Search on this blog

Search on this blog

ကြီးမားပြင်းထန်တဲ့ အဖြစ်အပျက်တစ်ခုရဲ့ နောက်ကွယ်က ထိခိုက်နစ်နာမှုတွေထဲမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ စိတ်ဒဏ်ရာတွေကလည်း အပါအဝင် ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို ငလျင်ဘေးကြီးကို ဆိုးဆိုးရွားရွား ကြုံတွေ့ရပြီးနောက်မှာ စိတ်ဒဏ်ရာတွေကို ခံစားရနိုင်သလို ဒီစိတ်ဒဏ်ရာတွေရဲ့ အကျိုးဆက်အနေနဲ့ PTSD (Post Traumatic Stress Disorder) လို့ ပြောတဲ့ စိိတ်ဒဏ်ရာအလွန် စိတ်ဖိစီးမှု ဝေဒနာကိုလည်း ခံစားရနိုင်ဖွယ်...
စိတ်ဒဏ်ရာဆိုတာ စိတ်ကျန်းမာရေး ပြဿနာတွေထဲမှာ သတိပြုရမယ့် အခြေအနေတခု ဖြစ်သလို စိတ်ဒဏ်ရာနဲ့အတူ နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း အမြဲတွဲလေ့ ရှိပါတယ်။  အထူးသဖြင့် စိတ်ဒဏ်ရာခံစားရသူတွေဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာ ထိခိုက်မှုတွေ များစွာရှိတာကို လေ့လာမှုတွေအရ အခိုင်အမာ တွေ့ရှိထားပါတယ်။  စိတ်ဒဏ်ရာ ခံစားရတဲ့အခါ ခန္ဓာကိုယ်မှာ ထူးခြားတဲ့ သက်ရောက်မှုတွေ ဖြစ်ပျက်လေ့ ရှိပါတယ်။ အထူးသဖြင့် စိတ်ဒဏ်ရာကြောင့်...
စိတ်ဒဏ်ရာဟာ ကိုယ်တိုင်အတွက် ဆိုးကျိုးရှိနိုင်သလို အနားက ပတ်သက်ဆက်နွယ်သူတွေကိုပါ သက်ရောက်မှုတချို့ ရှိနေနိုင်ပါတယ်။ အထူးသဖြင့် ငယ်စဥ်က ရခဲ့တဲ့ စိတ်ဒဏ်ရာ၊ မိသားစုဆိုင်ရာ ပဋိပက္ခတွေ၊ အနိုင်ကျင့်စော်ကားခံရမှုတွေနဲ့ ကိုယ်ထိလက်ရောက် ကျုးလွန်ခံရတဲ့ အခြေအနေတွေဟာ Relationship တည်ဆောက်မှုမှာ ပြဿနာတချို့ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာတွေနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဒီကနေ မျှဝေပေးပါမယ်။ (၁) လက်တွဲဖော်ကို ယုံကြည်မှုအားနည်းမယ် စိတ်ဒဏ်ရာတွေဟာ...
စိတ်ဒဏ်ရာ ခံစားရသူ အများစုက ကိုယ့်ရဲ့ ခံစားမှုတွေကို  လူသိမခံလိုကြသလို တဦးတည်း  ကြိတ်မှိတ်ပြီး ခံစားလေ့ရှိကြပါတယ်။ တချို့ကလည်း ဒီလိုအခြေအနေမှာ တခြားသူတွေနဲ့ ဆက်သွယ်ရမှာကို တွန့်ဆုတ်ကြပြီး ဒါဟာ အချိန်ကြာလာတာနဲ့အမျှ စိတ်ဒဏ်ရာကို ပိုဆိုးစေနိုင်ပါတယ်။ ဒီအချိန်မှာ စိတ်ဒဏ်ရာနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ အကူအညီ အထောက်အပံ့ရရှိဖို့ ဆိုတဲ့ အချက်ဟာ အရေးကြီးလာပါပြီ။  ဒါပေမယ့် စိတ်ဒဏ်ရာခံစားရသူ...
