ရင်သွေးလေးကို ပိုင်ဆိုင်ရပြီ ဆိုတာနဲ့ ကိုယ်ဝန်ဆောင်ချိန်ကစလို့ မွေးဖွားချိန်အထိ အဆင်ပြေ ချောမွေ့စေလိုတာက မိဘတိုင်းရဲ့ ဆန္ဒပါပဲ။ ဒါပေမယ့် မမျှော်လင့်ထားတဲ့ အကြောင်းတွေကြောင့် တချို့မှာ ကိုယ်ဝန်ဆုံးရှုံးမှုကို ကြုံရတာလည်း ရှိတတ်ကြပါတယ်။ ဒီအချိန်မှာ နှမြောဝမ်းနည်းစိတ်၊ ယူကြုံးမရတဲ့ စိတ်တွေနဲ့ အတူ ခံစားချက်မျိုးစုံကို ခံစားရနိုင်ပြီး ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့အတွက် အချိန်တခု ယူဖို့ လိုပါတယ်။ ဒီလို...