Search on this blog

Search on this blog

Need Help?

+959 513 1873

ဒါကို အရင်ဆုံး မပြောပြချင်မှာ Narcissist Person ဆိုတာဘာလဲ ဆိုတာကို မသိသေးတဲ့သူတွေအတွက် အရင်ဆုံးအနည်းငယ်ကို ပြောပြပေးသွားပါရစေရှင့် ။ ✔️  ✅ Narcissist Person ဆိုတာကတော့ ဘေးပတ်ဝန်ကျင်းကသူတွေရဲ့ ခံစားချက်တွေ ၊ လိုအပ်ချက်တွေကိုလျှစ်လျူရှုထားတတ်ပြီး၊ ကိုယ့်ကိုကိုယ်အတွက်သာအလွန်အမင်းတွေးတောနေတတ်တဲ့လူမျိုးပဲ ဖြစ်ပါတယ် ။ ဒါ့အပြင်သူတို့ရဲ့အပြုအမူတွေကတခြားသူတွေအပေါ်ကိုဘယ်လိုမျိုးအကျိုးသက်ရောက်မှုတွေရှိနေလဲ ဆိုတာကိုလည်း နားမလည်ကြပါဘူး ။  ??‍♀️Narcissist Person...
ဒီရက်ထဲမှာ ကိုယ့်ကိုကိုယ်Eating Disorder ဖြစ်နေရပြီလို့ ခံစားနေရလား ရှင့် ။ ဆိုတော့ ပထမဆုံးအနေနဲ့ မသိသေးသူတွေအတွပ် Eating Disorder  ဆိုတာဘာလဲ ❗️  ✅ Eating Disorder  ဆိုတာကတော့ စိတ်ပိုင်းဆိုင်ရာရော ၊ ရုပ်ပိုင်းဆိုင်ရာပါ တကယ်ကိုစိတ်ပူရတဲ့ စားသောက်တဲ့ပုံစံနဲ့ပတ်သတ်တဲ့ကျန်းမာရေးအခြေအနေတစ်ခုပဲဖြစ်ပါတယ် ။ ED Type တွေအမျိုးမျိုးရှိပေမဲ့ အဓိကကတော့ အစားအသောက်...
တကယ်တော့ “ဟင့်အင်း” “နိုး” “မလုပ်ချင်ဘူး” စတဲ့စကားတွေကိုပြောထွက်ဖို့ဆိုတာလက လူတော်တော်များများအတွက် တော်တော်လေးကိုမလွယ်ကူတဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ် ။ အထူးသဖြင့်ငယ်စဉ်ကာလမှာဆိုရင် ကျွန်မတို့က တော်တော်များများမှာ Yes လို့ပဲပြောခဲ့ကြပါတယ် ။ မိဘတွေ ပြောစကား ဆိုလည်း ဟုတ်ကဲ့ ၊ ဆရာဆရာမ စကားဆိုလည်း ဟုတ်ကဲ့ ၊ စာလုပ်ရမယ် ဆိုလည်း ဟုတ်ကဲ့ ၊ စသည်ဖြင့် နေရာတော်တော်များများမှာ...
ကျွန်မတို့ တွေရဲ့ ငယ်စဉ်ကာလမှာ အကြောက်ရဆုံးအရာကိုပြောပါဆိုရင် အမေနဲ့ အမေနဲ့ကြားက ရန်ပွဲတွေပါပဲ။ ကျွန်မရဲ့ မိဘ (၂) ပါးကဆိုရင် ငယ်စဉ်ထဲက အမြဲလိုလိုရန်ဖြစ်စကားများတတ်ကြပါတယ် ။ ငယ်စဉ်သိသလောက်ထဲက အမြဲလိုလို အော်ဟစ်ပြီး ရန်ဖြစ်နေကြတာပါပဲ ။ ဆိုတော့ကျွန်မအနေနဲ့ အသက်ကြီးလာတာနဲ့အမျှ သတိမထားမိတဲ့အချိန်မှာပဲ ဒီကြုံတွေ့ခဲ့ရတဲ့ဒါဏ်တွေက မပြီးသွားပဲ  Trauma (စိတ်ဒါဏ်ရာ) တွေအဖြစ်ကျန်ရှိ နေတာကို တဖြေးဖြေးသိမြင်လာရပါတယ်...
