Search on this blog

Search on this blog

လူရယ် လို့ဖြစ်လာတာနဲ့ အလုပ်ကိုယ်စီနဲ့ ဘဝကိုယ်စီမှာ ရုန်းကန်ရင်ဆိုင်ပြီး နေထိုင်ကြရပါတယ်။မိုးလင်းတာနဲ့ အိပ်ရာထ၊ ဟင်းချက်၊ အလုပ်သွားဖို့ပြင်ဆင် တာကနေစလို့အိမ်ပြန်ရောက် ညစာစားသန့်ရှင်းရေးလုပ်ပြီး အိပ် ဒီလိုမျိုး နေ့စဉ် သံသရာစက်ဝန်းကိုအကြိမ်ကြိမ်ဖြတ်သန်းရတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာအရသာမက ၊ စိတ်ပိုင်းဆိုင်ရာအရပါ ပင်ပန်းနွမ်းနယ်လာတတ်ကြပါတယ်။   အခုခေတ်လိုမျိုးအလုပ်အကိုင်တွေအဆင်မပြေ ၊ စျေးနှုန်းတွေတက်နေတဲ့ကာလမှာဆိုရင် ပိုလို့တောင် မှ စိတ်ပင်ပန်းလူပင်ပန်းဖြစ်ကြပါသေးတယ် ။ ဒီလိုအခြေအနေအကြောင်းကြောင့် ပင်ပန်းလာပြီဆိုရင်...
လူတိုင်းလူတိုင်းဟာ သူတို့ရဲ့ဖြတ်သန်းလာတဲ့ဘဝတစ်လျှောက်မှာ ရင်ဆိုင်ရတဲ့ပြသနာတွေ ၊ ဖြတ်ကျော်ရတဲ့အခက်အခဲတွေအများကြီးကြုံတွေ့ရတာပဲဖြစ်ပါတယ်။ဒါ့အပြင် နာကျင်စရာ အဖြစ်အပျက်တွေလည်းပဲဘဝမှာအများကြီးကြုံတွေ့ရတတ်ပါတယ် ။  လူတွေရဲ့စိတ်ဆိုတာကရေအိုးတစ်အိုးလိုပဲဖြစ်ပါတယ်။ရေအိုးကိုရေတွေအများကြီးထည့်ထားရင်ရေလျှံကျလာသလိုမျိုးပဲ စိတ်ထဲမှာသိမ်းဆည်းပြီးထည့်ထားရတဲ့အရာတွေများလေလေ ရေလျှံကြလာသလိုပဲ စိတ်ပိုင်းဆိုင်ရာဒါဏ်ရာတွေဖြစ်ပေါ်လာပြီး အဲ့ကနေမှတဆင့်စိတ်ရောဂါတွေထိ ဖြစ်လာပါလိမ့်မယ် ။  ✔️ ဒါကြောင့်မလို့ အတိတ်မှာကြုံတွေ့ခဲ့ရတဲ့နာကျင်စရာဖြစ်ရပ်တွေ ၊ ပြသနာအခက်အခဲတွေကို စိတ်ထဲမှာ သိမ်းဆည်းထားပြီး လက်မလွှတ်နိုင်ဖြစ်နေတာက လူကိုပိုပြီးခက်ခဲပင်ပန်းစေတာမလို့ ဒါတွေကိုလက်လွှတ်ချလိုက်ဖို့ သိပ်ကိုအရေးကြီးပါတယ် ။ ပြီးခဲ့တဲ့ဖြစ်ပြီးသားပြန်ပြင်လို့မရတော့တဲ့အရာတွေကို လွှတ်ချပြီး၊ကိုယ့်ရဲ့မဖြစ်လာသေးတဲ့တည်ဆောက်ရမဲ့အနာဂတ်ကိုကောင်းကောင်းဖန်တီးရှေ့ဆက်...
လူအများစုဟာ မိမိကိုယ်ကို ဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ်၊၊ ကိုယ့်မိသားစုအပေါ်၊ ကိုယ့်ကလေးအပေါ်၊ ကိုယ့်ဆွေမျိုးသားချင်း၊ သူငယ်ချင်းမိတ်ဆွေတွေအပေါ်ကိုပဲအမြဲလိုလို ကိုယ့်စိတ်က မသိလိုက်ခင်မှာပဲ ဂရုစိုက်ပြီးသား ဖြစ်နေတတ်ကြပါတယ်၊၊ မိမိကိုယ်ကိုဂရုစိုက်ခြင်း ( Self-Care) မလုပ်တာကြာတော့ပျော်ရွှင်မှုမရှိဖြစ်လာတတ်ပါတယ်၊၊ကိုယ်တိုင်လည်းသက်တောင့်သက်သာ မဖြစ်နေပါ၊၊ စိတ်အလိုမကျဖြစ်ခြင်း (frustration)၊ ဆက်ဆံရေး အဆင်မပြေဖြစ်ခြင်း တို့ဖြစ်တတ်ပါသည်၊၊ မိမိကိုယ်ကိုဂရုစိုက်ခြင်း ( Self-Care) လုပ်ခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာပိုမိုကောင်းမွန်စေရန် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးခြင်း၊ ယောဂလုပ်ခြင်း၊ လမ်းလျှောက်ခြင်း၊...
