ကျွန်မတို့တွေရင်ဖွင့်ပြောဆိုတဲ့အခါ …. 🗣️💭
top of page

ကျွန်မတို့တွေရင်ဖွင့်ပြောဆိုတဲ့အခါ …. 🗣️💭

Updated: Dec 12, 2023


လူတိုင်းလူတိုင်းမှာ သူတို့ရဲ့ဘဝတစ်လျှောက်မှာ ပြသနာတွေ၊အခက်အခဲတွေ၊စိတ်ညစ်စရာတွေဆိုတာရှိတတ်ကြပါတယ်။ ဒီလိုမျိုးကိုယ့်ရဲ့ဘဝမှာ အခက်အခဲပြသနာတွေရှိလာတဲ့အခါ စိတ်မွန်းကျပ်မှုတွေလည်းစတင်ပြီးဖြစ်ပေါ်လာကြပါတယ်။ဒီလိုမျိုးတစ်ယောက်ထဲ မွန်းကျပ်ပြီးနေနေတာ က ပိုပိုပြီးစိတ်ပိုင်းဆိုင်ရာအဆင်မပြေဖြစ်လာတတ်တာမလို့ ကျွန်မတို့တွေဟာ ရင်ဖွင့်ပြောဆိုဖို့လိုအပ်ပါတယ်ရှင့်။


✅ ဒီလိုမျိုး ကျွန်မတို့တွေ ရင်ဖွင့်ပြောဆိုခြင်း အားဖြင့် -


▪️ကိုယ့်ရဲ့အခက်အခဲ၊စိတ်ခံစားချက်တွေကိမျိုသိပ်ထားလို့မွန်းကျပ်နေရတဲ့ခံစားချက်ကနေ လွှတ်ချလိုက်ရသလိုမျိုးပေါ့ပါးသွားပြီးစိတ်သက်သာရာရသွားပါလိမ့်မယ်။

▪️ပြသနာတွေကိုရင်ဖွင့်ပြီးဆွေးနွေးတိုင်ပင်မယ်ဆိုရင်လည်း ကိုယ့်တစ်ယောက်ထဲအပင်ပန်းခံနေရမဲ့အစား အကြံဉာဏ်ဖြစ်စေ၊အကူအညီဖြစ်စေရနိုင်ပါတယ်။

▪️ဒါ့အပြင် ကိုယ့်အနားမှာကိုယ့်အတွက်နားထောင်ပေးတဲ့သူရှိတဲ့အခါအထီးကျန်တာတွေလည်းဖြေးဖြေးချင်းလျော့ပါးလာပြီး၊ကိုယ့်ကိုကိုယ်ယုံကြည်မှုရရှိလာပါလိမ့်မယ်။


✅ အကယ်၍ ကိုယ့်ကိုတစ်ယောက်ယောက်ကရင်ဖွင့်ပြောဆိုတဲ့အခါမှာ-

“ဒီလောက်လေးကဘာမှမဟုတ်ပါဘူး “

“ငါ့တုန်းကဆိုရင် အဲ့ထက်တောင်ပိုဆိုးတယ်”

“ငါနင့်ကိုပြောခဲ့သားပဲ … “

“နင်ကိုက ဒီလိုမျိုးဖြစ်နေတာ “ စတဲ့ စကားတွေပြန်မပြောဖို့လိုအပ်ပါတယ်။ဒါတွေကကိုယ့်ကိုရင်ဖွင့်ပြောလာတဲ့သူတွေအတွက် နောက်တစ်ခါထပ်ပြီးလာမပြောရဲဖြစ်စေမဲ့စကားတွေပဲဖြစ်ပါတယ် ။ ဒါကြောင့် ကိုယ့်ကိုရင်ဖွင့်ပြောဆိုလာတဲ့သူကို သေချာနားထောင်ပေးပြီးအတတ်နိုင်ဆုံးအကူညီပေးအကြံပေး၊မပေးနိုင်ရင်လည်းသူ့ဘေးမှာကိုယ်

ရှိနေကြောင်း၊အဆင်ပြေပြေဖြစ်သွားအောင်လုပ်နိုင်မှာဖြစ်ကြောင်းစသည်ဖြင့်တစ်ဖက်လူရဲ့စိတ်ထဲတည်ငြိမ်သွားအောင်ပြောပြပေးဖို့လိုအပ်ပါတယ်။


💬 အကယ်၍ကိုယ်ကမိဘ၊မောင်နှမ၊သူငယ်ချင်းစတာတွေကိုရင်ဖွင့်ပြောဆိုချင်စိတ်မရှိတာမျိုး၊

ဒါမှမဟုတ်အခြားသောရင်ဖွင့်စရာလူမရှိတာမျိုးဆိုရင်တော့ Call Me Today က လူကြီးမင်းတို့အတွက် အသင့်ရှိနေပါတယ်။


ကိုယ်ရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေအတွက် ရင်ဖွင့်ပြောဖို့ရာ Counseling ကို စနစ်တကျ လုပ်ဆောင်ချင်ရင်တော့ Call Me Today ဖုန်းနံပါတ်သို့ ရုံးချိန်အတွင်းဖြစ်စေ၊Website ကနေဖြစ်စေ အချိန်မရွေးပိတ်ရက်မရှိ မြန်မာနိုင်ငံသားများအားလုံး ပြည်တွင်းပြည်ပဘယ်ကနေမဆို Online Counseling ရယူနိုင်ပါတယ်ရှင်။


☎️: 09-5131873

Categories

Other trending posts

1/11
bottom of page