ကလေးယူပြီးနောက်မှာ မိခင်တစ်ယောက်ရဲ့ ဘဝမှာ အပြောင်းအလဲများစွာဖြစ်နိုင်ပြီး အထူးသဖြင့် အလုပ်ခွင်ကို ပြန်သွားမှာလား၊ အိမ်မှာပဲ ကလေးကို အပြည့်အဝ ဂရုစိုက်မှာလား ဆိုတာ မိခင်တိုင်းအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်လာပါတယ်။ ကိုယ်တိုင် ရွေးချယ်မှုကြောင့်ပဲဖြစ်ဖြစ် အခြေအနေ အရပဲဖြစ်ဖြစ် Working mom သို့မဟုတ် Stay at Home Mom ဖြစ်လာတဲ့အခါ ကွာခြားမှုတွေ...
အမျိုးသမီးတစ်ယောက်မှ မိခင်တစ်ယောက်ဘဝကို ပထမဆုံးအနေနဲ့ ပြောင်းလဲပြီဆိုတဲ့အခါမှာ စိတ်လှုပ်ရှားစရာကောင်းသလို ဒါဟာ စိန်ခေါ်မှုတခုလည်း ဖြစ်ပါတယ်။ တချို့က ကြိုတင်ပြင်ဆင်ထားပြီးမှ ရင်သွေးယူကြတာလည်း ရှိနိုင်သလို မမျှော်လင့်ပဲနဲ့ ရင်သွေး ရသွားတာလည်း ရှိတတ်ကြပါတယ်။ မည်သို့ပင်ဖြစ်ပါစေ ကလေးကို မွေးဖို့စဥ်းစားလိုက်ပြီဆိုတာနဲ့ ကြိုတင်ပြင်ဆင်ရမယ့် အရာတွေ များစွာ ရှိသလို စိတ်ပိုင်းဆိုင်ရာအားဖြင့်လည်း လေ့ကျင့်ထားဖို့ လိုပါတယ်။ ဒါကြောင့် မိခင်အသစ်တစ်ယောက် အတွက်...
စိတ်ဒဏ်ရာဆိုတာ စိတ်ကျန်းမာရေး ပြဿနာတွေထဲမှာ သတိပြုရမယ့် အခြေအနေတခု ဖြစ်သလို စိတ်ဒဏ်ရာနဲ့အတူ နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း အမြဲတွဲလေ့ ရှိပါတယ်။ အထူးသဖြင့် စိတ်ဒဏ်ရာခံစားရသူတွေဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာ ထိခိုက်မှုတွေ များစွာရှိတာကို လေ့လာမှုတွေအရ အခိုင်အမာ တွေ့ရှိထားပါတယ်။ စိတ်ဒဏ်ရာ ခံစားရတဲ့အခါ ခန္ဓာကိုယ်မှာ ထူးခြားတဲ့ သက်ရောက်မှုတွေ ဖြစ်ပျက်လေ့ ရှိပါတယ်။ အထူးသဖြင့် စိတ်ဒဏ်ရာကြောင့်...
စိတ်ဒဏ်ရာဟာ ကိုယ်တိုင်အတွက် ဆိုးကျိုးရှိနိုင်သလို အနားက ပတ်သက်ဆက်နွယ်သူတွေကိုပါ သက်ရောက်မှုတချို့ ရှိနေနိုင်ပါတယ်။ အထူးသဖြင့် ငယ်စဥ်က ရခဲ့တဲ့ စိတ်ဒဏ်ရာ၊ မိသားစုဆိုင်ရာ ပဋိပက္ခတွေ၊ အနိုင်ကျင့်စော်ကားခံရမှုတွေနဲ့ ကိုယ်ထိလက်ရောက် ကျုးလွန်ခံရတဲ့ အခြေအနေတွေဟာ Relationship တည်ဆောက်မှုမှာ ပြဿနာတချို့ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာတွေနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဒီကနေ မျှဝေပေးပါမယ်။ (၁) လက်တွဲဖော်ကို ယုံကြည်မှုအားနည်းမယ် စိတ်ဒဏ်ရာတွေဟာ...
စိတ်ဒဏ်ရာခံစားရသူ အများစုက ကိုယ့်ရဲ့ ခံစားမှုတွေကို လူသိမခံလိုကြသလို တဦးတည်း ကြိတ်မှိတ်ပြီး ခံစားလေ့ရှိကြပါတယ်။ တချို့ကလည်း ဒီလိုအခြေအနေမှာ တခြားသူတွေနဲ့ ဆက်သွယ်ရမှာကို တွန့်ဆုတ်ကြပြီး ဒါဟာ အချိန်ကြာလာတာနဲ့အမျှ စိတ်ဒဏ်ရာကို ပိုဆိုးစေနိုင်ပါတယ်။ ဒီအချိန်မှာ စိတ်ဒဏ်ရာနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ အကူအညီ အထောက်အပံ့ရရှိဖို့ ဆိုတဲ့ အချက်ဟာ အရေးကြီးလာပါပြီ။ ဒါပေမယ့် စိတ်ဒဏ်ရာခံစားရသူ အများစုဟာ...
