စိတ်ပူပန်မှုကို ခံစားရချိန်မှာ အများစုက အသက်ရှုမြန်တာတွေ ဖြစ်လေ့ရှိပြီး ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဥ်ပေါ်မှာ သက်ရောက်မှု တချို့ရှိတာကြောင့် ကြောက်ရွံ့ခြင်းနဲ့ စိတ်ဖိစီးမှုတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတခုကတော့ အသက်ရှုလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြစ်ပါတယ်။ အသက်ရှုလေ့ကျင့်ခန်း ပြုလုပ်တဲ့အခါမှာ စိတ်ကို လျှော့ချလိုက်ပြီး နက်နက်ရှိုင်းရှိုင်းနဲ့ ဖြေးဖြေးမှန်မှန် ရှုထုတ်ခြင်း ဖြစ်တာကြောင့် စိတ်နဲ့ ခန္ဓာကိုယ်ကို ငြိမ်သက်စေပြီး စိုးရိမ်မှုတွေကို...