လူတိုင်းမှာ ကိုယ်ပိုင် လူမှုအသိုင်းအဝန်း တခု ရှိသလို ဒီအသိုင်းအဝန်းထဲမှာ လူဝင်ဆံ့အောင် ကြိုးစားလိုစိတ်က အများစုမှာ ရှိကြပါတယ်။ အထူးသဖြင့် ကိုယ်လုပ်တဲ့ အပြုအမူ၊ ကိုယ့်ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ လုပ်ရပ်တွေကို တခြားသူတွေဘက်က အသိအမှတ်ပြုတာ၊ အားပေးတာ၊ ချီးကျုး ဂုဏ်ပြုတာတွေကို လိုလား တောင့်တလေ့ ရှိကြပါတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီး တခြားသူတွေရဲ့ အသိအမှတ်ပြုမှုကို လိုချင်တယ်၊...