လူတိုင်းရဲ့ ဘဝမှာ စိတ်ထိခိုက်ဖွယ်ရာ၊ ကြေကွဲဝမ်းနည်းဖွယ်ရာနဲ့ ကြောက်ရွံ့ဖွယ်ရာ အဖြစ်အပျက်တွေကို တွေ့ကြုံခဲ့ဖူးကြမှာပါ။ ဒါတွေဟာ ပြင်းထန်တဲ့ စိတ်ဒဏ်ရာအနေနဲ့ ထင်ကျန်ရစ်တဲ့အခါမှာ တိုက်ဆိုင်မှုရှိတိုင်း၊ ပြန်တွေးမိတိုင်း နာကျင်ခံစားရလေ့ရှိပါတယ်။ ဒဏ်ရာရဲ့ အတိမ်အနက်ပေါ် မူတည်ပြီး စိတ်ဒဏ်ရာတွေရဲ့ သက်ရောက်မှုဟာ ကိုယ့်ရဲ့ နေ့စဥ်ဘဝကို ထိရောက်နိုင်ပြီး တခါတရံမှာ အကူအညီယူ၊ ဖြေရှင်းရတာတွေ ရှိနိုင်ပါတယ်။ စိတ်ဒဏ်ရာကြောင့် အကူအညီလိုအပ်နေပြီလို့ သိနိုင်မယ့်...
စိတ်ဒဏ်ရာဟာ လူတိုင်းမှာ ကြုံတွေ့ရနိုင်သလို ခံစားရတဲ့ အခြေအနေနဲ့ နောက်ဆက်တွဲဆိုးကျိုးရဲ့ သက်ရောက်မှုဟာ တဦးနဲ့ တဦး မတူညီနိုင်ပါဘူး။ အဖြစ်အပျက်တခုကြောင့် စိတ်ဒဏ်ရာ ရှိနေပေမယ့် တချို့က ပုံမှန်အတိုင်း ရှေ့ဆက်ရှင်သန်နိုင်ကြသလို တချို့မှာတော့ စိတ်ဒဏ်ရာဟာ နေ့စဥ်ဘဝအတွက် ဆိုးရွားတဲ့ ပြဿနာတွေကို ခံစားရနိုင်ပြီး မဖြစ်မနေ ဖြေရှင်းဖို့ လိုအပ်လာနိုင်ပါတယ်။ စိတ်ဒဏ်ရာဖြစ်စေတဲ့ အဖြစ်အပျက်တခုကနေ ကျော်ဖြတ်ပြီးနောက်မှာ ဒီစိတ်ဒဏ်ရာကို...
စိတ်ဒဏ်ရာဆိုတာ လူတိုင်းရဲ့ ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တခုခု ဒါမှမဟုတ် အချိန်ကြာကြာ ကြုံတွေ့ရတဲ့ အရာတခုကြောင့် စိတ်ဖိစီးမှု၊ ကြောက်ရွံ့မှုနဲ့ စိတ်ထိခိုက်ခြင်းစတဲ့ စိတ်ကျန်းမာရေး ပြဿနာတွေကို ခံစားရတာ ဖြစ်ပါတယ်။ စိတ်ဒဏ်ရာတွေကို အသက်အရွယ်မရွေး အချိန်မရွေး ကြုံတွေ့နိုင်သလို အဖြစ်အပျက်ပြီးနောက် အချိန်ကြာတဲ့ တိုင်အောင် ခံစားနေရတတ်ပါတယ်။ စိတ်ဒဏ်ရာအကြောင်း၊ စိတ်ဒဏ်ရာရနိုင်တဲ့ အကြောင်းအရင်းတွေနဲ့ လက္ခဏာတွေအကြောင်းကို ဒီကနေ...
ချစ်ခြင်းမေတ္တာဟာ လေးနက်သလို လက်ထပ်ခြင်းက ဘဝနဲ့ ပတ်သက်တဲ့ ရွေးချယ်မှုဖြစ်ပါတယ်။ လက်ထပ်ခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်လာပြီဆိုရင် ချစ်ခြင်းမေတ္တာထက် ပိုတဲ့ နားလည်ခွင့်လွတ်မှု၊ ညှိနှိုင်းဆွေးနွေးမှုနဲ့ အနာဂတ်ရည်မှန်းချက်တွေကို အတူတူ ပုံဖော်နိုင်မှု စတာတွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုလာပြီ ဖြစ်ပါတယ်။ လက်ထပ်မယ့် ချစ်သူတွေအနေနဲ့ မျှော်လင့်ထားရမယ့် အရာတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။ (၁) နှစ်ဖက်မိသားစုကိစ္စများ ...
လူအများစုက Toxic Relationship မှာ ပိတ်မိနေမှာ ကြောက်ကြတယ်၊ Toxic ဖြစ်တဲ့သူနဲ့ ဆက်နွယ်ရမှာကို ပူပန်ကြတယ် ဆိုပေမယ့် ကိုယ်တိုင်က Toxic ဖြစ်နေနိုင်လား ဆိုတာကိုတော့ မတွေးမိကြပါဘူး။ ကိုယ့်ကြောင့် ချစ်ရသူကို မနာကျင်ရဖို့၊ ကိုယ်တန်ဖိုးထားတဲ့ Relationship ကို ကိုယ်တိုင် မဖျက်စီးမိဖို့ဆိုရင် ကိုယ်တိုင် Toxic မဖြစ်နေဖို့ အရေးကြီးပါတယ်။ ပထမဆုံး...