Search on this blog

Search on this blog

ကျွန်မအနေနဲ့ ဒီရက်ပိုင်းထဲမှာ စိတ်ထဲမှာဝမ်းနည်းနေသလို၊ကိုယ့်ကိုကိုယ် Confidence လည်းမရှိသလိုတစ်ခုခုဆိုရင်ဘာမှလုပ်ချင်စိတ်မရှိပဲပျင်းရိတတ်လာတယ် ။ ညဘက်တွေလည်းအိပ်ပျော်ဖို့ခက်ခဲလာသလို ဘဝရဲ့အကြောင်းပြချက်က ဘာမှန်းသေချာမသိတော့သလိုမျိုး ဘဝရဲ့အဓိပ္ပါယ်ကလည်းပျောက်ဆုံးလာတယ် ။ အရင်ကလုပ်ခဲ့ဖူး၊ပျော်ခဲ့ဖူးတဲ့ကိစ္စတွေကိုလည်းအခုချိန်မှာစိတ်ဝင်စားမှုမရှိတော့ဘူး။ အရင်ကလောက်ကျွန်မမပျော်တော့ဘူး။ အတိတ်ကအချိန်တွေကသာကျွန်မအတွက်အကောင်းဆုံးအခိုက်အတံ့တွေဖြစ်နေပြီး လက်ရှိမှာတော့စိတ်လှုပ်ရှားတာပျော်ရတာဆိုတာတွေလည်းမရှိတော့ပဲဗလာကျင်းနေတယ်။တစ်ခါတစ်လေဆိုရင် ခန္ဓာကိုယ်ကလည်းဟိုနားနာလိုက်ဒီနားနာလိုက်ဖြစ်လိုက်သေးတယ်။ ငါတော့အသက်ကြီးနေပြီပဲ ငါ့ဘဝကဘာမှလည်းမထူးတော့ပါဘူး၊ငါအခုလုပ်နေတာတွေကမှန်ရောမှန်ရဲ့လား၊ Is This It ? စသည်ဖြင့် ကိုယ့်ကိုကိုယ် မေးခွန်းတွေထုတ်မိလာတယ် ။ သေချာဆုံးဖြတ်ချက်ချရမဲ့ကိစ္စတွေမှာလည်းအလောတကြီးတွေလုပ်မိလာသလို လုပ်သင့်တဲ့ကိစ္စတွေ၊အခွင့်အရေးတွေကိုလည်း တော်ပါပြီဟင့်အင်းမလုပ်ချင်ဘူး...
လူအများစုဟာ မိမိကိုယ်ကို ဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ်၊၊ ကိုယ့်မိသားစုအပေါ်၊ ကိုယ့်ကလေးအပေါ်၊ ကိုယ့်ဆွေမျိုးသားချင်း၊ သူငယ်ချင်းမိတ်ဆွေတွေအပေါ်ကိုပဲအမြဲလိုလို ကိုယ့်စိတ်က မသိလိုက်ခင်မှာပဲ ဂရုစိုက်ပြီးသား ဖြစ်နေတတ်ကြပါတယ်၊၊ မိမိကိုယ်ကိုဂရုစိုက်ခြင်း ( Self-Care) မလုပ်တာကြာတော့ပျော်ရွှင်မှုမရှိဖြစ်လာတတ်ပါတယ်၊၊ကိုယ်တိုင်လည်းသက်တောင့်သက်သာ မဖြစ်နေပါ၊၊ စိတ်အလိုမကျဖြစ်ခြင်း (frustration)၊ ဆက်ဆံရေး အဆင်မပြေဖြစ်ခြင်း တို့ဖြစ်တတ်ပါသည်၊၊ မိမိကိုယ်ကိုဂရုစိုက်ခြင်း ( Self-Care) လုပ်ခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာပိုမိုကောင်းမွန်စေရန် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးခြင်း၊ ယောဂလုပ်ခြင်း၊ လမ်းလျှောက်ခြင်း၊...
အားကစားလုပ်ခြင်းဟာမိမိရဲ့ခန္ဓာကိုယ်ကိုကျန်းမာကြံ့ခိုင်စေဖို့နဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို တက်ကြွစွာလုပ်ကိုင်ဖို့အထောက်အကူပေးနိုင်တယ်ဆိုတာအားလုံးပဲသိပြီးသားဖြစ်မှာပါ။ လူတစ်ယောက်သည်အားကစားလုပ်ခြင်းဖြင့်စိတ်ကျန်းမာရေးကိုကောင်းမွန်စွာပြောင်းလဲမှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဥပမာ-ပုံမှန်လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာတွေဟာလည်း လေ့ကျင့်ခန်းလုပ်တာနဲ့ အတူတူပါပဲ။ နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် အမောခံနိုင်တယ်၊ သက်လုံကောင်းလာမယ်။ အရိုးနဲ့ ကြွက်သားကို သန်မာလာစေမယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေမယ်။ မှတ်ဉာဏ်ကောင်းစေတယ်။ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုလွန်ကဲတဲ့ ရောဂါ အစရှိတဲ့ စိတ်ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်။ အားကစားလုပ်ပေးခြင်းဖြင့် စိတ်ဓာတ်ကျခြင်းကို ဖယ်ထုတ်နိုင်တယ်။...
