အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ခံစားချက်အပြောင်းအလဲတွေကို ပိုမိုကြုံတွေ့ရလေ့ရှိပြီး ရာသီစက်ဝန်းကလည်း ဒီလို စိတ်ခံစားချက်တွေ အပေါ်မှာ သက်ရောက်စေတဲ့ အကြောင်းအရင်းတွေထဲက တခု ဖြစ်ပါတယ်။ ဒီလို စိတ်ခံစားချက်တွေကို ထိန်းချုပ်ရာမှာ နည်းလမ်းတွေများစွာ ရှိသလို နေ့စဥ်စားသောက်တဲ့ အစားအစာနဲ့ လေ့ကျင့်ခန်းကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ပထမဆုံးအနေနဲ့ အစားအသောက်က စိတ်ခံစားချက်ကို ထိန်းချုပ်ရာမှာ ပြုလုပ်ပေးတဲ့ အချက်တွေကို...
အမျိုးသမီးတွေမှာ သဘာဝအတိုင်း ရှောင်လွှဲလို့ မရတာကတော့ ရာသီစက်ဝန်းနဲ့ သူ့ရဲ့ နောက်ဆက်တွဲ ပြဿနာတွေပဲ ဖြစ်ပါတယ်။ ရာသီစက်ဝန်းရဲ့ သက်ရောက်မှုတွေဟာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေနိုင်ပြီး တချို့မှာတော့ self esteem လို့ ခေါ်တဲ့ ကိုယ့်ကိုကိုယ် တန်ဖိုးထားခြင်းကိုပါ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဘယ်လို နည်းအားဖြင့် ရာသီစက်ဝန်းရဲ့ အကျိုးသက်ရောက်မှုကနေ self esteem...
ရာသီလာတဲ့ အချိန်မှာ အလိုလိုနေရင်း ဝမ်းနည်းတာ၊ ဆတ်ဆတ်ထိမခံအောင် စိတ်တို ဒေါသထွက်တာတွေကို ကြုံရတယ်ဆိုရင် ဒါဟာ သဘာဝပါပဲ။ ဒီလို ရာသီစက်ဝန်းကာလမှာ အမျိုးသမီးတွေဟာ ဟော်မုန်းအပြောင်းအလဲ များစွာကြုံရတဲ့ အခိုက်အတန့်ဖြစ်သလို ဒီကာလမှာ စိတ်ခံစားချက်တွေ ပြင်းထန်လေ့ရှိပါတယ်။ ဒီလိုမျိုး ဘာကြောင့် ခံစားရတာလဲ၊ ရာသီစက်ဝန်းဟာ စိတ်ကျန်းမာရေးကို ဘယ်လို သက်ရောက်မှု ရှိနေတာလဲ ဆိုတာကို ဒီကနေ...
မိသားစုဝင်တဦး ဒါမှမဟုတ် ချစ်ရသူ ဆုံးရှုံးတာဟာ အစားထိုးမရတဲ့အရာတခုဖြစ်သလို ချစ်ရသူ မရှိတော့တဲ့ နေ့ရက်တွေဟာ ကျန်ရစ်သူအတွက်တော့ ခက်ခဲတဲ့ အချိန်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေကို ပြန်လည်ကုစားပြီး ခံစားမှုတွေလျော့ပါးသက်သာစေဖို့ဆိုရင် ကျန်ရစ်သူအနေနဲ့ အချိန်ယူ ကုစားရမှာဖြစ်သလို ကိုယ်တိုင်ဖြေရှင်းဖို့ ခက်ခဲမယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုနိုင်ပါတယ်။ ကျန်ရစ်သူအနေနဲ့ ချစ်ရသူမရှိတဲ့ နေ့ရက်တွေကို တစ်ဦးတည်း ရှေ့ဆက်နိုင်ဖို့ ပြုလုပ်ရမယ့်...
ချစ်ခင်ရတဲ့ သူ ဒါမှမဟုတ် တန်ဖိုးထားတဲ့အရာတခုကို ဆုံးရှုံးရတဲ့ အချိန်ဟာ ဖြေဆည်မရတဲ့ ဝမ်းနည်းမှုတွေကို ခံစားရနိုင်တဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ ဒီ ခံစားချက်တွေကို အနည်ထိုင်ဖို့ အချိန်ပေး ကုစားရမှာဖြစ်သလို တခါတရံမှာ တခြားသူတစ်ဦးရဲဲ့ အကူအညီကို လိုအပ်နိုင်ပါတယ်။ သင့်အနေနဲ့ ဆုံးရှုံးမှုတခုကြောင့် စိတ်ခံစားချက်တွေ ပြင်းထန်နေတယ်၊ ဒီခံစားချက်တွေ ဖြေလျော့ပေးနိုင်မယ့် စိတ်ကျန်းမာရေးဆိုင်ရာ အကူအညီတွေ လိုအပ်နေကြောင်း ဆန်းစစ်နိုင်မယ့်...