လူတိုင်းရဲ့ ဘဝမှာ စိတ်ထိခိုက်ဖွယ်ရာ၊ ကြေကွဲဝမ်းနည်းဖွယ်ရာနဲ့ ကြောက်ရွံ့ဖွယ်ရာ အဖြစ်အပျက်တွေကို တွေ့ကြုံခဲ့ဖူးကြမှာပါ။ ဒါတွေဟာ ပြင်းထန်တဲ့ စိတ်ဒဏ်ရာအနေနဲ့ ထင်ကျန်ရစ်တဲ့အခါမှာ တိုက်ဆိုင်မှုရှိတိုင်း၊ ပြန်တွေးမိတိုင်း နာကျင်ခံစားရလေ့ရှိပါတယ်။ ဒဏ်ရာရဲ့ အတိမ်အနက်ပေါ် မူတည်ပြီး စိတ်ဒဏ်ရာတွေရဲ့ သက်ရောက်မှုဟာ ကိုယ့်ရဲ့ နေ့စဥ်ဘဝကို ထိရောက်နိုင်ပြီး တခါတရံမှာ အကူအညီယူ၊  ဖြေရှင်းရတာတွေ ရှိနိုင်ပါတယ်။ စိတ်ဒဏ်ရာကြောင့် အကူအညီလိုအပ်နေပြီလို့ သိနိုင်မယ့်...
စိတ်ဒဏ်ရာဟာ လူတိုင်းမှာ ကြုံတွေ့ရနိုင်သလို ခံစားရတဲ့ အခြေအနေနဲ့ နောက်ဆက်တွဲဆိုးကျိုးရဲ့ သက်ရောက်မှုဟာ တဦးနဲ့ တဦး မတူညီနိုင်ပါဘူး။ အဖြစ်အပျက်တခုကြောင့် စိတ်ဒဏ်ရာ ရှိနေပေမယ့် တချို့က ပုံမှန်အတိုင်း ရှေ့ဆက်ရှင်သန်နိုင်ကြသလို တချို့မှာတော့ စိတ်ဒဏ်ရာဟာ နေ့စဥ်ဘဝအတွက် ဆိုးရွားတဲ့ ပြဿနာတွေကို ခံစားရနိုင်ပြီး မဖြစ်မနေ ဖြေရှင်းဖို့ လိုအပ်လာနိုင်ပါတယ်။ စိတ်ဒဏ်ရာဖြစ်စေတဲ့ အဖြစ်အပျက်တခုကနေ ကျော်ဖြတ်ပြီးနောက်မှာ ဒီစိတ်ဒဏ်ရာကို...
စိတ်ဒဏ်ရာဆိုတာ လူတိုင်းရဲ့ ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တခုခု ဒါမှမဟုတ် အချိန်ကြာကြာ ကြုံတွေ့ရတဲ့ အရာတခုကြောင့် စိတ်ဖိစီးမှု၊ ကြောက်ရွံ့မှုနဲ့ စိတ်ထိခိုက်ခြင်းစတဲ့ စိတ်ကျန်းမာရေး ပြဿနာတွေကို ခံစားရတာ ဖြစ်ပါတယ်။ စိတ်ဒဏ်ရာတွေကို အသက်အရွယ်မရွေး အချိန်မရွေး ကြုံတွေ့နိုင်သလို အဖြစ်အပျက်ပြီးနောက် အချိန်ကြာတဲ့ တိုင်အောင် ခံစားနေရတတ်ပါတယ်။ စိတ်ဒဏ်ရာအကြောင်း၊ စိတ်ဒဏ်ရာရနိုင်တဲ့ အကြောင်းအရင်းတွေနဲ့ လက္ခဏာတွေအကြောင်းကို ဒီကနေ...