လူများဟာ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့အရေးကြီးတယ်ဆိုတာ သိကြပေမယ့် ကိုယ့်ရဲ့စိတ်ကိုလည်း ဂရုစိုက်ပေးရမယ် ဆိုတာကိုတော့ လူတော်တော်များများ မေ့နေတတ်ကြပါတယ်။ လူတွေရဲ့စိတ်နဲ့ကိုယ်ခန္ဓာကချိတ်ဆက်နေပါတယ်။အဲ့လိုပဲ ကိုယ့်ရဲ့ခန္ဓာကိုယ်က ပင်ပန်းနေပြီဆိုရင်လည်း စိတ်ကိုဆိုးကျိုးတွေဖြစ်ပေါ်စေပါတယ်။ တရားထိုင်တယ်ဆိုတာ စိတ်နဲ့အလုပ်တွဲလုပ်ပြီး တည်ငြိမ်မှုနှင့်အေးချမ်းမှုကို ရယူတာပဲဖြစ်ပါတယ်။ တရားထိုင်ခြင်းအားဖြင့် စိတ်ထဲမှာရှိနေတဲ့ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတွေကို လျော့ကြစေပြီး စိတ်ကို ရှင်းရှင်းလင်းလင်းဖြစ်စေပါတယ်။ အဲ့အတွက် အမှားလုပ်တာလည်းနည်းစေပြီး ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကို ပို၍ချမှတ်...
Journaling လုပ်ခြင်းဟာ ကိုယ့်အိုင်ဒီယာကို ခြေရာခံနိုင်ဖို့ အကောင်းဆုံးချဉ်းကပ်နည်းပါပဲ။ ယခုအချိန် Social Media ပေါ်မှာ Journaling trend ဖြစ်လာတယ်လို့ ပြောနိုင်ပါတယ်။ ကိုယ်တိုင် Doodles ပုံလေးတွေ ဆွဲ ၊ Sticker လေးတွေ၊ Cute type ဆန်ဆန် ၊ Classic ဆန်ဆန်၊ Vintage ဆန်ဆန် အရောင်လေးတွေသုံးပြီး...
လူတိုင်းဟာ ကိုယ့်ဘဝကိုအဆိပ်အတောက်ဖြစ်စေတဲ့ လူတွေကိုသိလျက်နဲ့ မိမိအနားဆက်ထားနေဖို့ ဆိုတာအကြောင်းမရှိပါဘူး။ ဥပမာ-ချစ်သူ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် တစ်နည်းနည်းအရပတ်သတ်ဆက်နွယ်နေရတဲ့လူတချို့စသည်ဖြင့်သင်ထိတွေ့ဆက်ဆံမိတိုင်း သင့်ကိုယ်သင်ညစ်ညမ်း သွားစေတယ် အကျိုးယုတ်စေတယ်လို့ ခံစားရစေတယ်ဆိုရင် သူတို့ဟာကိုယ့်ဘဝအတွက် Toxicပါပဲ။ လူတစ်ယောက်နှင့်တွေ့ဆုံတဲ့အခါကိုယ့်အတွေးတွေပါ Negativeဘက်ကိုပိုပြီးပြောင်းလဲလာစေတယ်ဆိုရင် ဒီလူဟာကိုယ့်အတွက်အဆိပ်လိုလူပါပဲ။ မိမိဘက်မှလုပ်ငန်းဆောင်တာများနှင့်ပတ်ဝန်းကျင်အပေါ်ထိခိုက်လာစေမှရှောင်ရှားတာမျိုးမပြုလုပ်သင့်ပါ။တခြားသူတွေဘဝနဲ့ ကိုယ်ရောက်နေတဲ့ နေရာကိုနှိုင်းယှဉ်မိပြီး ကိုယ့်ကိုယ်ကိုယ် နည်းနည်းနိမ့်ကျနေတယ်လို့ခံစားရတဲ့အချိန်တွေရှိတတ်ပါတယ်။ မိမိမှာမရှိတဲ့အရာတွေကိုပဲမြင်ပါများတဲ့အခါ မိမိမှာရှိနေတဲ့ လုပ်နိုင်စွမ်းအားတွေကျလာပြီးကိုယ့်ကိုကိုယ် အားမလိုအားမရ ဖြစ်လာတတ်ပါတယ်။...
