လူတိုင်း လူတိုင်းမှာ ပင်ကိုယ်စွမ်းရည်၊ အားသာချက်၊ ကိုယ်ပိုင်အရည်အချင်းနဲ့ ကိုယ့်ကိုကိုယ် နားလည်နိုင်စွမ်းတွေ ရှိကြပြီး ဒီအရာတွေက ကိုယ်တိုင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကုစားနိုင်တယ်လို့ စိတ်ပညာအားဖြင့် လက်ခံထားတဲ့ သီအိုရီ တွေ ရှိပါတယ်။ ဒီ သီအိုရီကို အသုံးပြုတဲ့ ကုထုံးကို လူသား အခြေပြု စိတ်ပညာကုထုံး တနည်းအားဖြင့် Person Centered Therapy...
စိတ်ကျဝေဒနာ ခံစားနေရတဲ့ သူတွေ နဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်ရဲ့ အယူအဆ လွဲမှားမှု တခုကတော့ စိတ်ကျခြင်း ခံစားရတယ်ဆိုတာ အားနည်းလို့၊ မတော်လို့၊ မထက်မြက်လို့၊ ကိုယ့်တာဝန် ကိုယ်မယူနိုင်လို့ စသဖြင့် ထင်မြင်ကြတဲ့ အတွေးတွေဖြစ်ပါတယ်။ ဒီလို အတွေးတွေ ရှိနေခြင်းကြောင့် စိတ်ကျဝေဒနာ ခံစားနေရသူတွေကို နားမလည်ပေးနိုင်တာ၊ ခွဲခြားဆက်ဆံတာနဲ့ အပြစ်တင် ဝေဖန်တာတွေ ရှိနေနိုင်တာကြောင့်...
စိတ်ကျဝေဒနာ ခံစားရတဲ့အခါ နောက်ဆက်တွဲ ပြဿနာနဲ့ ဆိုးကျိုးတွေ ရှိနိုင်တာကြောင့် အချိန်မှီ ကုသဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် စိတ်ကျခြင်း ဖြစ်ရတဲ့ အကြောင်းအရင်းကို ရှာဖွေဖို့ နဲ့ လက္ခဏာတွေ သက်သာစေဖို့ သင့်တော်မယ့် နည်းလမ်းရှာဖွေဖို့အတွက်ဆိုရင် စိတ်ကျဝေဒနာ ခံစားနေရသူတွေအတွက် လိုအပ်တဲ့ ကုသမှုရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါ့ကြောင့် စိတ်ကျဝေဒနာအတွက် ကုထုံးတွေရဲ့ အရေးပါပုံကို...
စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေထဲမှာ စိတ်ကျဝေဒနာ (Depression) ဟာ အဖြစ်များသလို များသောအားဖြင့် ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အခါ သက်သာသွားလေ့ရှိပါတယ်။ တကယ်လို့ သင့်ရဲ့ စိတ်ကျဝေဒနာက အချိန်ကာလ ကြာမြင့်လာပြီ ဆိုရင်တော့ ဒါဟာ သင့်ရဲ့ ဘဝ အရည်အသွေး၊ အလုပ်နဲ့ Relationship တွေမှာ သက်ရောက်မှု များလာနိုင်ပါတယ်။ တနည်းအားဖြင့် ဒါဟာ နာတာရှည် စိတ်ကျဝေဒနာ ခံစားနေရပြီလို့လည်း...
စိတ်ကျဝေဒနာ (Depression) ဆိုတာ လူတိုင်း အချိန််မရွေး ဖြစ်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတခု ဖြစ်တာကြောင့် ကိုယ်တိုင် အပါအဝင် ကိုယ်ချစ်ခင်ရတဲ့ သူတွေဟာလည်း တချိန်မဟုတ် တချိန် စိတ်ကျဝေဒနာကို ကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုမျိုး ကိုယ်ချစ်ခင်ရတဲ့ မိတ်ဆွေ၊ မိသားစုဝင်တွေမှာ စိတ်ကျဝေဒနာ ခံစားရပြီဆိုရင် ကူညီပေးနိုင်တဲ့ နည်းလမ်းတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။ (၁) သင်ကိုယ်တိုင်...
