စိတ်ဖိစီးမှုတွေကြောင့်ဖြစ်ပေါ်လာရတဲ့ 𝐀𝐧𝐱𝐢𝐞𝐭𝐲
top of page

စိတ်ဖိစီးမှုတွေကြောင့်ဖြစ်ပေါ်လာရတဲ့ 𝐀𝐧𝐱𝐢𝐞𝐭𝐲

Updated: Dec 12, 2023


❝ ပြသနာတွေဖြစ်လာရင် ဘယ်လိုလုပ်ရမလဲ

၊ တစ်ခုခုမကောင်းတာဖြစ်လာရင်ရော ၊ ဒီကိစ္စအဆင်မပြေမှာ စိတ်ပူတယ် ❞ ဆိုတဲ့ အလွန်အမင်း စိုးရိမ်ပူပန်နေတဲ့ အတွေးတွေဝင်လာဖူးတယ် ဆိုရင်တော့ သင့်မှာ သင်မသိထားလိုက်ခင် မှာပဲ 𝐀𝐧𝐱𝐢𝐞𝐭𝐲 ရှိနေတာဖြစ်ပါတယ် ။ ဒါ့ကြောင့် ဒီနေ့မှာတော့𝐀𝐧𝐱𝐢𝐞𝐭𝐲 နဲ့ပါတ်သတ်ပြီး သိထားသင့်တာ တွေ ၊ ကိုယ့်မှာရှိနေလား မရှိနေလားဆိုတာကို ကွဲပြားစွာသိစေဖို့နဲ့ ရှိနေရင် ဘယ်လိုမျိုး သက်သာအောင်လုပ်ရမလဲ ဆိုတာတွေကို 𝐂𝐚𝐥𝐥 𝐌𝐞 𝐓𝐨𝐝𝐚𝐲 က ပြောပြပေးသွားမှာပဲဖြစ်ပါတယ် ။ ✅


🔺 𝐀𝐧𝐱𝐢𝐞𝐭𝐲 ဆိုတာဘာလဲ ❓


ပထမဆုံးအနေနဲ့ Anxiety ဆိုတာကတော့ စိုးရိမ်ပူပန်မှုလို့ အဓိပ္ပါယ်ရပါတယ် ။ သာမာန်လောက်လေး စိုးရိမ်တာ ၊ ပူပန်တာမျိုးတွေမဟုတ်ဘဲ မည်သည့်ကိစ္စမဆို အမြဲလိုလို တစ်ခုခုဖြစ်သွားမှာကို ကြောက်လန့်စိုးရိမ်နေတတ်တာ ၊ မဖြစ်လာသေးတဲ့ ကိစ္စတိုင်းကို အလွန်အမင်းပူပန်ပြီး ရင်တုန်ပန်းတုန်နဲ့ ဖြစ်နေတတ်တာ ၊ ပြသနာတွေဖြစ်လာမှာကို ကြိုတွေးပြီးစိတ်ပူတာ မျိုးတွေကို Anxiety လို့ခေါ်ပါတယ် ။ ⚠️


🔺𝐀𝐧𝐱𝐢𝐞𝐭𝐲 ဘာလို့ဖြစ်လာတာလဲ ❓


လက်ရှိလူနေမှုဘဝမှာ စုပြုံလာတဲ့ စိတ်ဖိစီးမှု (Stress ) တွေကနေတဆင့် စိုးရိမ်ပူပန်မှု ( Anxiety ) တွေကစတင်ပြီးဝင်ရောက်လာတတ်ပါတယ် ။ မိသားစုပြသနာတွေ ၊ စားဝတ်နေရေးငွေကြေးပိုင်းဆိုင်ရာပြသနာတွေ အပြင် လူနေမှုဘဝမှာ ရှိတတ်တဲ့ လူမှုရေးပြသနာတွေ ၊ ကြောင့်လည်း စိတ်ဖိစီးမှုတွေဆိုတာ မရပ်မနားပဲ တိုးမြင့်လာပါတယ် ။ ဒီလိုမျိုး နေ့စဉ်စိတ်ဖိစီးမှုတွေများလာလေလေ Anxiety တွေက ဝင်လာလေလေပဲဖြစ်ပါတယ် ။ တစ်ခါတစ်လေမှာလည်း ငယ်ဘဝက ဖြတ်သန်းခဲ့ရပုံတွေ ၊ ခွဲခြားဆက်ဆံခံရမှုတွေ ၊ ပါတ်ဝန်းကျင် အနေအထားတွေကတဆင့်လည်း တွေးပူလာတတ်ပါတယ်။ဒါကြောင့်လည်း စိတ်ဖိစီးမှု (Stress) တွေကရရှိလာတတ်ပြီး စိုးရိမ်ပူပန်မှု ( Anxiety) တွေဖြစ်လာတတ်ပါတယ် ။


🔺𝐀𝐧𝐱𝐢𝐞𝐭𝐲 လက္ခဏာတွေကဘာတွေလဲ ❓


▪️စိတ်လှုပ်ရှားပြီး မငြိမ်မသက်ဖြစ်မယ် ။

▪️အမြဲ ထိတ်လန့်နေပြီး တစ်စုံတစ်ခု မကောင်းတာဖြစ်တော့မယ် ဆိုပြီးပဲ စိတ်ထဲက တွေးနေမိမယ်။

