❝ ပင်ပန်းလာတဲ့အခါမှာ ကိုယ့်ကိုကိုယ် အနားပေးပါ ။ ❞ 🌿
top of page

❝ ပင်ပန်းလာတဲ့အခါမှာ ကိုယ့်ကိုကိုယ် အနားပေးပါ ။ ❞ 🌿

လူရယ် လို့ဖြစ်လာတာနဲ့ အလုပ်ကိုယ်စီနဲ့ ဘဝကိုယ်စီမှာ ရုန်းကန်ရင်ဆိုင်ပြီး နေထိုင်ကြရပါတယ်။မိုးလင်းတာနဲ့ အိပ်ရာထ၊ ဟင်းချက်၊ အလုပ်သွားဖို့ပြင်ဆင် တာကနေစလို့အိမ်ပြန်ရောက် ညစာစားသန့်ရှင်းရေးလုပ်ပြီး အိပ် ဒီလိုမျိုး နေ့စဉ် သံသရာစက်ဝန်းကိုအကြိမ်ကြိမ်ဖြတ်သန်းရတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာအရသာမက ၊ စိတ်ပိုင်းဆိုင်ရာအရပါ ပင်ပန်းနွမ်းနယ်လာတတ်ကြပါတယ်။  

အခုခေတ်လိုမျိုးအလုပ်အကိုင်တွေအဆင်မပြေ ၊ စျေးနှုန်းတွေတက်နေတဲ့ကာလမှာဆိုရင် ပိုလို့တောင် မှ စိတ်ပင်ပန်းလူပင်ပန်းဖြစ်ကြပါသေးတယ် ။ ဒီလိုအခြေအနေအကြောင်းကြောင့် ပင်ပန်းလာပြီဆိုရင် လူတော်တော်များများက ကိုယ့်ကိုကိုယ်အနားပေးဖို့ မေ့တတ်ကြပါတယ် ။ တကယ်တော့ ကျွန်မတို့တွေက ခံနိုင်ရည်ပြည့်ဝနေတဲ့ စက်ရုပ်တွေ မဟုတ်ကြပါဘူး ။ ဒါကြောင့် ကိုယ့်ကိုကိုယ်နေ့တိုင်း ဖိအားတွေအောက်မှာ ရှင်သန်မနေပဲ ပင်ပန်းလာပြီလို့ခံစားရတာနဲ့ အပြည့်အဝ အနားယူဖို့လိုအပ်ပါတယ်။

ဒီအတွက် အနားယူဖို့ အကြံကောင်းလေးတွေ မျှဝေပေးရမယ်ဆိုရင်တော့ -

  1. တစ်လ တစ်ခါလောက် ကိုယ်အကြိုက်ဆုံးအစားအစာတွေကို စိတ်တိုင်းကျစားပစ်တာ ။

  2. တစ်နေ့လုံး အလုပ်နဲ့ပါတ်သတ်တဲ့ ဖုန်းအဝင်ခေါ် တွေ၊စာတွေ ဘာတစ်ခုမှမကြည့်ပဲ ကိုယ်လုပ်ချင်တဲ့အရာကိုသာ အပြည့်အဝလုပ်တာ ။

  3. သူငယ်ချင်းတွေ ၊ မိသားစု ၊ ချစ်သူ နဲ့အတူ ဒါမှမဟုတ် တစ်ကိုယ်တော် ဖြစ်စေ စိတ်အေးချမ်းမှုရစေမဲ့ ခရီးတိုလေးတွေထွက်ပေးတာ ။

  4. နေ့စဉ် နေ့တိုင်း ၈ နာရီပြည့်အောင်အိပ်ပြီး ၊ အဟာရပြည့်ဝတဲ့အစားအစာတွေကိုပုံမှန်စားသောက်ပေးတာ ၊ ရေများများသောက်တာ ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာကလည်း စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းမှုတွေကိုလျော့ချပေးနိုင်ပါတယ် ။

  5. နောက်ဆုံးအနေနဲ့ စိတ်ပင်ပန်းလာသမျှကို ထုတ်ဖော်ပြောဆိုလို့ရမဲ့ ရင်ဖွင့်ရာနေရာ Safe Space တစ်ခုရှိထားတာပဲဖြစ်ပါတယ်။


ဒါကြောင့်မလို့ကိုယ့်အနေနဲ့ စိတ်ဖိစီးမှုတွေ ၊ စိတ်ပင်ပန်းမှုတွေ ခံစားလာရပြီဆိုရင် လုပ်လက်စအလုပ်တွေကို အတတ်နိုင်ဆုံး ရပ်ပစ်ပြီး ၊ လိုအပ်သလောက်ထိ အနားယူဖို့လိုအပ်ပါတယ် ။ အကယ်၍ စိတ်ဖိစီးမှုတွေ ၊ ပင်ပန်းမှုတွေက အရမ်းများလို့ ထုတ်ဖော်ပြောပြဖို့ ရင်ဖွင့်ရာ Safe Space တစ်ခုကိုရှာနေရင်တော့ Call Me Today က လူကြီးမင်းတို့အတွက် အသင့်ရှိနေပေးမှာပဲ ဖြစ်ပါတယ်ရှင့်။

Call Me Today ဖုန်းနံပါတ်သို့ ရုံးချိန်အတွင်းဖြစ်စေ၊ Website ကနေဖြစ်စေ အချိန်မရွေးပိတ်ရက်မရှိ မြန်မာနိုင်ငံသားများအားလုံး ပြည်တွင်းပြည်ပဘယ်ကနေမဆို Online Counseling ရယူနိုင်ပါတယ်ရှင်။

Categories

Other trending posts

1/11
bottom of page