❝ ဒီနေ့ရော ကိုယ့်ကိုကိုယ် ချစ်ပြီးပြီလား ? ❞ 🫶🏻
top of page

❝ ဒီနေ့ရော ကိုယ့်ကိုကိုယ် ချစ်ပြီးပြီလား ? ❞ 🫶🏻


ကိုယ့်ကိုကိုယ်ချစ်တယ်ဆိုတဲ့အလုပ်က ပြောရင်သာလွယ်ကူပေမဲ့ တကယ်တမ်းလိုက်လုပ်ဖို့အတွက်ကတော့ အတော်လေးခက်ခဲတဲ့အရာတစ်ခုပါပဲ။ ဘာလို့ဆို လူတွေက ကိုယ့်ကိုကိုယ် ချစ်တယ် ချစ်တယ် သာပြောနေပေမဲ့ ကိုယ့်အတွက်ကောင်းစေမဲ့အရာတွေကိုတော့ မလုပ်ဆောင်ကြပဲနဲ့ ၊ စိတ်အလိုလိုက်ပြီး ကိုယ့်ကိုကိုယ်ဒုက္ခပေးစေမဲ့ အရာတွေကိုသာ ဦးစားပေးလုပ်နေတာက ပိုများလို့ပါပဲ ။

ဒါကြောင့် ဒီနေ့ ကိုယ့်ကိုကိုယ် နည်းလမ်းမှန်ကန်စွာ ဘယ်လိုမျိုးချစ်ရမလဲ ဆိုတာကို အနည်းငယ်ပြောပြပေးသွားပါရစေရှင့် ။ ကျွန်မတို့တွေအနေနဲ့ ကိုယ့်ကိုကိုယ်ချစ်တယ် (𝐒𝐞𝐥𝐟 𝐋𝐨𝐯𝐞 ) ထားတယ် ဆိုတဲ့နေရာမှာ - 

1️⃣စိတ်ပိုင်းဆိုင်ရာအရရော

2️⃣ ရုပ်ပိုင်းဆိုင်ရာအရရော (၂) မျိုးလုံးကို တန်ဖိုးထားပြီး ချစ်ခင်ဖို့လိုအပ်တာပဲဖြစ်ပါတယ် ။ 

✅ စိတ်ပိုင်းဆိုင်ရာ ( 𝐌𝐞𝐧𝐭𝐚𝐥𝐥𝐲 𝐂𝐚𝐫𝐞 ) 

စိတ်ပိုင်းဆိုင်ရာအရ ကိုယ်နေထိုင်နေတဲ့ ဘဝတစ်လျောက်မှာ ကိုယ့်ကိုကိုယ်ပျော်ရွှင်အောင် ထားဖို့အဓိကအရေးတကြီးအနေနဲ့ လိုအပ်ပြီး ၊ ကိုယ့်ကိုမပျော်ရွှင်စေမဲ့အရာ တွေ ကို ဖက်တွယ်ထားတာမျိုးတွေကို လျော့ချဖို့လည်းလိုပါတယ် ။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ချစ်ခြင်းကိိုပေးချင်ရင်တော့ - 

✔️ကိုယ့်အတွက်မကောင်းတဲ့သူတွေကိုဖက်တွယ်ပြီးကိုယ့်ကိုကိုယ်ဒုက္ခခံနေရတာကိုရပ်လိုက်ပါ ။ 

✔️အတွေးလွန်ပြီး တစ်ခုခုဆို မကောင်းတဲ့ အတွေးတွေကိုပဲ အဆိုးဘက်ကကြည့်နေတာမျိုးတွေရှိရင်လည်းရပ်လိုက်ပါ ။ 

✔️သူများနဲ့ကိုယ့်ကိုကိုယ် အရာရာလိုက်နှိုင်းယှဉ်ပြီး ၊ ကိုယ့်စိတ်ထဲ မလုံလောက်သေးဘူးဆိုပြီး အတင်းအကျပ် ဖိအားပေးတာတွေရှိရင်လည်းရပ်လိုက်ပါ ။ 

✔️ကိုယ့်အတွက်အကျိုးမရှိစေမဲ့ အရာတွေကိုလုပ်ဆောင်နေပြီး ၊ ကိုယ့်ကို ပင်ပန်းစေတဲ့နေရာမှာ နေနေမဲ့အစား ကိုယ့်အတွက် ပျော်ရွှင်ရတဲ့ပတ်ဝန်းကျင် ကိုပြောင်းလဲနေထိုင်ပြီး ကိုယ့်ဘဝအတွက် အကျိုးရလဒ်ကောင်းတဲ့ အရာတွေကိုသာလုပ်ဆောင်ပါ ။ 

✅ရုပ်ပိုင်းဆိုင်ရာ (𝐏𝐡𝐲𝐬𝐢𝐜𝐚𝐥𝐥𝐲 𝐂𝐚𝐫𝐞 ) 