စိတ်ကျဝေဒနာ ဆိုတာ သာမန် ဝမ်းနည်းတာ ၊ စိုးရိမ်ပူပန်တာထက် ပိုတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တခုဖြစ်ပါတယ်။ စိတ်ကျဝေဒနာ ခံစားရသူတွေဟာ သာမန်လူတွေထက် လူမှုရေး၊ အလုပ်အကိုင် ၊ ပညာ သင်ကြားရေး၊ ဘဝရပ်တည်ချက်အပိုင်းနဲ့ ခန္ဓာကိုယ်ကျန်းမာရေးမှာ ဆိုးကျိုးများစွာ ရှိနိုင်တယ်ဆိုတာကို လေ့လာမှုတွေမှာ တွေ့ရှိထားပါတယ်။ ဒါ့ကြောင့် စိတ်ကျဝေဒနာက နေ့စဥ်ဘဝရဲ့ ဘယ်အစိတ်အပိုင်းတွေမှာ သက်ရောက်မှု...
စိတ်ကျဝေဒနာ (Depression) လို့ ပြောလိုက်ရင် လူတိုင်းနဲ့ မစိမ်းတဲ့ စိတ်ကျန်းမာရေး အခြေအနေဖြစ်သလို ကမ္ဘာပေါ်က လူသန်းပေါင်းများစွာဟာ စိတ်ကျဝေဒနာကို တချိန်မဟုတ် ခံစားနေကြရပါတယ်။ စိတ်ကျဝေဒနာဟာ နေ့စဉ်ဘဝကို များစွာ သက်ရောက်မှု ရှိနိုင်သလို အချိန်မှီ မဖြေရှင်းဘူးဆိုရင် နောက်ဆက်တွဲဆိုးကျိုး ရှိနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ကျရောဂါရဲ့ လက္ခဏာတွေကို ကြိုတင် သတိပြုနိုင်ဖို့ ဒီကနေ မျှဝေပေးချင်ပါတယ်။ ...
စိတ်ပူပန်စရာ အခြေအနေ ၊ ကျန်းမာရေး ဆိုင်ရာ ပြဿနာ တခုခုကြောင့် အိပ်မပျော်ခြင်း လူတိုင်းမှာ ဖြစ်လေ့ရှိပေမယ့် အိပ်မပျော်ခြင်းက ရက်သတ္တပတ်တွေ ဆက်လာမယ်၊ လနဲ့ ချီပြီး အိပ်မရတာတွေ ဖြစ်လာမယ် ဆိုရင်တော့ ဒါက နေ့စဥ် အတွက် ထိခိုက်မှု ဖြစ်လာနိုင်သလို ခန္ဓာကိုယ်ကိုပါ သက်ရောက်မှု ရှိလာနိုင်ပါတယ်။ အခုပြောပြမှာကတော့ ဒီလိုမျိုး ရေရှည်...
တနေ့တာ စပြီ ဆိုတာနဲ့ တချို့က အလုပ်အတွက် လုပ်ငန်းစဥ်တွေ အပြည့်ရှိနေတတ်ကြသလို တချို့ကလည်း အလုပ် မိသားစုနဲ့ တခြား လူမှုရေး ကိစ္စတွေကြောင့် တနေ့တာ မအားလပ်နိုင်အောင် အလုပ်များ လေ့ရှိကြပါတယ်။ ဒီလို အလုပ်များသူတွေမှာ များသောအားဖြင့် အိပ်စက်ချိန်တွေ မလုံလောက်တာ၊ အိပ်ချိန် မမှန်တာတွေ ရှိနေတတ်ကြပြီး ဒါဟာ ရေရှည်မှာ ဆိုးကျိုး ဖြစ်နိုင်ပါတယ်။...
အိပ်စက်ခြင်းဆိုတာ လူတိုင်းရဲ့ နေ့စဉ် ဘဝမှာ မရှိမဖြစ် အရေးပါတဲ့ အရာတခု ဖြစ်ပါတယ်။ အထူးသဖြင့် အိပ်စက်နေစဉ်အတွင်းမှာ ခန္ဓာကိုယ်နဲ့ စိတ်ကို တစ်ရက်တာ အနားပေးသလို နောက်တစ်ရက်တာအတွက် ပြန်လည် အားအင်သစ် ရစေဖို့လည်း ကူညီပေးနိုင်ပါတယ်။ လုံလောက်တဲ့ အိပ်စက်ခြင်း မရရှိတဲ့အခါမှာ စိတ်ရော ကိုယ် ကျန်းမာရေးကိုပါ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ အိပ်ချိန် မပြည့်ဝတာကြောင့်...