ကိုယ်တိုင်ရွေးချယ်လို့ပဲဖြစ်ဖြစ် မျှော်လင့်မထားတဲ့ အခြေအနေမှာပဲ ဖြစ်ဖြစ် မိဘနေရာကို ရောက်လာပြီ၊ ပထမဆုံးအကြိမ် မိဘဖြစ်ပြီ ဆိုတဲ့အခါမှာ ထူးခြားတဲ့ စိတ်ခံစားချက်တွေ များစွာ ကြုံတွေ့နိုင်ပါတယ်။ ပျော်ရွင်ခြင်း၊ ကြည်နူးခြင်း၊ ပီတိဖြစ်ခြင်းဆိုတဲ့ အပြုသဘောဆောင်တဲ့ ခံစားချက်တွေကို ခံစားရနိုင်သလို စိုးရိမ်ပူပန်မှု၊ စိတ်တိုင်းမကျမှု ၊ စိတ်မသက်သာဖြစ်မှု စတဲ့ ခံစားချက်တွေကို လည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒီလို စိတ်ခံစားချက်တွေက...
ကိုယ်ပိုင်ရွေးချယ်မှုကြောင့်ပဲဖြစ်ဖြစ် မမျှော်လင့်ပဲ ဖြစ်လာတာပဲဖြစ်ဖြစ် ကိုယ်ဝန်ဆောင်ဖို့ ဖြစ်လာပြီဆိုရင် နေ့စဥ်ဘဝမှာ သက်ရောက်မှု များစွာရှိလာနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ အလုပ်အပေါ် ထိခိုက်မှုတချို့ရှိလာနိုင်ပြီး ဒီကာလဟာ အမျိုးသမီးတွေအတွက် ခက်ခဲပင်ပန်းတဲ့ အခိုက်အတန့် တခုဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တချို့အမျိိုးသမီးတွေဟာ အလုပ်ခွင်ကို စွန့်ခွာပြီး ကလေးကို ဦးစားပေးကြတာ ရှိပါတယ်။ ဒီမှာ ပြောပြပေးမှာကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အနေနဲ့...
မိဘတွေမှာ ရင်သွေးလေးရပြီလို့ သိရှိတဲ့အခါ သားလေးလား၊ သမီးလေးလားဆိုတဲ့ စိတ်လှုပ်ရှားမှုနဲ့ အတူ မျှော်မှန်းချက်တွေလည်း ရှိတတ်ကြပါတယ်။ မွေးဖွားလာတဲ့ အချိန်မှာ ဒီမျှော်မှန််းချက်အရ ကိုက်ညီတဲ့သူလည်း ရှိသလို တချို့ကလည်း ကိုယ်ရည်ရွယ်ထားသလို မဖြစ်လာတတ်တာ ရှိပါတယ်။ ဒီအချိန်မှာ စိတ်ပျက်အားလျော့တာတွေ ဖြစ်တတ်လေ့ရှိကြပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာအချို့ရှိတတ်တာကြောင့် ဒီလိုခံစားချက်တွေကို ထိန်းချုပ်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဒီကနေ ပြောပြပေးချင်ပါတယ်။ (၁)...
ကိုယ်ဝန်သည် အမျိုးသမီးတွေဟာ စိတ်ခံစားမှု ပြင်းထန်ကြသလို ဒါဟာ ခန္ဓာကိုယ် ဟော်မုန်းတွေရဲ့ လွှမ်းမိုးသက်ရောက်မှုကြောင့်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် ဒီကာလမှာ ဟော်မုန်းတွေရဲ့ ပမာဏဟာ အတက်အကျ ဖြစ်တတ်တာကြောင့် ဦးနှောက်ရဲ့ အချက်အလက်ပို့ပေးတဲ့ ဓာတုပစ္စည်းတွေကို သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒါတွေကြောင့် နောက်ဆက်တွဲ အနေနဲ့ စိတ်ခံစားမှုအပြောင်းအလဲတွေကို ကြုံတွေ့ရတာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ပြောင်းလဲနိုင်တဲ့ ဟော်မုန်းတွေအကြောင်း...
