Healthy Work Environment ဖြစ်ဖို့ဆိုတာ ဝန်ထမ်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အရေးကြီးရုံသာမက လုပ်အားကို တိုးစေဖို့၊ မိမိအလုပ်ကို စိတ်ကျေနပ်ဖို့၊ ဝန်ထမ်းကောင်းတွေကို ထိန်းထားနိုင်ဖို့အတွက်လည်း အရေးပါပါတယ်။ မိမိဝန်ထမ်းရဲ့ ကျန်းမာရေး၊သက်တောင့်သက်သာရှိရေး၊ သာတူညီမျှအခွင့်အရေးကို အလေးမပေးတဲ့လုပ်ငန်းခွင်က ဝန်ထမ်းတစ်ဦးကို ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်တွေနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း အစရှိတဲ့ ကျန်းမာရေးဆိုးကျိုးတွေဖြစ်စေသလို စိတ်ဓာတ်ကျခြင်း၊ ပူပင်သောကများခြင်း၊ အိပ်မပျော်ခြင်း အစရှိတဲ့...