရဲ့စိတ်ကိုလည်း ဂရုစိုက်ပေးရမယ် ဆိုတာကိုတော့ လူတော်တော်များများ မေ့နေတတ်ကြပါတယ်။ လူတွေရဲ့စိတ်နဲ့ကိုယ်ခန္ဓာကချိတ်ဆက်နေပါတယ်။အဲ့လိုပဲ ကိုယ့်ရဲ့ခန္ဓာကိုယ်က ပင်ပန်းနေပြီဆိုရင်လည်း စိတ်ကိုဆိုးကျိုးတွေဖြစ်ပေါ်စေပါတယ်။


တရားထိုင်တယ်ဆိုတာ စိတ်နဲ့အလုပ်တွဲလုပ်ပြီး တည်ငြိမ်မှုနှင့်အေးချမ်းမှုကို ရယူတာပဲဖြစ်ပါတယ်။

တရားထိုင်ခြင်းအားဖြင့် စိတ်ထဲမှာရှိနေတဲ့ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတွေကို လျော့ကြစေပြီး စိတ်ကို ရှင်းရှင်းလင်းလင်းဖြစ်စေပါတယ်။ အဲ့အတွက် အမှားလုပ်တာလည်းနည်းစေပြီး ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကို ပို၍ချမှတ် နိုင်စေပါတယ်။ အကျိုးရှိစေတဲ့ ဆုံးဖြတ်ချက်တွေကြောင့် စိတ်ရော ကိုယ်ပါကျန်းမာစေပါတယ်။


လူတွေဟာအများအားဖြင့် စိတ်အနှောင့်ယှက်ဖြစ်ရင်ကောင်းကောင်းအလုပ်မလုပ်နိုင်ပါဘူး။ လူမှန်ရင် စိတ်ခံစားမှုတော့ရှိမှာ မလွဲမသွေပါပဲ။ ဒါပေမဲ့ စိတ်ရှုပ်နေတဲ့အခါ ပြဿနာသေးသေးလေးကိုတောင် မကိုင်တွယ်နိုင်တော့ပဲပြဿနာအကြီးကြီးလို့ထင်မြင်လာစေပါတယ်။ အဲ့ဒီအနှောင့်အယှက်လေးကနေမှ တခြားပြဿနာတွေ ပေါ်ပေါက်လာစေပြီး ဘယ်အရာကိုမှ အကောင်းမမြင်တော့ဘဲ အခြေအနေတွေကဆိုးရွားလာစေပါတယ်၊၊


လူအများစုဟာအဆိုးဆုံးအခြေအနေတွေမှာဆိုရင် ကောင်းတဲ့အတွေးထက်မကောင်းတဲ့အတွေး

တွေက ပိုပြီးနေရာယူတတ်ပါတယ်။ အဲ့လို Negative Thoughts တွေပေါ်လာပြီဆိုတာနဲ့ အဲ့အတွေးတွေကို ပြောင်းလဲနိုင်အောင် overthinking လည်းမဖြစ်အောင် စိတ်ကိုတည်ငြိမ်လာအောင် ကြိုးစားပြီး စိတ်ကိုသက်တောင့်သက်သာဖြစ်အောင်နေပေးခြင်းသော်လည်းကောင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးခြင်း၊တရားထိုင်ပေးခြင်းဖြင့်စိတ်ပူပန်မှုများလျော့ပါးသက်သာလာစေမှာဖြစ်ပါတယ်။


စိတ်ကို တရားထိုင်ခြင်းဖြင့် တည်ငြိမ်အောင်ထိန်းသိမ်းပါက မိမိကိုယ်ကို နောင်တရစေမယ့် အပြောအဆိုတွေ၊အပြုအမူတွေကိုအချိန်မီရှောင်ကြဉ်နိုင်မှာဖြစ်ပါတယ်။ တရားထိုင်တဲ့အခါမှာတော့ တစ်ခုတည်းမှာပဲ ဦးတည်ထားတဲ့အတွက် စိတ်ကို သက်သောင့်သက်သာ ရှိစေပါတယ်။


မိမိကိုယ်ကို သိထားရမှာတစ်ခုက မကောင်းတဲ့စိတ်ခံစားမှုနှင့် မကျေနပ်မှုတွေက ကိုယ်တင်မက သူများတွေစီပါကူးစေတယ်ဆိုတာပါပဲ။ အခြားသူများကိုအကျိုးပြုခြင်းက ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ စိတ်ခံစားမှုကနေစပါတယ်။ကောင်းမွန်တဲ့စိတ်ခံစားမှုကတစ်ဖန် တရားထိုင်ခြင်းဖြင့် စိတ်တည်ငြိမ်အေးချမ်းမှုကိုဖြစ်လာတာဖြစ်ပါတယ်။


တရားထိုင်ခြင်းက စိတ်ရောကိုယ်ပါ အမှန်တကယ် ကျန်းမာစေပြီး မည်သူမဆို အသက်အရွယ်မရွေး၊ အချိန်မရွေး၊ နေရာမရွေး လုပ်လို့ရတာဖြစ်ပါတယ်။ တရားထိုင်ခြင်းကပြောင်းလဲမှုကိုကိုယ်တိုင်ခံစားရပါလိမ့်မယ်။

Categories

Other trending posts

1/11
bottom of page