စိုးရိမ်မှုတွေလွန်ကဲလာတဲ့အခါ ရုတ်တရတ် နှလုံးခုန်နှုန်းတွေအရမ်းမြန်လာပြီးမောလာတာ၊ ချွေးတွေထွက်လက်ဖျားခြေဖျားတွေအေးပြီးမူးလာကာ အသက်ရှုလို့မဝဖြစ်တဲ့ ဖြစ်စဉ်ကိုတော့ Panic Attacks လို့ခေါ်ပါတယ်ရှင့် ။ ကြာချိန်အားဖြင့် မိနစ်အနည်းငယ်ခန့်ကနေ မိနစ်၂၀ နာရီဝက်လောက်ထိကြာတတ်ကြပါတယ် ။ ⚠️Panic Attack ဖြစ်ရတဲ့အကြောင်းအရင်း နဲ့ လက္ခဏာများ ။ Panic Attack ဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့ တိတိကျကျအသေအချာရှာဖွေသိရှိထားခြင်းမရှိပဲ များသောအားဖြင့်် Psychologically Causes ,...
❝ ပြသနာတွေဖြစ်လာရင် ဘယ်လိုလုပ်ရမလဲ ၊ တစ်ခုခုမကောင်းတာဖြစ်လာရင်ရော ၊ ဒီကိစ္စအဆင်မပြေမှာ စိတ်ပူတယ် ❞ ဆိုတဲ့ အလွန်အမင်း စိုးရိမ်ပူပန်နေတဲ့ အတွေးတွေဝင်လာဖူးတယ် ဆိုရင်တော့ သင့်မှာ သင်မသိထားလိုက်ခင် မှာပဲ ??????? ရှိနေတာဖြစ်ပါတယ် ။ ဒါ့ကြောင့် ဒီနေ့မှာတော့??????? နဲ့ပါတ်သတ်ပြီး သိထားသင့်တာ တွေ ၊ ကိုယ့်မှာရှိနေလား မရှိနေလားဆိုတာကို ကွဲပြားစွာသိစေဖို့နဲ့...
မိဘတစ်ယောက်အနေနဲ့ကလေးမှာစိတ်ဖိစီးမှုရှိမရှိကိုသိရှိနိုင်ရန်မိမိကလေးအမူအကျင့်ပြောင်းလာမှု လေ့လာစောင့်ကြည့်ရန် လိုအပ်ပါသည်၊ ကလေးအများစုသည် မိမိတို့ နေထိုင်ရာပတ်ဝန်းကျင် အခြေအနေပေါ်လိုက်၍တုံ့ပြန်မှုအမျိုးမျိုးရှိတတ်ကြပါသည်။ လူမှုပတ်ဝန်းကျင်ယဉ်ကျေးမှုတွေဆိုတာ ကလည်း မိမိတို့ရဲ့ စိတ်ခံစားမှုတွေကို ဖော်ပြသည့်နည်းလမ်းများအပေါ် လွှမ်းမိုးမှုရှိပါတယ်။ စိတ်ဖိစီးမှုများပြီး အကျပ်အတည်းကြုံရသည့် အချိန်များတွင် ကလေးများသည် မိမိဘာသာ မည်သို့ဖြေရှင်းရမည်ကို သိရှိရန်အတွက် လူကြီးများ၏ အပြုအမူများနှင့် စိတ်ခံစားမှုများကို စောင့်ကြည့်တတ်ကြပါတယ်။ အချို့သော ပူဆွေးသောကရောက်မှုလက္ခဏာတွေက မထင်မရှားရှိနိုင်ပါ တယ်။ ကလေးရဲ့စိတ်ခံစားမှု...
လူတိုင်းလူတိုင်းမှာ သူတို့ရဲ့ဘဝတစ်လျှောက်မှာ ပြသနာတွေ၊အခက်အခဲတွေ၊စိတ်ညစ်စရာတွေဆိုတာရှိတတ်ကြပါတယ်။ ဒီလိုမျိုးကိုယ့်ရဲ့ဘဝမှာ အခက်အခဲပြသနာတွေရှိလာတဲ့အခါ စိတ်မွန်းကျပ်မှုတွေလည်းစတင်ပြီးဖြစ်ပေါ်လာကြပါတယ်။ဒီလိုမျိုးတစ်ယောက်ထဲ မွန်းကျပ်ပြီးနေနေတာ က ပိုပိုပြီးစိတ်ပိုင်းဆိုင်ရာအဆင်မပြေဖြစ်လာတတ်တာမလို့ ကျွန်မတို့တွေဟာ ရင်ဖွင့်ပြောဆိုဖို့လိုအပ်ပါတယ်ရှင့်။ ✅ ဒီလိုမျိုး ကျွန်မတို့တွေ ရင်ဖွင့်ပြောဆိုခြင်း အားဖြင့် – ▪️ကိုယ့်ရဲ့အခက်အခဲ၊စိတ်ခံစားချက်တွေကိမျိုသိပ်ထားလို့မွန်းကျပ်နေရတဲ့ခံစားချက်ကနေ လွှတ်ချလိုက်ရသလိုမျိုးပေါ့ပါးသွားပြီးစိတ်သက်သာရာရသွားပါလိမ့်မယ်။ ▪️ပြသနာတွေကိုရင်ဖွင့်ပြီးဆွေးနွေးတိုင်ပင်မယ်ဆိုရင်လည်း ကိုယ့်တစ်ယောက်ထဲအပင်ပန်းခံနေရမဲ့အစား အကြံဉာဏ်ဖြစ်စေ၊အကူအညီဖြစ်စေရနိုင်ပါတယ်။ ▪️ဒါ့အပြင် ကိုယ့်အနားမှာကိုယ့်အတွက်နားထောင်ပေးတဲ့သူရှိတဲ့အခါအထီးကျန်တာတွေလည်းဖြေးဖြေးချင်းလျော့ပါးလာပြီး၊ကိုယ့်ကိုကိုယ်ယုံကြည်မှုရရှိလာပါလိမ့်မယ်။ ✅ အကယ်၍ ကိုယ့်ကိုတစ်ယောက်ယောက်ကရင်ဖွင့်ပြောဆိုတဲ့အခါမှာ- “ဒီလောက်လေးကဘာမှမဟုတ်ပါဘူး “...
