Technique To Start Journaling
top of page

Technique To Start Journaling


Journaling လုပ်ခြင်းဟာ ကိုယ့်အိုင်ဒီယာကို ခြေရာခံနိုင်ဖို့ အကောင်းဆုံးချဉ်းကပ်နည်းပါပဲ။ ယခုအချိန် Social Media ပေါ်မှာ Journaling trend ဖြစ်လာတယ်လို့ ပြောနိုင်ပါတယ်။ ကိုယ်တိုင် Doodles ပုံလေးတွေ ဆွဲ ၊ Sticker လေးတွေ၊ Cute type ဆန်ဆန် ၊ Classic ဆန်ဆန်၊ Vintage ဆန်ဆန် အရောင်လေးတွေသုံးပြီး Journal လေးတစ်ခုဖန်တီးနိုင်ပါတယ် ။ Journal ဖန်တီးတဲ့အခါမှာ စိတ်ဖိစီးမှုများခဏမေ့သွားစေပြီး ငယ်ဘဝက အမှတ်တရတွေ


ပြန်လည်အမှတ်ရလာစေနိုင်ပါတယ်။ Journaling ရေးရန် မိမိကိုယ်တိုင် ကိုယ့်ဘဝအတွက် တစ်ရက်ကို အချိန် ငါးမိနစ်လောက်ပေးသင့်ပါတယ်။ လက်ရှိအချိန်ကာလမှာ စိတ်ရှုပ်စရာတွေ အရင်ကထက် ပိုများတတ်ပါတယ်။ အတွေးတွေရှင်းဖို့ အောင်မြင်သူတွေကျင့်သုံးနေတဲ့ နည်းစနစ်တစ်ခုလည်းဖြစ်ပါတယ်။



အားလုံးသိထားကြတဲ့ Productivity မှာဆရာကြီးတယောက်ဖြစ်တဲ့ Tim Ferriss ကတော့ သူ့ဘဝအမြဲတိုးတက်နေဖို့ သူ့အတွေးတွေအမြဲပြန်သုံးသပ်ဖို့ Jounaling လုပ်တယ်လို့ပြောထားပါတယ်။​ Journaling ရေးတယ် ဆိုတာ အောင်မြင်သူ High-performer တွေကျင့်သုံးလေ့ရှိတဲ့နည်းစနစ်တစ်ခုလည်းဖြစ်သလို နေ့တနေ့ရဲ့ တစ်ရက်တာ မစခင်မှာ မိမိစိတ်ထဲမှာရှိနေတဲ့ ခံစားချက်အတွေးတွေကို ရေးချဖွင့်ထုတ်တာကို Jounaling ရေးတယ် လို့ခေါ်ပါတယ်။ Journaling ရေးတဲ့အတွက် စိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်တယ်၊ အတွေးတွေကို ပိုမိုရှင်းလင်းစေနိုင်သလို၊ ​ကိုယ့်ရဲ့အတွေးတွေကိုလည်းမှတ်တမ်းတင်နိုင်ပြီး ပြန်လည်သုံးသပ်လို့ရနိုင်ပါတယ်။


Journalingရေးဖို့ rule (စည်းမျဥ်း၊စည်းကမ်း)တွေမရှိပါဘူး။ မိမိရဲ့ခေါင်းထဲမှာပေါ်တဲ့အတွေးကို

မနက်အခါမှာ သို့မဟုတ် ညပိုင်းမှ ာများသောအားဖြင့်ရေးကြပါတယ်။ ညမှာ ရေးတဲ့သူအများစုက တစ်ရက်တာမှာ မိမိသင်ယူလိုက်ရတဲ့အရာတွေ၊ အတွေးတွေရေးကြတာများပါတယ်။


Journaling ရေးခြင်းဟာ မိမိဘဝကိုပြန်သုံးသပ်တဲ့နေရာမှာအလွန်အထောက်အကူပြုတာကြောင့် ပုံမှန်လုပ်ဖြစ်လျင်ပိုကောင်းပါတယ်။ Journaling ကိုစတင်လုပ်ဆောင်တော့မယ်ဆိုရင် ပထမဆုံးစိတ်ဖိစီးမှုကင်းကင်းနဲ့ နေ့စဉ်နေ့တိုင်း မိမိကိုယ်တိုင်စိတ်အေးချမ်းစွာ မှတ်တမ်းတင်နိုင်သည့်နေရာကောင်းတစ်ခုရှိပါစေ။

Journaling လုပ်ခြင်းနှင့် ပတ်သက်၍ အရေးကြီးသောအချက်မှာ နေ့စဉ်ရေရှည်လုပ်ဆောင်ရန် လိုအပ်ပါသည်။ မိမိကိုယ်တိုင် စိတ်ဖိစီးမှုဖြစ်လျင်ဘာကြောင့်ဖြစ်လဲဘယ်လိုကျော်လွှားနိုင်မလဲ ကိုသိရှိရန် အရေးအသားနှင့်ထိုးထွင်းသိမြင်မှုများစွာလိုအပ်ပါသည်။ အထိရောက်ဆုံးဖြစ်ရန် Journaling လုပ်ခြင်းကိုအချိန်ကြာမြင့်စွာလုပ်ဆောင်ရပါမည်။ Journaling လုပ်ခြင်းသည် သင်၏ဘဝကိုတိုးတက်စေရန် ရေရှည်မဟာဗျူဟာတစ်ခုဖြစ်ပြီးနေ့ချင်းညချင်းအကျိုးသက်ရောက်စေမည့်အရာမဟုတ်ပါ။ နေ့စဉ်အလေ့အထတခုဖြစ်လာစေရန်ရည်ရွယ်ပါသည်။


Journaling ရေးသားနေစဉ် အခြားအရာများထက် ပို၍လက်တွေ့ကျပြီး ရိုးသားရန်သတိထားပါ။ အကြောင်းအရာ၏ အကောင်းဆုံးနှင့်အဆိုးဆုံးကို စိတ်ကူးကြည့်သည့်အခါ မှလွဲ၍ မိမိလက်ရှိ ဖြစ်ပျက်နေသော အဖြစ်မှန်များကိုလည်း သေချာစွာမှတ်တမ်းတင်ရန်လိုပါသည်။ ဤနည်းဖြင့်မိမိသည် စိတ်ဖိစီးမှုဖြစ်စေသော အခြေအနေကို ဖော်ထုတ် နိုင်မှာဖြစ်ပါသည်။ မိမိရေးသားထားသော Journaling များကိုပြန်လည်ဖတ်ရှုရန် အနည်းဆုံးမိနစ် အနည်းငယ်အချိန်ယူပြန်လည်ဖတ်ရှု့ပါ။ မိမိနေ့စဥ်မပျက်တစ်နှစ်တာလုပ်ဆောင်ခဲ့သည့်အရာများ၊ ခံစားချက်များကိုပြန်လည်သိမြင်ပြုပြင်နိုင်သည့်အတွက်ပိုမိုအောင်မြင်မှုကိုရရှိစေမည်ဖြစ်သည်။




Categories

Other trending posts

1/11
bottom of page