❝ မိဘတွေရဲ့ ရန်ပွဲတွေကနေဖြစ်တည်လာတဲ့ Childhood Trauma များ ❞💁🏻‍♀️
top of page

❝ မိဘတွေရဲ့ ရန်ပွဲတွေကနေဖြစ်တည်လာတဲ့ Childhood Trauma များ ❞💁🏻‍♀️


ကျွန်မတို့ တွေရဲ့ ငယ်စဉ်ကာလမှာ အကြောက်ရဆုံးအရာကိုပြောပါဆိုရင် အမေနဲ့ အမေနဲ့ကြားက ရန်ပွဲတွေပါပဲ။ ကျွန်မရဲ့ မိဘ (၂) ပါးကဆိုရင် ငယ်စဉ်ထဲက အမြဲလိုလိုရန်ဖြစ်စကားများတတ်ကြပါတယ် ။ ငယ်စဉ်သိသလောက်ထဲက အမြဲလိုလို အော်ဟစ်ပြီး ရန်ဖြစ်နေကြတာပါပဲ ။ ဆိုတော့ကျွန်မအနေနဲ့ အသက်ကြီးလာတာနဲ့အမျှ သတိမထားမိတဲ့အချိန်မှာပဲ ဒီကြုံတွေ့ခဲ့ရတဲ့ဒါဏ်တွေက မပြီးသွားပဲ  Trauma (စိတ်ဒါဏ်ရာ) တွေအဖြစ်ကျန်ရှိ နေတာကို တဖြေးဖြေးသိမြင်လာရပါတယ် ။ 


ဟုတ်ပါတယ် Childhood trauma တွေက ဒီလိုမျိုး ကိုယ့်ရဲ့ Adult Life ရောက်တဲ့အခါထိအောင် ကျန်ရှိနေကြတတ်ပါတယ် ။ ဒီလိုမျိုး ကျန်နေရတဲ့ အကြောင်းအရင်းကတော့ ကိုယ်ကဘယ်လောက်ပဲကြိုးစားနေပါစေစေ ကိုယ့်ရင်ထဲမှာ Traumatized ဖြစ်ခဲ့တဲ့ Inner Child က အခုထိ နာကျင်စွာ ကျန်ရှိနေသေးလို့ပါပဲ ။


အကယ်၍ ကိုယ်က ကောင်းမွန်တဲ့ အကူအညီ ၊  ကိုက်ညီတဲ့ Healing Therapy  ၊ Inner Child Self Healing ကို လုံလောက်စွာ မရရှိခဲ့ဘူးဆိုရင် ငယ်ဘဝကြုံတွေ့ရတာတွေ ကြောင့် ခံစားရတဲ့ အရာတွေ ၊ Trauma တွေ ကနှစ်ဘယ်လောက်ကြာကြာ ကျန်နေအုံးမှာပါပဲ ။Truma တွေရှိနေတာကို ကိုယ်က သာမာန်တိုင်းဆိုရင်တော့ အတိအကျ မသိနိုင်ပေမဲ့ Stress အရမ်းရလာတဲ့အခါတွေမှာဆိုရင် 


✔️ Depression

✔️Panic Attacks

✔️An Eating Disorder

✔️Obsessional Worries

✔️Catastrophic Anxieties

✔️ Relationship Fear 


စသည်ဖြင့် စိတ်ခံစားချက်တွေ ထိပါ ထွက်ပေါ်ကြုံတွေ့လာရနိုင်ပါတယ် ။ ဒါ့အပြင် နေ့စဉ်ဘဝမှာဆိုရင်လည်း ကိုယ့်ကိုကိုယ်တန်ဖိုးမထားတာ ၊ သူတပါး ဝေဖန်ခံရမှာကိုကြောက်တာ ၊အမြဲလိုလို တောင်းပန်နေတတ်တာ ၊ စိတ်မွန်းကျပ်လွန်းတာ ၊ သူတပါးကို ယုံကြည်ဖို့ ခက်ခဲတာ နဲ့ ရန်ပွဲတွေကိုကြောက်ရွံနေတတ်တာ စတဲ့ လက္ခဏာတွေကိုလည်းပဲ ရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ် ။ 


ဒီလိုမျိုး မိသားစုရန်ပွဲတွေကနေစလိုက်တဲ့  Trauma တွေက ကလေးဘဝမှာတင်သာမကအဲ ၊ အသက်အရွယ်ကြီးပြင်းလာတဲ့ထိတောင်မှ တောက်လျောက် ဒုက္ခခံ နေရတတ်ပါတယ် ။  ဒါကြောင့် မိဘတွေအနေနဲ့ သားသမီးတွေရဲ့အရှေ့မှာ ရန်ဖြစ်တာမျိုး ရှောင်ကြဉ်ဖို့ ၊ ရန်ဖြစ်ခဲ့ရင်တောင်  အတတ်နိုင်ဆုံး သားသမီးတွေ ကိုမသိရှိစေပဲ ဖြေရှင်းနိုင်ဖို့က သိပ်ကိုအရေးကြီးပါတယ် ။ 


အကယ်၍ ကိုယ့်မှာ Childhood Trauma တွေရှိနေတယ် ၊  ကိုယ်တိုင် Healing လုပ်ဖို့ကတော့  မလွယ်ကူနေဘူး ဆိုရင်တော့ Traumatized ဖြစ်ခဲ့တဲ့  Childhood Experiences  တွေကနေ Adult Life ထိပါကူးလာတဲ့အကျိုးဆက်တွေကို တိတိကျကျနားလည်ကျွမ်းကျင်တဲ့  Therapist နဲ့  Session  ယူဖို့လိုအပ်ပါတယ် ။ 


ဒီ့အတွက် တတ်မြောက်ကျွမ်းကျင်မှုအပြည့်ရှိပြီး စိတ်ချယုံကြည်ရတဲ့ Counseling  Session ကို စနစ်တကျ လုပ်ဆောင်ချင်ရင်တော့  Call Me Today က လူကြီးမင်းတို့အတွက် အသင့်ရှိနေပေးမှာပဲ ဖြစ်ပါတယ် ။ 💁🏻‍♀️🌿

Call Me Today ဖုန်းနံပါတ်သို့ ရုံးချိန်အတွင်းဖြစ်စေ ၊Website ကနေဖြစ်စေ အချိန်မရွေးပိတ်ရက်မရှိ မြန်မာနိုင်ငံသားများအားလုံး ပြည်တွင်းပြည်ပဘယ်ကနေမဆို Online Counseling ရယူနိုင်ပါတယ်ရှင်။

Categories

Other trending posts

1/11
bottom of page