သဘာဝ ဘေးအန္တရာယ်ရဲ့ သက်ရောက်မှုတွေဟာ ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှု များစွာကို ဖြစ်စေနိုင်ပြီး နောက်ဆက်တွဲအနေနဲ့ ကြေကွဲဝမ်းနည်းမှုတွေကိုပါ ခံစားရစေနိုင်ပါတယ်။ အထူးသဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် မိသားစုဝင်တွေ ဆုံးရှုံးတယ်၊ အိုးအိမ် အဆောက်အဦးတွေအပါအဝင် ကိုယ်တန်ဖိုးထားရတဲ့ အရာတွေကို စွန့်လွတ်ရတဲ့အခါ ကြေကွဲဝမ်းနည်းမှုတွေဟာ အတိုင်းအဆမရှိ ကြီးထွားလာပြီး စိတ်ပိုင်းဆိုင်ရာအားဖြင့် အကြီးအကျယ် ပျက်စီးထိခိုက်စေနိုင်ပါတယ်။ သဘာဝဘေးအန္တရာယ်ကြောင့် ကြေကွဲဝမ်းနည်းမှု ခံစားရတဲ့ လက္ခဏာများ ...