The Powerful Link Between Sport And Mental Health
top of page

The Powerful Link Between Sport And Mental Health


အားကစားလုပ်ခြင်းဟာမိမိရဲ့ခန္ဓာကိုယ်ကိုကျန်းမာကြံ့ခိုင်စေဖို့နဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို တက်ကြွစွာလုပ်ကိုင်ဖို့အထောက်အကူပေးနိုင်တယ်ဆိုတာအားလုံးပဲသိပြီးသားဖြစ်မှာပါ။ လူတစ်ယောက်သည်အားကစားလုပ်ခြင်းဖြင့်စိတ်ကျန်းမာရေးကိုကောင်းမွန်စွာပြောင်းလဲမှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဥပမာ-ပုံမှန်လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာတွေဟာလည်း လေ့ကျင့်ခန်းလုပ်

တာနဲ့ အတူတူပါပဲ။


နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် အမောခံနိုင်တယ်၊ သက်လုံကောင်းလာမယ်။ အရိုးနဲ့ ကြွက်သားကို သန်မာလာစေမယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေမယ်။ မှတ်ဉာဏ်ကောင်းစေတယ်။ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုလွန်ကဲတဲ့ ရောဂါ အစရှိတဲ့ စိတ်ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်။ အားကစားလုပ်ပေးခြင်းဖြင့် စိတ်ဓာတ်ကျခြင်းကို ဖယ်ထုတ်နိုင်တယ်။ စိတ်ဓာတ်ကျတယ်ဆိုတာ လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး ဖြစ်နိုင်ပါတယ်။ နေ့စဉ်ကြုံလာရတဲ့ ပြဿနာတွေကြောင့် စိတ်ဓာတ်ကျနိုင်ပါတယ်။ စိတ်ဓာတ်ကျတဲ့အခါ နေ့စဉ် လုပ်နေရတဲ့ လုပ်ငန်းဆောင်တာတွေမှာ ထိခိုက်လာနိုင်ပါတယ်။ အချိန်ကြာလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာမှာ အခြေအနေဆိုးရွားလာပြီးမိမိကိုယ်ကို ထိခိုက်စေနိုင်ပါသည်။


အားကစားပုံမှန်လုပ်တဲ့သူတွေမှာ စိတ်ဓာတ်ကျတဲ့ ရောဂါလက္ခဏာ ဖြစ်လာနိုင်ခြေ နည်းပါးပါတယ်။ အားကစားလုပ်ပေးခြင်းဖြင့်စိတ်ကိုတည်ငြိမ်စေတယ်။ အားကစားလုပ်နေတဲ့အချိန်မှာ မကောင်းတဲ့ အတွေးတွေ ဝင်မလာနိုင်အောင် တားဆီးပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်းဖြင့် စိတ်ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး စိတ်ပိုင်းဆိုင်ရာ (Mental)ရော ရုပ်ပိုင်းဆိုင်ရာ (Physical) ပါ ခွန်အား ဖြစ်စေပါတယ်။


မိမိတွင် စိတ်ဖိစီးမှုခံစားနေရလျှင် ခေါင်းကိုက်ဝေဒနာခံစားရမယ်။ ရင်ဘတ်အောင့်မယ်၊ အသက်ရှူရကြပ်သလို ခံစားရမယ်။ ညဘက်တွေမှာ ကောင်းစွာ အိပ်မပျော်နိုင်တာ၊ ဆီးမကြာခဏ သွားတာ၊ ဝမ်းလျှောတာ၊ ဗိုက်အောင့်တာ အစရှိသဖြင့် ရုပ်ပိုင်းဆိုင်ရာမှာ ဝေဒနာများဖြစ်ပေါ်တတ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း မှန်မှန်လုပ်ပေးခြင်းဖြင့် ဦးနှောက်ကနေ endorphin ဟော်မုန်းတွေ များစွာထုတ်လွှတ်ပေးနိုင်ပြီး စိတ်ကိုတက်ကြွစေတယ်။ ကြွက်သားတွေကို ပြေလျော့စေတယ်။


စိတ်နဲ့ ကိုယ်ဟာ တစ်ထပ်တည်း ကျတာမို့ စိတ်ပျော်ရွှင်နေမှုဟာ ကိုယ်ကျန်းမာရေးအပေါ်မှာ သက်ရောက်မှု ရှိစေပါတယ်။

အားကစားလုပ်ပေးခြင်းဖြင့် နေ့စဉ် လူမှုဘဝလုပ်ငန်းဆောင်တာများပိုမိုတိုးတက်လာစေပါသည်။ မိမိကိုယ်ကို ယုံကြည်မှုရှိစေတယ်။ ညဘက်တွေမှာလည်းကောင်းမွန်စွာအိပ်စက်အနားယူအိပ်ပျော်စေပါတယ်။တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေပြီး အားအင်အပြည့်ရှိစေတယ်။ မှတ်ဉာဏ်ပိုကောင်းစေပါတယ်။ စိတ်ကို တည်ငြိမ်စေကာ အာရုံစူးစိုက်နိုင်မှုပိုမိုကောင်းမွန်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေပြီး စိတ်ပျိုကိုယ်နုစေမှာဖြစ်ပါသည်။


Categories

Other trending posts

1/11
bottom of page