ကိုယ့်ကိုကိုယ်ချစ်တယ်ဆိုတဲ့အလုပ်က ပြောရင်သာလွယ်ကူပေမဲ့ တကယ်တမ်းလိုက်လုပ်ဖို့အတွက်ကတော့ အတော်လေးခက်ခဲတဲ့အရာတစ်ခုပါပဲ။ ဘာလို့ဆို လူတွေက ကိုယ့်ကိုကိုယ် ချစ်တယ် ချစ်တယ် သာပြောနေပေမဲ့ ကိုယ့်အတွက်ကောင်းစေမဲ့အရာတွေကိုတော့ မလုပ်ဆောင်ကြပဲနဲ့ ၊ စိတ်အလိုလိုက်ပြီး ကိုယ့်ကိုကိုယ်ဒုက္ခပေးစေမဲ့ အရာတွေကိုသာ ဦးစားပေးလုပ်နေတာက ပိုများလို့ပါပဲ ။ ဒါကြောင့် ဒီနေ့ ကိုယ့်ကိုကိုယ် နည်းလမ်းမှန်ကန်စွာ ဘယ်လိုမျိုးချစ်ရမလဲ ဆိုတာကို အနည်းငယ်ပြောပြပေးသွားပါရစေရှင့် ။ ကျွန်မတို့တွေအနေနဲ့ ကိုယ့်ကိုကိုယ်ချစ်တယ်...
လူရယ် လို့ဖြစ်လာတာနဲ့ အလုပ်ကိုယ်စီနဲ့ ဘဝကိုယ်စီမှာ ရုန်းကန်ရင်ဆိုင်ပြီး နေထိုင်ကြရပါတယ်။မိုးလင်းတာနဲ့ အိပ်ရာထ၊ ဟင်းချက်၊ အလုပ်သွားဖို့ပြင်ဆင် တာကနေစလို့အိမ်ပြန်ရောက် ညစာစားသန့်ရှင်းရေးလုပ်ပြီး အိပ် ဒီလိုမျိုး နေ့စဉ် သံသရာစက်ဝန်းကိုအကြိမ်ကြိမ်ဖြတ်သန်းရတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာအရသာမက ၊ စိတ်ပိုင်းဆိုင်ရာအရပါ ပင်ပန်းနွမ်းနယ်လာတတ်ကြပါတယ်။   အခုခေတ်လိုမျိုးအလုပ်အကိုင်တွေအဆင်မပြေ ၊ စျေးနှုန်းတွေတက်နေတဲ့ကာလမှာဆိုရင် ပိုလို့တောင် မှ စိတ်ပင်ပန်းလူပင်ပန်းဖြစ်ကြပါသေးတယ် ။ ဒီလိုအခြေအနေအကြောင်းကြောင့် ပင်ပန်းလာပြီဆိုရင်...
အမျိုးသမီးများ အသက် ၄၅-၅၅ နှစ်ကြားတွင် ခန္ဓာကိုယ်တွင်းရှိ အမျိုးသမီးဟော်မုန်း အီစထးရိုဂျင် Oestrogen နှင့် Progestrone ပရိုဂျက်စထရုန်း ဟော်မုန်းများ လျော့နည်းလာပြီး လစဉ်ရာသီစက်ဝန်း ပုံမှန်မလာတော့ဘဲ ရပ်တန့်သွားခြင်းကို သွေးဆုံးခြင်း Menopause လို့ ခေါ်ဆိုပါတယ်။ သွေးဆုံးခါနီးကာလများနှင့် သွေး​ဆုံးပြီးတဲ့ အချိန်မှာ ဟော်မုန်းပမာဏ အတက်အကျ ပြောင်းလဲမှုများကြောင့် ခန္ဓာကိုယ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာမှာပါ  ဝေဒနာခံစားရတာတွေ...
