ငလျင်ဒဏ်ကဲ့သို့ ကြီးမားတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ လူသားတွေအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ လူမှုရေးပိုင်းဆိုင်ရာ စသဖြင့် ဘက်ပေါင်းစုံကနေ ထိခိုက်ဆုံးရှုံး နစ်နာမှု ရှိပါတယ်။ ဒါ့ကြောင့် ပြန်လည် ထူထောင်ရေးနဲ့ အထောက်အပံ့တွေ မျှဝေတဲ့အခါမှာလည်း အဘက်ဘက်ကနေ ထည့်သွင်းစဥ်းစားပြီး ပြန်လည်ကုစားပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် စိတ်ပညာမှာ Biopsychosocial support လို့ ပြောတဲ့ ဇီဝဖြစ်စဥ်၊ စိတ်ပိုင်းနဲ့...