မိမိကိုယ်တိုင်စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်လာရတိုင်း အပူအပင်မရှိတဲ့ ကလေးဘဝကို တစ်ခါပြန်ပြီးရချင်သေးတယ်ဆိုပြီး တမ်းတခဲ့ကြဖူးပါလိမ့်မယ်။ တကယ်တမ်းပြန်စဉ်းစားကြည့်ရင် ကိုယ်ငယ်ငယ်က တကယ်ရောအပူအပင်မရှိခဲ့တာသေချာရဲ့လားပေါ့။ ကလေးတွေမှာလည်း လူကြီးတွေနဲ့မတူတဲ့ စိတ်ဖိစီးစရာလေးတွေ ခံစားချက်လေးတွေဟာသူ့အခြေအနေနဲ့သူရှိနေကြပါသည်။ ကျောင်းမှာအဆင်ပြေရဲ့လား၊ အိမ်ကပြဿနာတွေရော သူတို့နားလည်နေသလား၊ ဘာကိုစိုးကြောက်နေသလဲ၊ စိတ်ဖိစီးစေတဲ့အရာတွေ ရှိနေသလား ကိုယ့်ကလေးကို သတိထားကြည့်သင့်ပါတယ်။ သူတို့ဘာသာလည်း ဘာဖြစ်နေမှန်းမသိတဲ့စိတ်ဖိစီးမှုတွေအတွက် မိဘတွေကို ဖွင့်ပြောပြလာဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူး။ ကလေးအရွယ်ကတော့ ဘာကိုပဲဖြစ်ဖြစ် လူကြီးတွေနဲ့အမြင်မတူနိုင်တာ၊ လူကြီးတွေလောက်နားမလည်သေးတာသဘာဝမို့...
Basic Knowledge of Bipolar and Type of Bipolar စိတ်နေစိတ်ထားရောဂါများ (mood disorder) သည် များသောအားဖြင့် အလွန်ပြင်းထန်စွာ (သို့) အချိန်ရှည်လျားစွာဖြစ်ပေါ်နေတတ်သော စိတ်နေစိတ်ထား ဖောက်ပြန်မှုများဖြစ်ပြီး ၎င်းတို့၏ ပုံမှန်တာဝန်ဝတ္တရားများကို ဖြည့်ဆည်းလုပ်ကိုင်ဆောင်ရွက်နိုင်သည့် စွမ်းဆောင်ရည်ယိုယွင်းပျက်စီးစေသည့် ရောဂါများဖြစ်ပါသည်။ အဓိကအားဖြင့် စိတ်နေစိတ်ထားရောဂါ နှစ်မျိုးရှိပါသည်။ ၎င်းတို့မှာ – (၁)စိတ်နေစိတ်ထားတစ်မျိုးတည်း...
Attention Deficit Hyperactive Disorder (ADHD) ဆိုတာ အာရုံစိုက်နိုင်စွမ်းနည်းပြီး အလွန်တက်ကြွလွန်းနေသည့် ရောဂါတစ်မျိုးဖြစ်သည်၊၊ Symptoms လက္ခဏာများ- အာရုံစိုက်နိုင်စွမ်းနည်းခြင်း နောက်ထပ်လက္ခဏာတွေကတော့- ရောဂါရှင်တွေမှာတော့ ဒီလက္ခဏာများကို နေ့စဥ်နီးပါး ဖြစ်ပေါ်ခံစားနေရခြင်း၊ ကိုယ့်ပတ်ဝန်းကျင်မှ တခြားသူများလည်းစိတ်ညစ်ရနှင့် ဘဝမှာ ထိခိုက်လောက်တဲ့ အထိ ဖြစ်တတ်ပါသည်၊၊ မိမိမှာ ADHD ရှိ မရှိ ကို ကိုယ်တိုင်...
ကျွန်တော်တို့ ချစ်ရသူတွေနဲ့ ဝေးကွာရပြီဆိုရင် ဘယ်လောက်ပဲ မခံစားတတ်တဲ့သူဖြစ်နေပါစေ၊ စိတ်ထဲမှာ ဝမ်းနည်းပူဆွေးတဲ့ ခံစားချက်တွေ ဖြစ်နေမှာပါ။ ဒီခံစားချက်တွေဟာ ကိုယ့်ချစ်သူအပေါ် ဘယ်လောက်ထိ ချစ်ခဲ့လဲ၊ တွဲတာ ဘယ်လောက်ကြာခဲ့လဲ၊ ဘာအကြောင်းကြောင့် ဝေးကွာခဲ့ရတာလဲ၊ တွဲနေတဲ့ကြားထဲမှာ ကိုယ်ဘယ်လောက်ထိ ပျော်ရွှင်ခဲ့လဲ၊ ကိုယ့်ရဲ့ ငယ်ဘဝစိတ်ဒဏ်ရာ စတာတွေပေါ်မူတည်ပြီး လပိုင်းကနေ နှစ်ပိုင်းလောက်ထိ ကြာနိုင်ပါတယ်။ ဒီလိုကာလမှာ ပူဆွေးသောက ရောက်တဲ့ခံစားချက်တွေကို...