လက်ရှိလုပ်နေတဲ့ အလုပ်ကို ဘယ်လိုမှအာရုံမစိုက်နိုင်ပဲ ဖြစ်နေတယ်။ တကယ်လုပ်ရင် (၅)မိနစ်ပဲကြာနိုင်တဲ့ အလုပ်ကို စိတ်ထဲမှာ ကောင်းကောင်းမလုပ်နိုင်ရင် ဘာဖြစ်မလဲဆိုတာတွေးမိရင်း အချိန်တွေကုန်သွားတယ်။ နှလုံးခုန်မြန်ပြီး အသက်ရှူမြန်လာတယ်။ လက်ဖဝါး ခြေဖဝါးတွေ ချွေးစောအရမ်းပြန်ပြီး ဘာကိုသေချာမကိုင်တွယ်နိုင်ပဲ ဖြစ်လာရတယ်။ ဒီလို စိုးရိမ်ပူပန်တတ်ခြင်း (anxiety) အခြေအနေကို လူတိုင်း တချိန်ချိန် တနည်းမဟုတ်တနည်း ကြုံတွေ့ခဲ့ဖူးကြမှာ အမှန်ပါပဲ။ စိုးရိမ်ပူပန်တတ်ခြင်း (anxiety)...