ပတ်ဝန်းကျင်ကြောင့်မပျော်တော့ရင် ဘာဆက်လုပ်ရမလဲ
top of page

ပတ်ဝန်းကျင်ကြောင့်မပျော်တော့ရင် ဘာဆက်လုပ်ရမလဲ

Updated: Aug 7, 2023


လူတိုင်းဟာ ကိုယ့်ဘဝကိုအဆိပ်အတောက်ဖြစ်စေတဲ့ လူတွေကိုသိလျက်နဲ့ မိမိအနားဆက်ထားနေဖို့

ဆိုတာအကြောင်းမရှိပါဘူး။ ဥပမာ-ချစ်သူ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် တစ်နည်းနည်းအရပတ်သတ်ဆက်နွယ်နေရတဲ့လူတချို့စသည်ဖြင့်သင်ထိတွေ့ဆက်ဆံမိတိုင်း သင့်ကိုယ်သင်ညစ်ညမ်း

သွားစေတယ် အကျိုးယုတ်စေတယ်လို့ ခံစားရစေတယ်ဆိုရင် သူတို့ဟာကိုယ့်ဘဝအတွက် Toxicပါပဲ။

လူတစ်ယောက်နှင့်တွေ့ဆုံတဲ့အခါကိုယ့်အတွေးတွေပါ Negativeဘက်ကိုပိုပြီးပြောင်းလဲလာစေတယ်

ဆိုရင် ဒီလူဟာကိုယ့်အတွက်အဆိပ်လိုလူပါပဲ။ မိမိဘက်မှလုပ်ငန်းဆောင်တာများနှင့်ပတ်ဝန်းကျင်အ

ပေါ်ထိခိုက်လာစေမှရှောင်ရှားတာမျိုးမပြုလုပ်သင့်ပါ။


တခြားသူတွေဘဝနဲ့ ကိုယ်ရောက်နေတဲ့ နေရာကိုနှိုင်းယှဉ်မိပြီး ကိုယ့်ကိုယ်ကိုယ် နည်းနည်းနိမ့်ကျနေ

တယ်လို့ခံစားရတဲ့အချိန်တွေရှိတတ်ပါတယ်။ မိမိမှာမရှိတဲ့အရာတွေကိုပဲမြင်ပါများတဲ့အခါ မိမိမှာရှိ

နေတဲ့ လုပ်နိုင်စွမ်းအားတွေကျလာပြီးကိုယ့်ကိုကိုယ် အားမလိုအားမရ ဖြစ်လာတတ်ပါတယ်။ မိမိကိုယ်ကိုအချိန်မဖြုန်းမိပါစေနဲ့။ကိုယ်ရနေတဲ့အချိန်လေးကိုအကျိုးရှိအောင်နေပါ။ ပျော်စရာတွေ ဖန်တီးပါ၊ အရေးကြီးတာက ပြန်ပြီးနောင်တရမယ့် လုပ်ရပ်မျိုးတွေနဲ့ပဲ အချိန်မကုန်စေရန်ပဲဖြစ်ပါတယ်။


ဒီနေ့မှာ အချိန်ကိုအကျိုးရှိရှိအသုံးချနိုင်မယ် မနက်ဖြန်တိုင်းမှာလည်း အချိန်ကိုကောင်းကောင်းမွန်မွန် အသုံးချသွားနိုင်မယ်ဆိုရင် အနာဂတ်ကိုကောင်းမွန်စွာတည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ကျန်းမာအောင်နေထိုင်ဖို့အဓိကလိုအပ်ပါတယ်၊ လူကျန်းမာမှစိတ်ချမ်းသာမယ်ဆိုတဲ့အတွက်

လူတိုင်းလူတိုင်းစိတ်ပျော်ရန်လိုအပ်ပါတယ်။ တချို့တချို့တွေဟာ မပျော်ရွှင်တဲ့အလုပ်ပေါ်မှာ သိသိကြီးနဲ့ အကြောင်းအမျိုးမျိုးကြောင့်စိတ်ညစ်ညူးစွာလုပ်ကိုင်နေကြပါတယ်။ မပျော်ရတဲ့အလုပ်မှာတနေ့အလုပ်ချိန်အများကြီးပေးပြီးအလုပ်လုပ်ရတာလဲစိတ်မချမ်းသာခြင်းတမျိုးပါပဲ။ အလုပ်လုပ်ရတာစိတ်ဖိစီးမှုပို

များနိုင်တာကြောင့် အိမ်ပြန်ရောက်သည့်အချိန်မှာလည်းအမြဲတမ်းပင်ပန်းနွမ်းနယ်နေတတ်

တာတွေ တခြားကိုယ်စိတ်ဝင်စားတဲ့အရာတွေကိုလည်း ထပ်မံလုပ်ဆောင်ဖို့ခွန်အားမရှိတော့သည့် အတွက်မိမိ opportunity တွေပါဆုံးရှုံးရတာမျိုးဖြစ်တတ်တာကြောင့် မပျော်သည့်အလုပ်ကိုစွန့်လွှတ်နိုင်

အောင်ကြိုးစားပါ။


​ ကိုယ်ကျန်းမာရေး (Physical Health) ကအရေးကြီးသလို စိတ်ကျန်းမားရေး (Mental Health) ကိုလဲချန်ခဲ့လို့မရပါ။ ကိုယ့်စိတ်ကိုအနားပေးဖို့အတွက် တရားထိုင်ခြင်း (သို့မဟုတ်) အသက်ရှူလေ့ကျင့်

ခန်းလုပ်ခြင်းသည်အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ မနက်ခင်းစောစောပိုင်း ကိုယ်လက်လှုပ်ရှား

လေ့ကျင့်ခန်းလုပ်ပါ၊ မနက်ခင်းသည်တစ်နေ့တာရဲ့အစဖြစ်သလို Energy ကိုရယူဖို့အတွက်အကောင်း

ဆုံးပါ။ ဘယ်လောက်ပဲအလုပ်ရှုပ်နေပါစေ မိမိစိတ်နှင့်ကိုယ်ကိုအနားယူဖို့ အချိန်တစ်ခုသတ်မှတ်

ထားပါ။


တစ်ယောက်တည်းနေထိုင်ခြင်းကိုရှောင်ပါ။ တစ်ယောက်တည်းနေထိုင်ခြင်းဟာဆိုရင်လည်း

အတွေးပေါင်းစုံကိုဝင်စေနိုင်ပီး စိတ်ဓာတ်ကျခြင်း စိတ်ပင်ပန်းခြင်းကိုဖြစ်စေနိုင်တဲ့အတွက် ကိုယ့်အတွက်ပျော်ရွှင်စေနိုင်မယ့်အရာတွေ လုပ်ဆောင်နိုင်ဖို့အတွက် မိသားစုနဲ့သာမက သူငယ်ချင်းတွေနဲ့ပါ စကားများများပြောဖို့ကြိုးစားသင့်ပါတယ်။





Categories

Other trending posts

1/11
bottom of page