လူတိုင်းသိသင့်တဲ့ Panic Attack နှင့် ဆောင်ရန်ရှောင်ရန်များ 📝❗️
top of page

လူတိုင်းသိသင့်တဲ့ Panic Attack နှင့် ဆောင်ရန်ရှောင်ရန်များ 📝❗️

Updated: Dec 12, 2023


စိုးရိမ်မှုတွေလွန်ကဲလာတဲ့အခါ ရုတ်တရတ် နှလုံးခုန်နှုန်းတွေအရမ်းမြန်လာပြီးမောလာတာ၊ ချွေးတွေထွက်လက်ဖျားခြေဖျားတွေအေးပြီးမူးလာကာ အသက်ရှုလို့မဝဖြစ်တဲ့ ဖြစ်စဉ်ကိုတော့ Panic Attacks  လို့ခေါ်ပါတယ်ရှင့် ။ ကြာချိန်အားဖြင့် မိနစ်အနည်းငယ်ခန့်ကနေ မိနစ်၂၀ နာရီဝက်လောက်ထိကြာတတ်ကြပါတယ် ။ 


⚠️Panic Attack ဖြစ်ရတဲ့အကြောင်းအရင်း နဲ့ လက္ခဏာများ ။ 


Panic Attack ဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့ တိတိကျကျအသေအချာရှာဖွေသိရှိထားခြင်းမရှိပဲ များသောအားဖြင့်် Psychologically Causes , Pharmacological Causes  နဲ့ Environmental Causes ဆိုပြီး အကြောင်းအရာ(3) မျိုးကြောင့်ရုတ်တရတ်ဖြစ်လေ့ရှိပါတယ် ။ 


✔️ Psychological  Causes တွေကတော့ ကြီးမားတဲ့ စိတ်ဖိစီးမှု (Stress) တွေအရမ်းများတာ ၊ Anxiety , Depression , Obsessive Compulsive Disorder (OCD) , Post traumatic stress disorder (PTSD) စတဲ့ Mental Health Conditions တွေ ၊ Phobias တွေ အပြင် Traumatic Events တွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ 


✔️Pharmacological Causes ဆိုရင်လည်း Alcohol နဲ့ Drugs တွေသောက်သုံးတာ ၊ Caffeine ဓာတ်အများအပြား သုံးမိတာ ၊ Medication Side effects တွေကြောင့်လည်းဖြစ်နိုင်ပါတယ် ။ 


✔️Environmental Causes တွေကတော့ ဆိုးဝါးတဲ့ရောဂါတစ်ခုရှိနေတာ ၊ ငွေကြေးပြသနာတွေ ၊ အလုပ်ထုတ်ခံရတာ ၊ အိမ်အပြောင်းအရွေ့ လုပ်ရတာ တို့လိုမျိုး ဘဝမှာအပြောင်းအလဲတွေကြုံတွေ့ရတာ ၊ ကိုယ်ချစ်မြတ်နိုးရတဲ့သူတွေကိုဆုံးရှုံးရတာ ၊ ကိုယ့်ကိုနေ့စဉ် စိတ်ဒါဏ်ရာရအောင် ဒုက္ခပေးနေတဲ့ပါတ်ဝန်ကျင်းမှာရှင်သန်နေရတာတွေကြောင့်လည်းစိတ်ဖိစီးမှုတွေကနေ Panic Attack တွေဖြစ်လာတတ်ပါတယ် ။ 


⚠️ Panic Attack ဖြစ်လာပြီဆိုရင်တော့ ရုတ်တရတ်ရင်ဘတ်ထဲကအောင့်လာတာ ၊ အသက်ရှုရခက်ခဲလာတာ ၊ လက်တွေခြေတွေအေးပြီးတုန်လာတာ ၊ နှလုံးခုန်နှုန်းမြန်ပြီးမောလာတာ ၊ ချွေးထွက်လာတာ နဲ့ အသက်ရှုအရမ်းဆိုးဆိုးဝါးဝါးကျပ်လာပြီး ၊ ထိန်းချုပ်နိုင်စွမ်းမဲ့ကာ အလွန်အမင်းရင်တုန်လာတာတို့ထိ ဖြစ်နိုင်ပါတယ်ရှင့် ။ 


♻️ ကိုယ့်ကိုကိုယ် Panic Attackဖြစ်နေပြီလို့သိလိုက်တာနဲ့ မျက်လုံးကိုမှိတ်ပြီး လေကို ၅ စက္ကန့်ခန့် ခပ်ပြင်းပြင်းအသက်ရှုသွင်းပြီး တစ်စက္ကန့်လောက် ထိန်းထားပြီးမှ ငါးစက္ကန့်ခန့် လေကိုပြန်မှုတ်ထုတ်တဲ့ အသက်ရှုလေ့ကျင့်ခန်းကတော့ Panic Attack ဖြစ်နေတဲ့အချိန် အသက်သာဆုံးနည်းလမ်းပဲဖြစ်ပါတယ် ။ 



♻️ Panic Attack တွေမဖြစ်လာစေဖို့အတွက် စိုးရိမ်စိတ်တွေမဝင်လာအောင် ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့ကအရမ်းကိုအရေးကြီးတာပဲဖြစ်ပါတယ် ။ ဒါကြောင့် ကိုယ့်ရဲ့စိတ်ကိုလက်ရှိမှာပဲအတတ်နိုင်ဆုံးထားပြီး ၊ ကိုယ့်စိတ်ကိုတည်ငြိမ်အောင်ကြိုးစားပါ ။ ကိုယ့်အတွက်စိတ်ဖိစီးစေရမဲ့ အရာမျိုးတွေကို တတ်နိုင်သလောက်ရှောင်ရှားပြီး စိတ်ကိုအေးချမ်းအောင်ထားပါ ။ 


စိတ်ခံစားချက်တွေများလာတဲ့အခါ ၊ စိတ်ဖိစီးမှုတွေကြောင့် စိတ်မွန်းကျပ်မှုတွေရှိလာတဲ့အခါ မှာ လုပ်ဆောင်ရမှာကတော့ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့အတူ Counselling သေသေချာချာလုပ်ဆောင်ပြီး ရင်ဖွင့်တိုင်ပင်ဖို့ပါပဲ ။✔️

စိတ်နှလုံးကျန်းမာဖို့အတွက် ရင်ဖွင့်ပြောဖို့ရာ Counseling ကို စနစ်တကျ လုပ်ဆောင်ချင်ရင်တော့  Call Me Today က လူကြီးမင်းတို့အတွက် အသင့်ရှိနေပေးမှာပဲ ဖြစ်ပါတယ် ။ 💁🏻‍♀️🌿


☎️: 09-5131873

Categories

Other trending posts

1/11
bottom of page