Mid Life Crisis က စောစောရောက်လာပြီလား ⚠️❓
top of page

Mid Life Crisis က စောစောရောက်လာပြီလား ⚠️❓

ကျွန်မအနေနဲ့ ဒီရက်ပိုင်းထဲမှာ စိတ်ထဲမှာဝမ်းနည်းနေသလို၊ကိုယ့်ကိုကိုယ် Confidence လည်းမရှိသလိုတစ်ခုခုဆိုရင်ဘာမှလုပ်ချင်စိတ်မရှိပဲပျင်းရိတတ်လာတယ် ။ ညဘက်တွေလည်းအိပ်ပျော်ဖို့ခက်ခဲလာသလို ဘဝရဲ့အကြောင်းပြချက်က ဘာမှန်းသေချာမသိတော့သလိုမျိုး

ဘဝရဲ့အဓိပ္ပါယ်ကလည်းပျောက်ဆုံးလာတယ် ။


အရင်ကလုပ်ခဲ့ဖူး၊ပျော်ခဲ့ဖူးတဲ့ကိစ္စတွေကိုလည်းအခုချိန်မှာစိတ်ဝင်စားမှုမရှိတော့ဘူး။ အရင်ကလောက်ကျွန်မမပျော်တော့ဘူး။ အတိတ်ကအချိန်တွေကသာကျွန်မအတွက်အကောင်းဆုံးအခိုက်အတံ့တွေဖြစ်နေပြီး လက်ရှိမှာတော့စိတ်လှုပ်ရှားတာပျော်ရတာဆိုတာတွေလည်းမရှိတော့ပဲဗလာကျင်းနေတယ်။တစ်ခါတစ်လေဆိုရင် ခန္ဓာကိုယ်ကလည်းဟိုနားနာလိုက်ဒီနားနာလိုက်ဖြစ်လိုက်သေးတယ်။ ငါတော့အသက်ကြီးနေပြီပဲ ငါ့ဘဝကဘာမှလည်းမထူးတော့ပါဘူး၊ငါအခုလုပ်နေတာတွေကမှန်ရောမှန်ရဲ့လား၊ Is This It ? စသည်ဖြင့် ကိုယ့်ကိုကိုယ် မေးခွန်းတွေထုတ်မိလာတယ် ။


သေချာဆုံးဖြတ်ချက်ချရမဲ့ကိစ္စတွေမှာလည်းအလောတကြီးတွေလုပ်မိလာသလို လုပ်သင့်တဲ့ကိစ္စတွေ၊အခွင့်အရေးတွေကိုလည်း တော်ပါပြီဟင့်အင်းမလုပ်ချင်ဘူး ဆိုပြီးငြင်းမိပြန်တယ် ။ တခါတလေကိုယ့်ရဲ့ရုပ်ပန်းသွင်ပြင်ကိုလည်းကိုယ်တအားကြီးဂရုစိုက်ပြီးနေလိုက်၊တခါတလေကျတော့လည်းလနဲ့ချီပြီးဘာမှဂရုမစိုက်ပဲနေမိတယ်။နေ့တိုင်းကအဆင်မပြေတဲ့နေ့ဖြစ်နေပြီး ဘာခံစားချက်ဖြစ်နေမှန်းမသိပဲ လမ်းပျောက်နေသလိုမျိုး ခံစားနေရင်းနဲ့ ကျွန်မကတော့ Midlife Crisis ကိုရောက်ရှိနေတာပဲဖြစ်ပါတယ် ။


အခု စာဖတ်နေကြတဲ့သူတွေကော ကျွန်မလိုမျိုး Midlife Crisis ကိုကြုံတွေ့နေရပြီလားရှင့် ❓





Categories

Other trending posts

1/11
bottom of page