▪️နှလုံးခုန်နှုန်းတွေလည်း တိုးလာ မယ် ။

▪️အသက်ရှုမြန်ချွေးတွေထွက်လာပြီး ဘာဖြစ်ဖြစ် တုန်လှုပ်နေမယ် ။

▪️လူပါအားနည်းပင်ပန်းလာပြီး လက်ရှိစိုးရိမ်ပူပန်မှုကလွဲပြီး အခြားဘာကိုမှအာရုံစူးစိုက်နိုင်စွမိး မရှိတော့တာမျိုးဖြစ်လာမယ်

▪️အိပ်ရေးဝဝ ညဘက်တွေ အိပ်ဖို့ ခက်လာမယ် ။

▪️ဒါ့အပြင် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေပါကြုံတွေ့ရမယ် ။


🔺 𝐀𝐧𝐱𝐢𝐞𝐭𝐲 ရှိမရှိစစ်ဆေးလိုပါက ❓


💁🏻‍♀️ Call Me Today ရဲ့ website မှာ အခမဲ့ စစ်ဆေးနိုင်ပါပြီ။ www.callmetoday.org သို့ဝင်ပြီး အပြာရောင်ခလုပ်လေးကိုနှိပ်လိုက်တာနဲ့ မေးခွန်းလွှာမှာ ဖြေလို့ရပါပြီ။ အဖြေကို Call Me Today က ပြန်လည်စစ်ဆေးပြီး ပြန်လည်ဆက်သွယ်ပေးသွားပါမှာဖြစ်ပါတယ်ရှင်။


🔺ဒီ 𝐀𝐧𝐱𝐢𝐞𝐭𝐲 ကိုဘယ်လိုလျော့ချရမလဲ ❓


✅ ရုတ်တရတ် Anxienty ဝင်လာတာနဲ့ Deep Breathing လုပ်ပြီး စိတ်ငြိမ်အောင်လုပ်ပါ ။ အမြဲလိုလိုလည်း Meditation ထိုင်ပြီး အသက်ရှုလေ့ကျင့်ခန်းပုံမှန်လုပ်သင့်ပါတယ် ။


✅ကိုယ့်လက်လေ့ကျင့်ခန်းတွေ လည်းပုံမှန်လုပ်ပေးပါ။ ဒီလိုမျိုး လေ့ကျင့်ခန်းလုပ်တာတွေက လူကို Relex ဖြစ်စေပြီး ၊ Stress တွေကိုလည်းဖြေလျော့စေပါတယ် ။


✅ Self Care တွေဖြစ်တဲ့ ပုံဆွဲတာ ၊ Journaling လုပ်တာ ၊ စာအုပ်ဖတ်တာ ၊ သီချင်းအေးအေးလေးတွေ နားထောင်တာ လိုမျိုး စိတ်ကိုအေးချမ်းပြီး သက်တောင့်သက်သာဖြစ်စေမှာလေးတွေကို ရွေးချယ်ပြီး လုပ်ဆောင်ကြည့်ပါ။


✅နောက်ဆုံးအနေနဲ့ ကိုယ့်ရဲ့ Health Care Professionals နဲ့တိုင်ပင်ပြီး Counseling Session / Therapy Session ယူပြီး ရင်ဖွင့်ပြောဆိုပါ ။ အကူအညီရယူပါ ။


📌 Anxiety ဆိုတာကတော့ လူတိုင်းရဲ့နေ့စဉ်ဘဝမှာ ဖြစ်တတ်ကြတဲ့ စိတ်ပိုင်းဆိုင်ရာ သာမာန်ဖြစ်စဉ်လေးတစ်ခုပဲဖြစ်ပါတယ် ။ ဒါကြောင့်မလို့ ကိုယ့်မှာ Anxiety ရှိနေပြီဆိုရင်လည်း အရမ်းကြီး ကြောက်လန့်သွားတာမျိုး မဖြစ်ဖို့လိုပါတယ် ။ ဒါပေမဲ့ ကိုယ့်ကိုကိုယ် ဖြစ်နေတာကိုသိတာနဲ့ ၊ ပေါ့ပေါ့လေးမထားပဲ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့်အတူ သက်သာပျောက်ကင်းအောင် လုပ်ဆောင်ဖို့လိုအပ်ပါတယ် ။ 🙋🏻‍♀️


✅ ဒီလိုမျိုး ကိုယ့်ရဲ့ Anxiety ကို သက်သာလျော့ပါးစေဖို့ Counseling ကို စနစ်တကျ လုပ်ဆောင်ချင်ရင်တော့ Call Me Today က လူကြီးမင်းတို့အတွက် အသင့်ရှိနေပေးမှာပဲ ဖြစ်ပါတယ် ။ ကဲ Call Me Today မှာ Anxiety Disorder အတွက် Counseling Services လိုအပ်ပါက ရယူနိုင်ပါပြီရှင့် ။ 💁🏻‍♀️🌿


☎️: 09-5131873

Categories

Other trending posts

1/11
bottom of page