လက်ရှိအလုပ်ထဲမှာ ရောက်နေတဲ့လူတိုင်းကိုမေးချင်ပါတယ် အလုပ်ထဲမှာ ပျော်ကြရဲ့လား။ မပျော်ဘူးလို့ ဖြေခဲ့မယ်ဆိုရင်တော့ ဘာကြောင့်မပျော်တာလဲလို့ မေးချင်ပါတယ်။အလုပ်ထဲမှာ မပျော်နိုင်တဲ့ အကြောင်းအရင်းတွေကတော့ ပြောရမယ်ဆိုရင် အများကြီးရှိနေနိုင်မှာပါ ဒါပေမယ့် လို့အဓိကအကြောင်းအရင်းကို ကိုယ်တိုင်က မတွေးမိကြဘူး မသိကြဘူးဆိုရင်တော့ မိမိဘဝမှာနေ့စဉ်နဲ့ အမျှအိမ်မှာနေတာထက်အလုပ်မှာနေရတဲ့အချိန်က ပိုများတဲ့အတွက်လူတွေဟာများသောအားဖြင့် မိမိဘဝမှာလူဖြစ်ရကျိုးမနပ်သလို ခံစားလာရပြီး စိတ်ပန်းလူပန်းနဲ့ မိမိဘ၀ အခြေအနေကို ငြီးငွေ့စိတ်ပျက်လာ ကြပါတယ်။ ဒါကြောင့် အလုပ်ထဲမှာ...
ကျွန်မအနေနဲ့ ဒီရက်ပိုင်းထဲမှာ စိတ်ထဲမှာဝမ်းနည်းနေသလို၊ကိုယ့်ကိုကိုယ် Confidence လည်းမရှိသလိုတစ်ခုခုဆိုရင်ဘာမှလုပ်ချင်စိတ်မရှိပဲပျင်းရိတတ်လာတယ် ။ ညဘက်တွေလည်းအိပ်ပျော်ဖို့ခက်ခဲလာသလို ဘဝရဲ့အကြောင်းပြချက်က ဘာမှန်းသေချာမသိတော့သလိုမျိုး ဘဝရဲ့အဓိပ္ပါယ်ကလည်းပျောက်ဆုံးလာတယ် ။ အရင်ကလုပ်ခဲ့ဖူး၊ပျော်ခဲ့ဖူးတဲ့ကိစ္စတွေကိုလည်းအခုချိန်မှာစိတ်ဝင်စားမှုမရှိတော့ဘူး။ အရင်ကလောက်ကျွန်မမပျော်တော့ဘူး။ အတိတ်ကအချိန်တွေကသာကျွန်မအတွက်အကောင်းဆုံးအခိုက်အတံ့တွေဖြစ်နေပြီး လက်ရှိမှာတော့စိတ်လှုပ်ရှားတာပျော်ရတာဆိုတာတွေလည်းမရှိတော့ပဲဗလာကျင်းနေတယ်။တစ်ခါတစ်လေဆိုရင် ခန္ဓာကိုယ်ကလည်းဟိုနားနာလိုက်ဒီနားနာလိုက်ဖြစ်လိုက်သေးတယ်။ ငါတော့အသက်ကြီးနေပြီပဲ ငါ့ဘဝကဘာမှလည်းမထူးတော့ပါဘူး၊ငါအခုလုပ်နေတာတွေကမှန်ရောမှန်ရဲ့လား၊ Is This It ? စသည်ဖြင့် ကိုယ့်ကိုကိုယ် မေးခွန်းတွေထုတ်မိလာတယ် ။ သေချာဆုံးဖြတ်ချက်ချရမဲ့ကိစ္စတွေမှာလည်းအလောတကြီးတွေလုပ်မိလာသလို လုပ်သင့်တဲ့ကိစ္စတွေ၊အခွင့်အရေးတွေကိုလည်း တော်ပါပြီဟင့်အင်းမလုပ်ချင်ဘူး...