အားကစားလုပ်ခြင်းဟာမိမိရဲ့ခန္ဓာကိုယ်ကိုကျန်းမာကြံ့ခိုင်စေဖို့နဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို တက်ကြွစွာလုပ်ကိုင်ဖို့အထောက်အကူပေးနိုင်တယ်ဆိုတာအားလုံးပဲသိပြီးသားဖြစ်မှာပါ။ လူတစ်ယောက်သည်အားကစားလုပ်ခြင်းဖြင့်စိတ်ကျန်းမာရေးကိုကောင်းမွန်စွာပြောင်းလဲမှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဥပမာ-ပုံမှန်လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာတွေဟာလည်း လေ့ကျင့်ခန်းလုပ်တာနဲ့ အတူတူပါပဲ။ နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် အမောခံနိုင်တယ်၊ သက်လုံကောင်းလာမယ်။ အရိုးနဲ့ ကြွက်သားကို သန်မာလာစေမယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေမယ်။ မှတ်ဉာဏ်ကောင်းစေတယ်။ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုလွန်ကဲတဲ့ ရောဂါ အစရှိတဲ့ စိတ်ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်။ အားကစားလုပ်ပေးခြင်းဖြင့် စိတ်ဓာတ်ကျခြင်းကို ဖယ်ထုတ်နိုင်တယ်။...
လူများဟာ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့အရေးကြီးတယ်ဆိုတာ သိကြပေမယ့် ကိုယ့်ရဲ့စိတ်ကိုလည်း ဂရုစိုက်ပေးရမယ် ဆိုတာကိုတော့ လူတော်တော်များများ မေ့နေတတ်ကြပါတယ်။ လူတွေရဲ့စိတ်နဲ့ကိုယ်ခန္ဓာကချိတ်ဆက်နေပါတယ်။အဲ့လိုပဲ ကိုယ့်ရဲ့ခန္ဓာကိုယ်က ပင်ပန်းနေပြီဆိုရင်လည်း စိတ်ကိုဆိုးကျိုးတွေဖြစ်ပေါ်စေပါတယ်။ တရားထိုင်တယ်ဆိုတာ စိတ်နဲ့အလုပ်တွဲလုပ်ပြီး တည်ငြိမ်မှုနှင့်အေးချမ်းမှုကို ရယူတာပဲဖြစ်ပါတယ်။ တရားထိုင်ခြင်းအားဖြင့် စိတ်ထဲမှာရှိနေတဲ့ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတွေကို လျော့ကြစေပြီး စိတ်ကို ရှင်းရှင်းလင်းလင်းဖြစ်စေပါတယ်။ အဲ့အတွက် အမှားလုပ်တာလည်းနည်းစေပြီး ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကို ပို၍ချမှတ်...
Journaling လုပ်ခြင်းဟာ ကိုယ့်အိုင်ဒီယာကို ခြေရာခံနိုင်ဖို့ အကောင်းဆုံးချဉ်းကပ်နည်းပါပဲ။ ယခုအချိန် Social Media ပေါ်မှာ Journaling trend ဖြစ်လာတယ်လို့ ပြောနိုင်ပါတယ်။ ကိုယ်တိုင် Doodles ပုံလေးတွေ ဆွဲ ၊ Sticker လေးတွေ၊ Cute type ဆန်ဆန် ၊ Classic ဆန်ဆန်၊ Vintage ဆန်ဆန် အရောင်လေးတွေသုံးပြီး...
လူတိုင်းဟာ ကိုယ့်ဘဝကိုအဆိပ်အတောက်ဖြစ်စေတဲ့ လူတွေကိုသိလျက်နဲ့ မိမိအနားဆက်ထားနေဖို့ ဆိုတာအကြောင်းမရှိပါဘူး။ ဥပမာ-ချစ်သူ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် တစ်နည်းနည်းအရပတ်သတ်ဆက်နွယ်နေရတဲ့လူတချို့စသည်ဖြင့်သင်ထိတွေ့ဆက်ဆံမိတိုင်း သင့်ကိုယ်သင်ညစ်ညမ်း သွားစေတယ် အကျိုးယုတ်စေတယ်လို့ ခံစားရစေတယ်ဆိုရင် သူတို့ဟာကိုယ့်ဘဝအတွက် Toxicပါပဲ။ လူတစ်ယောက်နှင့်တွေ့ဆုံတဲ့အခါကိုယ့်အတွေးတွေပါ Negativeဘက်ကိုပိုပြီးပြောင်းလဲလာစေတယ်ဆိုရင် ဒီလူဟာကိုယ့်အတွက်အဆိပ်လိုလူပါပဲ။ မိမိဘက်မှလုပ်ငန်းဆောင်တာများနှင့်ပတ်ဝန်းကျင်အပေါ်ထိခိုက်လာစေမှရှောင်ရှားတာမျိုးမပြုလုပ်သင့်ပါ။တခြားသူတွေဘဝနဲ့ ကိုယ်ရောက်နေတဲ့ နေရာကိုနှိုင်းယှဉ်မိပြီး ကိုယ့်ကိုယ်ကိုယ် နည်းနည်းနိမ့်ကျနေတယ်လို့ခံစားရတဲ့အချိန်တွေရှိတတ်ပါတယ်။ မိမိမှာမရှိတဲ့အရာတွေကိုပဲမြင်ပါများတဲ့အခါ မိမိမှာရှိနေတဲ့ လုပ်နိုင်စွမ်းအားတွေကျလာပြီးကိုယ့်ကိုကိုယ် အားမလိုအားမရ ဖြစ်လာတတ်ပါတယ်။...