အမျိုးသမီးများနှင့် ကြုံတွေ့ရတဲ့ 𝐓𝐫𝐚𝐮𝐦𝐚 များ 👩🏻🌻
top of page

အမျိုးသမီးများနှင့် ကြုံတွေ့ရတဲ့ 𝐓𝐫𝐚𝐮𝐦𝐚 များ 👩🏻🌻

ဒီစာက အမျိုးသမီးတွေအတွက်ပါ။


အမျိုးသမီးရယ်လို့ ဆိုပြီးဖြစ်လာတာနဲ့ အမျှ ကျွန်မတို့တွေရဲ့အများစုက ဘဝမှာ Traumatic event တွေနဲ့ ကြုံတွေ့ခဲ့ကြရတာပါပဲ ။ ဒီလိုမျိုး အမျိုးသမီးတို့ ဘဝတစ်လျှောက်မှာကြုံတွေ့ရတဲ့ Traumatic Event တွေထဲမှာမှ အများစုကတော့ - 


▪️Sexual Harassment 


နေ့စဉ်ဘဝမှာCat Calling လုပ်ခံရတာလိုမျိုး ကနေစလို့ ၊ Relationship ကြားကTape တွေ ဖြန့်တာ ၊ Sexual Assault လုပ်ခံရတာတွေအထိ အမျိုးစုံ ကြုံတွေ့ကြရပါတယ်။ ငယ်စဉ်ဘဝမှာကြုံတွေ့ခဲ့ရတာပဲဖြစ်စေ၊ အသက်ကြီးလာတဲ့အခါမှာရင်ဆိုင်ခဲ့ရတာပဲဖြစ်စေ Sexual Harassment တွေက အမျိုးသမီးတွေအတွက် Trauma အသေးစားလေးတွေ အများဆုံးဖြစ်လာစေပါတယ်။


▪️Physical Abuses 


ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကတော့ တခါတရံ ငယ်ဘဝတုန်းကကျောင်းမှာ အနိုင်ကျင့်ခံရတာမျိုး ၊ ဆရာမတွေရဲ့ ရိုက်နှက်မှုကိုခံရတာမျိုး တွေကနေ စတင်ပြီးကြုံရတတ်ပါတယ် ။ အသက်ကြီးလာတဲ့အခါထိတိုင်အောင် သမီးရည်းစားပြသနာတွေမှာလည်း Physical Abuse / Sexual Abuse တွေက ရှိကြပါတယ် ။ 


▪️Mental abuses 


စိတ်ပိုင်းဆိုင်ရာအရ Body Shaming / Skin Color Shaming  လုပ်တာ ၊ လူလူချင်း ခွဲခြားဆက်ဆံခံရတာ ၊ စကားတွေနဲ့ ဝေဖန်တိုက်ခိုက်ကြတာ၊ အပယ်ခံရတာလိုမျိုး စိတ်ပိုင်းဆိုင်ရာကို နာကျင်အောင် လုပ်ဆောင်တာမျိုးတွေ ကနေလည်း Traumatized ဖြစ်လာကြပါတယ် ။ မိသားစုကနေ ရရှိလာတဲ့ နှိမ်ပြီးပြောဆိုတာတွေ ၊ အရာမသွင်းတာတွေ ၊လိုမျိုး Family Issues တွေကနေလည်း စိတ်ဒါဏ်ရာတွေရလာကြပါတယ် ။ 


▪️Domestic Violence  


အိမ်တွင်းအကြမ်းဖက်မှုတွေကတော့ အိမ်ထောင်သည်အမျိုးသမီးတွေသာမက ၊ နောက်ဆုံး သားသမီးတွေထိပါ နှိပ်စက်အကြမ်းဖက်တာမျိုးတွေ ရှိကြပါတယ် ။ 


‼️ ဒီလိုမျိုးတွေကို ကြုံတွေ့ရပြီးတာနဲ့ စိတ်ထဲကနေ ဖျောက်ပစ်ဖို့ကခက်လှပါတယ် ။ ဒီထက်ပိုဆိုးတာကတော့ ဖြစ်ကြောင်းကုန်စင်ကို ထုတ်ပြောပြဖို့ပါ ပိုပြီးခက်ကြပါတယ် ။ အမျိုးသမီးတွေဟာ ရှက်တာကြောင့်ရော ၊ ရုန်းမထွက်နိုင်တာကြောင့်ရော မပြောကြပဲ ရေငုံနှုတ်ပိတ်နေကြတဲ့ ဖြစ်ရပ် တွေဆိုတာလည်း အခုထိတိုင်ရှိနေဆဲပါပဲ ။ Mental Abuse နဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေမှာ ဆိုရင်လည်း မိသားစုပြိုကွဲမှာကြောက်လို့ပဲဖြစ်ဖြစ် ၊ သားသမီးတွေမျက်နှာကြောင့်ဖြစ်ဖြစ်ကြိတ်ပြီးခံနေရတဲ့ Victims တွေရှိကြပါတယ် ။ 


💢 ဒါတွေကို မရှက်ဖို့ ၊ အမှန်တရားကို ထုတ်ပြောပြဖို့ လိုအပ်ပါတယ် ။ တကယ်တော့ လုပ်တဲ့သူကသာ ရှက်ရမှာဖြစ်ပြီး ၊ ကိုယ်ကလည်း ဒီလိုဘဝကြီးကနေ ပြတ်ပြတ်သားသားနဲ့ ရုန်းထွက်ဖို့အတွက် ကြိုးစား ဖို့လိုအပ်ပါတယ် ။ ကိုယ်မလိုချင်တဲ့အရာတွေကို  “ Say No  “ ပြောနိုင်ဖို့ ၊ Toxic Marriage , Toxic Relationship တွေကနေရုန်းထွက် ရမှာ မကြောက်ဖို့ ၊ စိတ်ပိုင်းဆိုင်ရာပြန်ပြီးတည်ဆောက်ရန်ကြိုးစားဖို့ ၊ အကြမ်းဖက်မှုတွေကိုလည်း သက်ဆိုင်ရာကိုတိုင်ကြားဖို့လိုအပ်ပါတယ် ။ 🙋🏻‍♀️‼️ 


ကိုယ့်ရဲ့ ကြုံခဲ့ဖူးတဲ့ Trauma တွေ ၊ Trauma တွေကြောင့်ဖြစ်လာရတဲ့ Trust Issues တွေ အတွက် ရင်ဖွင့်ဖော်ရင်ဖွင့်စရာ နေရာတခု လိုအပ်လာပြီဆိုရင်တော့ အချိန်မရွေး Counselling လုပ်နိုင်ဖို့ Call Me Today ကို အချိန်မရွေး ဆက်သွယ်လို့ရနိုင်ပါတယ်ရှင့်။  


ကိုယ်ရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေအတွက် ရင်ဖွင့်ပြောဖို့ရာ Counseling ကို စနစ်တကျ လုပ်ဆောင်ချင်ရင်တော့  Call Me Today က ကိုယ့်ရဲ့အနီးမှာ အမြဲရှိနေပါတယ်။ အဲ့ဒီအတွက် ၊ https://app.callmetoday.org/book ကနေ အချိန်မရွေးပိတ်ရက်မရှိ မြန်မာနိုင်ငံသားများအားလုံး ပြည်တွင်းပြည်ပဘယ်ကနေမဆို online counseling ရယူနိုင်ပါတယ်ရှင်။



Categories

Other trending posts

1/11
bottom of page