လူအများစုဟာ မိမိကိုယ်ကို ဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ်၊၊ ကိုယ့်မိသားစုအပေါ်၊ ကိုယ့်ကလေးအပေါ်၊ ကိုယ့်ဆွေမျိုးသားချင်း၊ သူငယ်ချင်းမိတ်ဆွေတွေအပေါ်ကိုပဲအမြဲလိုလို ကိုယ့်စိတ်က မသိလိုက်ခင်မှာပဲ ဂရုစိုက်ပြီးသား ဖြစ်နေတတ်ကြပါတယ်၊၊ မိမိကိုယ်ကိုဂရုစိုက်ခြင်း ( Self-Care) မလုပ်တာကြာတော့ပျော်ရွှင်မှုမရှိဖြစ်လာတတ်ပါတယ်၊၊ကိုယ်တိုင်လည်းသက်တောင့်သက်သာ မဖြစ်နေပါ၊၊ စိတ်အလိုမကျဖြစ်ခြင်း (frustration)၊ ဆက်ဆံရေး အဆင်မပြေဖြစ်ခြင်း တို့ဖြစ်တတ်ပါသည်၊၊ မိမိကိုယ်ကိုဂရုစိုက်ခြင်း ( Self-Care) လုပ်ခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာပိုမိုကောင်းမွန်စေရန် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးခြင်း၊ ယောဂလုပ်ခြင်း၊ လမ်းလျှောက်ခြင်း၊...
အားကစားလုပ်ခြင်းဟာမိမိရဲ့ခန္ဓာကိုယ်ကိုကျန်းမာကြံ့ခိုင်စေဖို့နဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို တက်ကြွစွာလုပ်ကိုင်ဖို့အထောက်အကူပေးနိုင်တယ်ဆိုတာအားလုံးပဲသိပြီးသားဖြစ်မှာပါ။ လူတစ်ယောက်သည်အားကစားလုပ်ခြင်းဖြင့်စိတ်ကျန်းမာရေးကိုကောင်းမွန်စွာပြောင်းလဲမှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဥပမာ-ပုံမှန်လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာတွေဟာလည်း လေ့ကျင့်ခန်းလုပ် တာနဲ့ အတူတူပါပဲ။ နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် အမောခံနိုင်တယ်၊ သက်လုံကောင်းလာမယ်။ အရိုးနဲ့ ကြွက်သားကို သန်မာလာစေမယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေမယ်။ မှတ်ဉာဏ်ကောင်းစေတယ်။ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုလွန်ကဲတဲ့ ရောဂါ အစရှိတဲ့ စိတ်ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်။ အားကစားလုပ်ပေးခြင်းဖြင့် စိတ်ဓာတ်ကျခြင်းကို...
လူများဟာ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့အရေးကြီးတယ်ဆိုတာ သိကြပေမယ့် ကိုယ့်ရဲ့စိတ်ကိုလည်း ဂရုစိုက်ပေးရမယ် ဆိုတာကိုတော့ လူတော်တော်များများ မေ့နေတတ်ကြပါတယ်။ လူတွေရဲ့စိတ်နဲ့ကိုယ်ခန္ဓာကချိတ်ဆက်နေပါတယ်။အဲ့လိုပဲ ကိုယ့်ရဲ့ခန္ဓာကိုယ်က ပင်ပန်းနေပြီဆိုရင်လည်း စိတ်ကိုဆိုးကျိုးတွေဖြစ်ပေါ်စေပါတယ်။ တရားထိုင်တယ်ဆိုတာ စိတ်နဲ့အလုပ်တွဲလုပ်ပြီး တည်ငြိမ်မှုနှင့်အေးချမ်းမှုကို ရယူတာပဲဖြစ်ပါတယ်။ တရားထိုင်ခြင်းအားဖြင့် စိတ်ထဲမှာရှိနေတဲ့ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတွေကို လျော့ကြစေပြီး စိတ်ကို ရှင်းရှင်းလင်းလင်းဖြစ်စေပါတယ်။ အဲ့အတွက် အမှားလုပ်တာလည်းနည်းစေပြီး ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကို ပို၍ချမှတ်...
Journaling လုပ်ခြင်းဟာ ကိုယ့်အိုင်ဒီယာကို ခြေရာခံနိုင်ဖို့ အကောင်းဆုံးချဉ်းကပ်နည်းပါပဲ။ ယခုအချိန် Social Media ပေါ်မှာ Journaling trend ဖြစ်လာတယ်လို့ ပြောနိုင်ပါတယ်။ ကိုယ်တိုင် Doodles ပုံလေးတွေ ဆွဲ ၊ Sticker လေးတွေ၊ Cute type ဆန်ဆန် ၊ Classic ဆန်ဆန်၊ Vintage ဆန်ဆန် အရောင်လေးတွေသုံးပြီး...