တခါတရံမှာ စိတ်ခံစားချက် ပြင်းထန်တဲ့အခါ ဦးနှောက်ရဲ့ စဥ်းစားတွေးခေါ်နိုင်မှု အပိုင်းတွေ၊ မှတ်သားနိုင်စွမ်းတွေမှာ သက်ရောက်မှု ဖြစ်နိုင်ပါတယ်။ ဒါက ဘာကြောင့်လဲဆိုရင် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေက စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို လွှမ်းမိုးမှု တချို့ ရှိနေလို့ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ဦးနှောက် အာရုံကြော စနစ်နဲ့ စိတ်ပညာဆက်စပ်မှုကို လေ့လာတဲ့ စိတ်ပညာရဲ့ ဘာသာရပ်ခွဲ တခုကတော့ Neuropsychology...
တစုံတယောက်က သင်ယူမှုတခုကို လက်ခံသင်ယူတဲ့ နည်းလမ်း၊ မှတ်သားတဲ့ ပုံစံ ကွဲပြားတာနဲ့အမျှ သင်ခန်းစာကို နားလည်နိုင်စွမ်းနဲ့ ပြန်လည်အသုံးချနိုင်တဲ့ အတိုင်းအတာတွေက မတူညီနိုင်ပါဘူး။ ဒါတွေကို စနစ်တကျ လေ့လာပြီး သင်ကြားရေး အပိုင်းနဲ့ လူသားတွေရဲ့ စိတ်ပညာ ဆက်စပ်မှုကို လေ့လာတဲ့ ဘာသာရပ်ကတော့ Educational Psychology (ပညာရေး စိတ်ပညာ) ဖြစ်ပါတယ်။ ပညာရေးစိတ်ပညာရဲ့ အဓိကအချက်များ၊...
လူတွေဟာ အပေါင်းအသင်း၊ အသိုင်းအဝန်းနဲ့ နေရတာဖြစ်တာနဲ့ အညီ လူမှုပတ်ဝန်းကျင်အနေနဲ့ လူတစ်ဦးစီရဲ့ ခံစားချက် ၊ အပြုအမူနဲ့ အတွေးတွေပေါ်မှာ များစွာသက်ရောက်မှု ရှိနေပါတယ်။ အထူးသဖြင့် လူမှုပတ်ဝန်းကျင်မှာ ကိုယ့်ကို ဘယ်လိုလူအဖြစ် မြင်စေချင်တယ်၊ ကိုယ်က တဖက်လူကို ဘယ်လိုမျိုးသဘောထားတယ် စတဲ့ အချက်တွေဟာ (Social Psychology) လူမှုစိတ်ပညာ ကို အခြေခံထားတာ ဖြစ်ပါတယ်။ ...
ဘဝမှာ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ ၊ စိန်ခေါ်မှုတွေ ကြုံကြရတဲ့အခါ စိတ်ပိုင်းဆိုင်ရာအားဖြင့် ပင်ပန်းအားငယ်တတ်ကြပြီး နောက်ဆက်တွဲ စိတ်ပြဿနာတွေကို ခံစားရတတ်ပါတယ်။ ဒါတွေကို နှစ်သိမ့်ပေးပြီး မလိုလားအပ်တဲ့ စိတ်ကျန်းမာရေး ပြဿနာတွေကနေ ကာကွယ်ပေးတဲ့ ပညာရပ်ကတော့ Counseling psychology (နှစ်သိမ့်ဆွေးနွေးမှု စိတ်ပညာရပ်) ပဲ ဖြစ်ပါတယ်။ ဒီ ဘာသာရပ်ဟာ လူတွေရဲ့ နေ့စဥ် တွေ့ကြုံရနိုင်တဲ့...
ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကို လေ့လာခြင်းက စိတ်ပညာကို နားလည်ရာမှာ အထောက်အကူပြုပါတယ်။ ဒါကို ဘာသာရပ်တခုအနေနဲ့ အသေးစိတ်လေ့လာတာကတော့ သိမြင်မှုဆိုင်ရာ စိတ်ပညာရပ် (Cognitive Psychology) ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် Cognitive Psychology ဟာ လူတစ်ယောက်ရဲ့ အတွေး၊ မှတ်ဉာဏ်နဲ့ သင်ယူမှု စတာတွေကို လေ့လာခြင်းအားဖြင့် လူတွေက သူတို့ရဲ့ အတွေ့အကြုံတွေကို ဘယ်လို...
လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ စိတ်ခံစားမှုဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာ ပြဿနာတွေကို ဖြစ်စေတဲ့ စိတ်ရောဂါတွေအကြောင်းကို စနစ်တကျ လေ့လာတဲ့ စိတ်ပညာရပ်က Clinical Psychology ဘာသာရပ် ဖြစ်ပါတယ်။ အထူးသဖြင့် ခံစားနေရတဲ့ ရောဂါလက္ခဏာ အလိုက် ဖြစ်နိုင်ချေရှိတဲ့ စိတ်ရောဂါတွေကို ရှာဖွေ ဖော်ထုတ်ပြီး ရောဂါအခြေအနေကို သက်သာစေဖို့ လေ့လာကုသပေးတဲ့ ဘာသာရပ်တခု ဖြစ်ပြီး စိတ်ပညာလောကမှာ...
စိတ်ပညာ (Psychology) ကို အခုနောက်ပိုင်း လူအများစု စိတ်ဝင်စားလေ့လာလာကြသလို Psychology နဲ့ ပတ်သက်တဲ့ ကုထုံးတချို့ကလည်း တချို့လူတွေအတွက် မစိမ်းတဲ့အရာတွေ ဖြစ်လာပါတယ်။ ဒါပေမယ့် တချို့ကလည်း Psychology လို့ခေါ်တဲ့ စိိတ်ပညာနဲ့ Psychiatry ဆိုတဲ့ စိတ်ရောဂါကုသမှု ပညာနှစ်ခုကို မကွဲပြားကြတာလည်း ရှိနေတာကြောင့် စိတ်ပညာကုထုံး နှစ်ခုရဲ့ ခြားနားချက်တချို့ကို ဒီကနေ မျှဝေပေးချင်ပါတယ်။ ...
ဒေါသကြီးတတ်တဲ့ မိတ်ဆွေတစ်ယောက် သင့်မှာ ရှိနေတယ်၊ anger issue ရှိနေတဲ့ မိတ်ဆွေတစ်ယောက် သင့်မှာ ရှိနေတယ်၊ ဒေါသကို ထိန်းချုပ်ရခက်တာကြောင့် သူ့ရဲ့ ဘဝမှာ အဆင်မပြေမှုတွေ ကြုံနေရတယ်ဆိုရင် သင့်အနေနဲ့ ဖေးမ ကူညီပေးဖို့ လိုပါတယ်။ တခါတရံမှာ ဒေါသကို ထိန်းချုပ်ဖို့အတွက် အနီးအနားက တစုံတယောက်ရဲ့ ဂရုစိုက်ကူညီမှုက များစွာ အထောက်အကူပြုတာကြောင့် နည်းလမ်းလေးတွေ...
ဒေါသကို ထိန်းချုပ်နိုင်စွမ်း အားနည်းတဲ့အခါမှာ စိတ်ခံစားချက်တွေ ပြင်းထန်နိုင်တာကြောင့် ကျိုးကြောင်းဆင်ခြင်မှု အားနည်းနိုင်ပါတယ်။ ဒီအချိန်မှာ ကိုယ်တိုင်အတွက်ရော တခြားသူတွေအတွက်ကိုပါ အန္တရာယ်ရှိစေတဲ့ အပြုအမူတွေ ကို ပြုလုပ်လေ့ရှိကြပါတယ်။ ဒီလိုနဲ့ပဲ မထင်မှတ်ထားတဲ့ ပြဿနာတွေ ဖြစ်နိုင်သလို နောင်တရစေမယ့် ဖြစ်ရပ်တွေကို ကျုးလွန်မိနိုင်တာကြောင့် ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။ (၁) သတိပေး လက္ခဏာတွေကို ထိန်းချုပ်ပါ ဒေါသရဲ့...
ဒေါသ ဆိုတာ ပြင်ပ လှုံ့ဆော်မှုတခုကို ရုတ်တရက် အလျင်အမြန် တုန့်ပြန်ရာကနေ ဖြစ်ပေါ်လာတဲ့ သဘာဝ ခံစားချက်တခု ဖြစ်ပါတယ်။ ဒီလို ဒေါသကြောင့် နောက်ဆက်တွဲ အနေနဲ့ အမှားအယွင်းတွေ ပြုလုပ်မိနိုင်သလို ပေါင်းသင်းဆက်ဆံရေးမှာလည်း မထင်မှတ်ထားတဲ့ ပြဿနာတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် နေ့စဥ်ဘဝမှာ ဒေါသ ကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။ ...