      ယခုခေတ်ကာလမှာ Parenting လို့ခေါ်တဲ့ ကလေးသူငယ်ပြုစုပျိုးထောင်ရေးကို ဂရုတစိုက် လုပ်လာကြတဲ့ မိဘတွေ တော်တော်များလာပါပြီ။ လိမ္မာယဥ်ကျေးပြီး ထက်မြက်တဲ့ကလေးတွေ ဖြစ်လာစေဖို့ ပြုစုပျိုးထောင်တဲ့တာဝန်ကို အများအားဖြင့် အပြင်ထွက် အလုပ်မလုပ်ဘဲ အိမ်ထောင်ထိန်းသိမ်းတဲ့ အိမ်ထောင်ရှင်မ မေမေတွေက တာဝန်ယူလေ့ရှိပါတယ်။ အိမ်မှာတစ်နေ့လုံးနေပြီး ကလေးနားနေရတာ မပင်မပန်းဘဲ သက်သာတဲ့ အလုပ်တစ်ခုပဲလို့ ထင်ချင်စရာပါ။ အပြင်ထွက်အလုပ်လုပ်ရတဲ့ မေမေတွေလောက် စိတ်ရှုပ်စရာမရှိဘူးလို့လဲ...
လူတိုင်းလူတိုင်းဟာ သူတို့ရဲ့ဖြတ်သန်းလာတဲ့ဘဝတစ်လျှောက်မှာ ရင်ဆိုင်ရတဲ့ပြသနာတွေ ၊ ဖြတ်ကျော်ရတဲ့အခက်အခဲတွေအများကြီးကြုံတွေ့ရတာပဲဖြစ်ပါတယ်။ဒါ့အပြင် နာကျင်စရာ အဖြစ်အပျက်တွေလည်းပဲဘဝမှာအများကြီးကြုံတွေ့ရတတ်ပါတယ် ။  လူတွေရဲ့စိတ်ဆိုတာကရေအိုးတစ်အိုးလိုပဲဖြစ်ပါတယ်။ရေအိုးကိုရေတွေအများကြီးထည့်ထားရင်ရေလျှံကျလာသလိုမျိုးပဲ စိတ်ထဲမှာသိမ်းဆည်းပြီးထည့်ထားရတဲ့အရာတွေများလေလေ ရေလျှံကြလာသလိုပဲ စိတ်ပိုင်းဆိုင်ရာဒါဏ်ရာတွေဖြစ်ပေါ်လာပြီး အဲ့ကနေမှတဆင့်စိတ်ရောဂါတွေထိ ဖြစ်လာပါလိမ့်မယ် ။  ✔️ ဒါကြောင့်မလို့ အတိတ်မှာကြုံတွေ့ခဲ့ရတဲ့နာကျင်စရာဖြစ်ရပ်တွေ ၊ ပြသနာအခက်အခဲတွေကို စိတ်ထဲမှာ သိမ်းဆည်းထားပြီး လက်မလွှတ်နိုင်ဖြစ်နေတာက လူကိုပိုပြီးခက်ခဲပင်ပန်းစေတာမလို့ ဒါတွေကိုလက်လွှတ်ချလိုက်ဖို့ သိပ်ကိုအရေးကြီးပါတယ် ။ ပြီးခဲ့တဲ့ဖြစ်ပြီးသားပြန်ပြင်လို့မရတော့တဲ့အရာတွေကို လွှတ်ချပြီး၊ကိုယ့်ရဲ့မဖြစ်လာသေးတဲ့တည်ဆောက်ရမဲ့အနာဂတ်ကိုကောင်းကောင်းဖန်တီးရှေ့ဆက်...
အတွေးလွန်ခြင်း (Over Thinking) ဆိုတာကတော့ လူတွေရဲ့ နေ့စဉ်ဘဝမှာ မဖြစ်လာသေးတဲ့ကိစ္စတွေကိုကြိုတွေးရင်း၊ ဖြစ်ခဲ့ပြီးသားကိစ္စတွေကို ပြန်တွေးရင်းနဲ့ လိုတာထက်ပိုပြီးအတွေးလွန်သွားတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ် ။ ဒါ့အပြင် အမျိုးသမီးတွေရဲ့ဦးနှောက်ဟာ အမျိုးသားတွေထက်ပိုပြီး Active ဖြစ်တာကြောင့်မလို့ အတွေးလွန်ခြင်းတွေက အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များလေ့ရှိတယ်လို့လည်းသိရပါတယ် ။ ✔️  ? အတွေးလွန်ခြင်း (Over Thinking) တွေဘာလို့ဖြစ်လာရတာလဲ?  Over Thinking...