
Call Me Today က လာမည် အောက်တိုဘာလ ၁၁ ရက်နေ့မှာ World Mental Health Day အထိမ်းအမှတ်အနေနဲ့ (Mental Health Care for your Friends) ကိုယ့်ရဲ့ သူငယ်ချင်းကို ဘယ်လိုမျိုး စိတ်ပိုင်းဆိုင်ရာပံ့ပိုးပေးနိုင်သလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ အသိပညာပေး webinar တခု အခမဲ့ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ဒီ webinar မှာ ဘယ်အရာတွေက စိတ်ထိခိုက်နေတဲ့သူတွေရဲ့ အချက်ပေးလက္ခဏာတွေလဲ၊ ကိုယ်ကဘယ်လိုစိတ်ထားရမလဲ၊ ဘယ်လိုကူညီပံ့ပိုးပေးနိုင်သလဲ ဆိုတာတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ နှုတ်၏ဆောင်မခြင်း၊ စိတ်၏ဆောင်မခြင်း ဆိုတာမြန်မာတွေနဲ့ မစိမ်းတဲ့ ကူညီချင်တတ်တဲ့ စိတ်ထားလေးဖြစ်တာကြောင့် ကိုယ့်ရဲ့ မိတ်ဆွေသူငယ်ချင်းတွေကို လိုအပ်တဲ့အခါ၊ အခွင့်ကြုံတဲ့အခါ မှန်ကန်စွာ ကူညီဆောင်မနိုင်ဖို့အတွက် ဒီ webinar ကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ဒီ Webinar ကို စိတ်ဝင်စားတယ် ဆိုရင်တော့ အခုပဲ အောက်က လင့်မှာ အမြန်ဆုံး စာရင်းပေးလိုက်တော့နော်။
စာရင်းသွင်းပြီးသူများကို webinar ကို ဝင်ရောက်ရန် လမ်းညွှန်ချက်များကို email မှ တဆင့်ပေးပို့ ပေးမှာ ဖြစ်တာကြောင့် email ကို မှန်ကန်စွာဖြည့် ပေးပါနော်။
Registeration Link – https://forms.gle/1egnbSz7DDhx9KJd6