❝ နိုး ❞ လို့ပြောဖို့ကိုမကြောက်ဖို့လိုအပ်ပါတယ် ။🤚🏻
top of page

❝ နိုး ❞ လို့ပြောဖို့ကိုမကြောက်ဖို့လိုအပ်ပါတယ် ။🤚🏻


တကယ်တော့ “ဟင့်အင်း” “နိုး” “မလုပ်ချင်ဘူး” စတဲ့စကားတွေကိုပြောထွက်ဖို့ဆိုတာလက လူတော်တော်များများအတွက် တော်တော်လေးကိုမလွယ်ကူတဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ် ။ အထူးသဖြင့်ငယ်စဉ်ကာလမှာဆိုရင် ကျွန်မတို့က တော်တော်များများမှာ Yes လို့ပဲပြောခဲ့ကြပါတယ် ။ မိဘတွေ ပြောစကား ဆိုလည်း ဟုတ်ကဲ့ ၊ ဆရာဆရာမ စကားဆိုလည်း ဟုတ်ကဲ့ ၊ စာလုပ်ရမယ် ဆိုလည်း ဟုတ်ကဲ့ ၊ စသည်ဖြင့် နေရာတော်တော်များများမှာ Yes ခဲ့ကြတာပါပဲ ။ ဒီ့အတွက်မှားတယ်လို့ရယ် မဟုတ်ပါဘူး ။ ကောင်းသောနည်းနဲ့ ပြောခဲ့တဲ့ ကိုယ့်မိဘ၊ဆရာသမားတွေ ရဲ့ စကားတွေ နားထောင်ပြီး ကောင်းကောင်းမွန်မွန် လူတစ်ယောက်အဖြစ်ကြီးပြင်းလာကြတာပါပဲ ။


ဒါပေမဲ့ ကျွန်မတို့ လူရယ်လို့ဖြစ်လာတာနဲ့ လူမှုဆက်ဆံရေးနယ်ပယ်ကြီး တစ်ခုမှာ နေထိုင်လာရပြီး နေထိုင်လာတဲ့တစ်လျောက် လူပေါင်းစုံ ၊ စိတ်နေစိတ်ထားပေါင်းစုံနဲ့ ပြောဆိုဆက်ဆံကြရပါတယ်။ ဒီလိုနဲ့ အသက်အရွယ်ကြီးလာတာနဲ့အမျှ No လို့ပြောတာကပိုပြီး လိုအပ်လာပြီး အသုံးဝင်လာတာကိုကြုံတွေ့လာရမှာပါ ။ တစ်ခါတစ်လေမှာ Yes လို့ပြောလိုက်တာထက် No လို့ပြောလိုက်တာက ကိုယ့်အတွက် အများကြီး စိတ်ပျော်ရွှင်မှုကိုရလာစေပါတယ် ။ ဒါကြောင့် No လို့ပြောဖို့ ဘယ်တော့မှ မကြောက်ပါနဲ့ ။


✅ကိုယ့်အပေါ်မကောင်းတဲ့ လူတစ်ယောက်ကို သည်းခံပြီးတွဲမနေပဲ “နိုး” လို့ငြင်းဖို့မကြောက်ပါနဲ့ ။

✅ ကိုယ်သဘောမကျတဲ့အလုပ်မှာ ဆက်ပြီးလုပ်ကိုင်ဖို့ အရမ်းပင်ပန်းလာတဲ့အခါတိုင်းမှာ “ နိုး “ လို့ ငြင်းဖို့မကြောက်ပါနဲ့ ။

✅ကိုယ့်စိတ်ဆန္ဒမပါပဲ အတင်းအကျပ်စေခိုင်းတဲ့အခါမှာ “ နိုး “ လို့ငြင်းဖို့မကြောက်ပါနဲ့။

✅ ကိုယ့်ဘဝကိုထိခိုက်ပျက်စီးစေမဲ့ မလိုလားအပ်တဲ့ စိတ်ဖိစီးမှုတွေတိုင်းကို “ နိုး “ လို့ငြင်းဖို့မကြောက်ပါနဲ့ ။

✅ကိုယ့်ဘဝကိုဆွဲချတတ်တဲ့ သူငယ်ချင်းတွေ ၊ ကိုယ့်အတွက် အဆိပ်အတောက်ဖြစ်စေမဲ့လူတွေ ကို “ နိုး” လို့ငြင်းဖို့မကြောက်ပါနဲ့

✅ ကိုယ့်အနေနဲ့ လိုက်လျောပေးရင်ပိုပြီးချစ်မှာပါဆိုတဲ့ ယောင်္ကျားတစ်ယောက်ကိုလည်း “ နိုး” လို့ငြင်းဖို့မကြောက်ပါနဲ့။

✅ကိုယ့်ကို လက်ဆောင်ကိုစျေးကြီးတာတွေ အများကြီးဝယ်ပေးမှ တကယ်ချစ်တယ်လို့ယုံမှာဆိုတဲ့ မိန်းကလေးကိုလည်း “ နိုး” လို့ငြင်းဖို့ မကြောက်ပါနဲ့ ။


နိုး လို့ ငြင်းဆန်ဖို့အတွက် ကျွန်မတို့အနေနဲ့ သတ္တိတွေ ၊ ခွန်အားတွေ အများကြီး မွေးပြီးမှ လုပ်နိုင်တာမလို့ ၊ ကိုယ့်အနေနဲ့ နိုးလို့ပြောလိုက်တဲ့အကြိမ်တိုင်းက ပတ်ဝန်းကျင်ကပြောခိုင်းလို့ ပြောတာမဟုတ်ပဲ ကိုယ်တိုင်က နိုး လို့ လိုလိုချင်ချင်နဲ့ငြင်းချင်မှသာပြောတာမျိုးဖြစ်ပါစေ။ 💯


ကိုယ်ကကိုယ့်အတွက် တန်ဖိုးအရှိဆုံး လူသားလေးဖြစ်တာမလို့ ကိုယ့်အနေနဲ့ သက်တောင့်သက်သာရှိတဲ့နေရာမှာသာနေသင့်ပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ “ နိုး “ လို့ပြောရမှာကို မကြောက်ပါနဲ့ ကျယ်လောင်စွာ ပြတ်သားစွာနဲ့ပဲ ပြောလိုက်ပါနော် ။ ✨🍃


စိတ်နှလုံးကျန်းမာဖို့အတွက် ရင်ဖွင့်ပြောဖို့ရာ Counseling ကို စနစ်တကျ လုပ်ဆောင်ချင်ရင်တော့ Call Me Today က လူကြီးမင်းတို့အတွက် အသင့်ရှိနေပေးမှာပဲ ဖြစ်ပါတယ် ။ 💁🏻‍♀️🌿

Call Me Today ဖုန်းနံပါတ်သို့ ရုံးချိန်အတွင်းဖြစ်စေ၊ Website ကနေဖြစ်စေ အချိန်မရွေးပိတ်ရက်မရှိ မြန်မာနိုင်ငံသားများအားလုံး ပြည်တွင်းပြည်ပဘယ်ကနေမဆို Online Counseling ရယူနိုင်ပါတယ်ရှင်။

Categories

Other trending posts

1/11
bottom of page