ရုပ်ပိုင်းဆိုင်ရာအရ ကိုယ့်ကျန်းမာရေးနဲ့ အသားအရည် နေထိုင်မှု စတာတွေအားလုံးကို ဂရုစိုက်ပေးဖို့ကသိပ်ကိုအရေးကြီးပါတယ် ။ ဒီ့အတွက်ကြောင့် ဘယ်လိုမျိုး ဂရုစိုက်ရမလဲဆိုရင်တော့ - 

✔️ နေ့စဉ်နေ့တိုင်း ကိုယ့်ကျန်းမာရေးကို ထိခိုက်စေမဲ့ အစားအစာမျိုးတွေ ကို တရားလွန် စားသုံးနေတာရှိရင် လျော့လျော့ပြီး စားကြည့်ပါ ။ ခန္ဓာကိုယ်ကို ထိခိုက်နေတဲ့ Toxicities  တွေလျော့ပါးလာလေလေ ကျန်းမာရေးကောင်းပြီး လူကနေလို့ကောင်းလာလေလေပါပဲ ။ 

✔️အစားအသောက်ကိုချင့်ချိန်ရုံတင်မက ကိုယ့်ရဲ့နေ့စဉ် ကိုယ်လက်ကျန်းမာရေးနဲ့ သက်လုံကောင်းစေဖို့ လေ့ကျင့်ခန်းအနည်းငယ် ပုံမှန်လုပ်ဆောင်တာကလည်း အတော်လေးကောင်းမွန်တဲ့အကျင့်တစ်ခုဖြစ်ပါတယ် ။ 

✔️အလှအပရေးရာနဲ့ပတ်သတ်ပြီးလည်း တကိုယ်ရည်တကာယ Hygiene  ကို အမြဲလိုလို ကောင်းအောင်နေပါ ။ ပုံမှန်မျက်နှာသစ် သွားတိုက်တာအပြင် ရေချိုးခေါင်းလျော်တဲ့အထိ အမြဲလိုလို အနံ့အသက်ကအစ ကြည်လင်နေပြီး သင်းသင်းမွှေးမွှေးလေးဖြစ်နေအောင် နေထိုင်ပါ။ 

✔️ နေထိုင်ရာပါတ်ဝန်းကျင်မှာလည်း အိမ်ဆိုရင်လည်း လေဝင်လေထွက်ကောင်းအောင် ၊ နေရောင်ခြည်လုံလုံလောက်လောက်ရအောင် နေထိုင်ပါ ။ သန့်ရှင်းသပ်ရပ်စွာ အခန်းလေးကိုထားမယ်ဆိုရင် အိမ်ကိုပြန်ရောက်တဲ့အခါတိုင်း ကိုယ့်အတွက် အကောင်းဆုံးအနားယူမှုကိုပေးနိုင်မှာပါ ။ 

ကဲ ဒီလိုမျိုး ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ ကိုယ့်ကိုကိုယ်ကောင်းတဲ့ဘက်ကနေဂရုတစိုက်လေးနဲ့ လုပ်ကိုင်ပေးပြီး ၊ ကိုယ့်အတွက်ကောင်းမွန်မှုတွေကို ယူဆောင်လာတာ ကသာ ကိုယ့်ကိုကိုယ် တကယ်ကိုချစ်မြတ်နိုးပေးတဲ့ 𝐒𝐞𝐥𝐟 𝐋𝐨𝐯𝐞 ပဲဖြစ်ပါတယ်ရှင့် ။ 

ဒါဆိုရင်တော့ ကိုယ့်ကိုကိုယ် ဘယ်လိုမျိုးချစ်ပေးရမလဲဆို တာကိုသိပြီးလောက်ပြီမလို့ သေချာလေး ချစ်ပေးဖို့ကို မမေ့ကြနဲ့နော် ။ ဒါဆို နောက်ထပ် 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐒𝐞𝐬𝐬𝐢𝐨𝐧 တွေမှာ ပြန်တွေ့ကြမယ်နော် ။ ☺️✨ 

စိတ်နှလုံးကျန်းမာဖို့အတွက် ရင်ဖွင့်ပြောဖို့ရာ Counseling ကို စနစ်တကျ လုပ်ဆောင်ချင်ရင်တော့  Call Me Today က လူကြီးမင်းတို့အတွက် အသင့်ရှိနေပေးမှာပဲ ဖြစ်ပါတယ် ။ 💁🏻‍♀️🌿

 Call Me Today ဖုန်းနံပါတ်သို့ ရုံးချိန်အတွင်းဖြစ်စေ၊Website ကနေဖြစ်စေ အချိန်မရွေးပိတ်ရက်မရှိ မြန်မာနိုင်ငံသားများအားလုံး ပြည်တွင်းပြည်ပဘယ်ကနေမဆို Online Counseling ရယူနိုင်ပါတယ်ရှင်။

Categories

Other trending posts

1/11
bottom of page