ဆုံးရှုံးမှုကြောင့် ကြေကွဲဝမ်းနည်းမှုတွေကို ခံစားရတဲ့အခါ အပြစ်ရှိသလို ခံစားရစိတ် (Guilt) ကိုပါ ယှဥ်တွဲပြီး ခံစားရလေ့ရှိပါတယ်။ အထူးသဖြင့် ချစ်ရသူဆုံးရှုံးတာ ၊ ကိုယ်မျှော်လင့်ထားတဲ့ အခွင့်အရေး တခုဆုံးရှုံးတာ ၊ ရေရှည် တည်ဆောက်ထားတဲ့ Relationship တခု ဆုံးရှုံးတာ စတဲ့ အခြေအနေတွေမှာ နာကျင်မှုနဲ့အတူ အပြစ်ရှိသလိုပါ ခံစားရနိုင်ပြီး ကိုယ့်ကိုကိုယ် ခွင့်လွတ်ဖို့ ခက်ခဲတာတွေ...
နေ့စဥ်အသက်ရှင်သန်နေတဲ့ နေ့ရက်တွေမှာ ကိုယ်မျှော်လင့်ထားတဲ့ အရာတွေလည်း ကြုံရတတ်သလို မျှော်လင့်မထားပဲ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ကံကြမ္မာရဲ့ ထိုးနှက်မှုတွေကိုလည်း ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ကြိုတင်မှန်းဆမထားတဲ့ ဆုံးရှုံးမှု တခုကို ကြုံတွေ့ရတဲ့အခါမှာ ရုတ်တရက် လက်ခံဖို့ ခဲယဥ်းသလို ဒီဆုံးရှုံးမှုကနေ ပြန်လည်နာလန်ထဖို့လည်း မလွယ်ကူနိုင်ပါဘူး။ ဒီလို ရုတ်ချည်း ဖြစ်ပျက်သွားတဲ့ ဆုံးရှုံးမှုတွေကြောင့် ဖြစ်နိုင်တဲ့ ခံစားချက်တွေနဲ့ ဒါတွေကို...
ဆုံးရှုံးမှုဆိုတာကို လူတိုင်းနီးပါး ခံစားဖူးကြမှာပါ။ ဒါပေမယ့် ဆုံးရှုံးမှုတွေ မတူညီနိုင်သလို ဆုံးရှုံးမှု တူညီရင်တောင် ခံစားရတဲ့ ခံစားချက်တွေက တစ်ဦးနဲ့ တစ်ဦး မတူညီနိုင်ပါဘူး။ တချို့က ကိုယ် ချစ်ခင်ရသူတွေနဲ့ သေခွဲ ၊ ရှင်ခွဲ ခွဲခွာရတာကြောင့် ချစ်ရသူတွေ ဆုံးရှုံးသွားတယ်။ တချို့က ကိုယ်တန်ဖိုးထားတဲ့ အရာတွေ ၊ အလုပ်တွေ အခွင့်အရေးတွေ ဆုံးရှုံးသွားတယ်။...
တခါတရံ သင်ခံစားနေရတဲ့ ပြဿနာတွေကို တစုံတယောက်ကို ရင်ဖွင့်လိုက်တဲ့အခါ စိတ်ထဲပေါ့ပါးသွားတာ ကြုံဖူးမှာပါ။ သင်ကြုံနေရတဲ့ အခက်အခဲနာကျင်မှုတွေက ချစ်ခင်ရတဲ့ တစုံတယောက်ရဲ့ ဂရုစိုက်မှုတွေကြောင့် လျော့ပါးသက်သာသွားနိုင်ပါတယ်။ ဒါပေမယ့် ဒီလို သင့်ရဲ့ပြဿနာကို ချစ်ရသူနဲ့ မျှဝေတာဟာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အထူးသဖြင့် သင့်ရဲ့ ရောဂါ၊ ခံစားမှုတွေအကြောင်းကို ချစ်ရသူကို ပြောပြဖို့ လိုအပ်နေတယ်၊ ဖွင့်ပြောဖို့လည်း...
သင်ချစ်ရသူ ဒါမှမဟုတ် မိသားစုဝင်တစ်ဦးက ရောဂါဝေဒနာ တစ်ခုခုကို ခံစားနေရတယ်၊ သင့်အနေနဲ့လည်း သူ့ကို အနီးကပ် ပြုစုစောင့်ရှောက်နေရတယ် ဆိုရင် ဒါဟာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အထူးသဖြင့် နာတာရှည် ရောဂါတွေ ၊ ပြင်းထန်တဲ့ ရောဂါတွေကို ချစ်ရသူက ခံစားနေရတယ်ဆိုရင် သင့်ရဲ့ အကူအညီကို အချိန်ကြာကြာ လိုအပ်နေမှာဖြစ်ပါတယ်။ ဒီလိုနဲ့ ရေရှည်မှာ...