စိတ်ဒဏ်ရာ ခံစားရသူ အများစုက ကိုယ့်ရဲ့ ခံစားမှုတွေကို လူသိမခံလိုကြသလို တဦးတည်း ကြိတ်မှိတ်ပြီး ခံစားလေ့ရှိကြပါတယ်။ တချို့ကလည်း ဒီလိုအခြေအနေမှာ တခြားသူတွေနဲ့ ဆက်သွယ်ရမှာကို တွန့်ဆုတ်ကြပြီး ဒါဟာ အချိန်ကြာလာတာနဲ့အမျှ စိတ်ဒဏ်ရာကို ပိုဆိုးစေနိုင်ပါတယ်။ ဒီအချိန်မှာ စိတ်ဒဏ်ရာနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ အကူအညီ အထောက်အပံ့ရရှိဖို့ ဆိုတဲ့ အချက်ဟာ အရေးကြီးလာပါပြီ။ ဒါပေမယ့် စိတ်ဒဏ်ရာခံစားရသူ...