ကိုယ်ဝန်ဆောင်ခြင်းဆိုတာဟာ အမျိုးသမီးတွေအတွက် ထူးခြားတဲ့ အချိုးအကွေ့ တခုဖြစ်သလို ဒီကာလအတွင်းမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာမှာ သက်ရောက်မှုတွေ များစွာ ရှိနိုင်ပါတယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေဟာ ကိုယ်ဝန်ရဲ့ ရက်သတ္တပတ်အလိုက် တဖြေးဖြေး ပိုသိသာလာနိုင်သလို ဒါတွေကို သိရှိနားလည်ပြီး အချိန်မှီ ဖြေရှင်းနိုင်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်ပေါ်နိုင်တဲ့ စိတ်ကျန်းမာရေး အခြေအနေတွေ ကို...
ပထမဆုံးရင်သွေးဆိုတာ မိခင်၊ ဖခင်တိုင်းရဲ့ ကနဦးအစ မိဘဖြစ်ခွင့်ရတဲ့ အခွင့်အရေးကို ယူဆောင်လာသူ ဖြစ်တာကြောင့် အချစ်တွေကို ပုံအောပြီး လက်ခံရရှိတဲ့သူလို့ ပြောကြပါတယ်။ ဒီလို အချစ်ခံရပြီး နောက်ထပ် ရင်သွေးလေး မွေးလာချိန်မှာတော့ သားဦး တွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်လာနိုင်ပြီး ဒါကို မိဘတွေအနေနဲ့ နားလည်ထားဖို့ လိုပါတယ်။ ဒီလိုမျိုး ပထမကလေးရဲ့ စိတ်ပိုင်းဆိုင်ရာအတွက်...
အမျိုးသမီးတွေဟာ ကလေးမီးဖွားပြီးစမှာ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပြီး အနီးက လက်တွဲဖော်ရဲ့ ကူညီဖေးမမှုတွေ များစွာလိုအပ်ပါတယ်။ အထူးသဖြင့် ဒီအချိန်မှာ မိခင်တွေဟာ စိတ်ထိခိုက်လွယ်တာကြောင့် ခင်ပွန်းအနေနဲ့ ဇနီးအပေါ် စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်မှုနဲ့ နားလည်မှု အပြည့်ပေးတာဟာ မိခင်နဲ့ ကလေးရဲ့ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် မီးဖွားပြီးစ အမျိုးသမီးတွေ ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေအကြောင်းကို ဒီကနေ...
မိခင်တွေဟာ ရင်သွေးလေးစရှိတဲ့ ကိုယ်ဝန်ဆောင်ချိန်ကစလို့ မွေးဖွားချိန် ကလေးပြုစုပျိုးထောင်တဲ့အချိန် ကာလ တစ်လျှောက်လုံးမှာ စိတ်ပင်ပန်းမှုတွေ ရှိကြပါတယ်။ ဒီ စိတ်ပင်ပန်းမှုတွေဟာ ကလေးပြုစုပျိုးထောင်တဲ့ပင်ပန်းမှုကြောင့် ဖြစ်နိုင်သလိုပဲ အချို့သော မိခင်များဟာ ပတ်ဝန်းကျင်ရဲ့ စံသတ်မှတ်ချက်တွေနဲ့ ဖိအားတွေကြားထဲမှာ လှောင်ပိတ်မွန်းကြပ် နေရပါတယ်။ ဒီဖိအားတွေကို ရင်ဆိုင်တွန်းလှန်နိုင်မယ့် နည်းလမ်းတွေကို ဒီကနေ ပြောပြပေးချင်ပါတယ်။ (၁) ကိုယ်တိုင်လေ့လာပါ မိခင်တစ်ယောက်ဖြစ်လာတဲ့အခါမှာ ကလေးကို...
စိတ်ကျန်းမာရေးဆိုတာ လူသားအားလုံးအတွက် အရေးပါတဲ့ အရာတခုဖြစ်ပါတယ်။ အထူးသဖြင့် မိသားစုတခုရဲ့ အနာဂတ် ကလေးတွေကို ပြုစုစောင့်ရှောက်ရာမှာ အဓိကကျတဲ့ မိခင်တွေဟာ စိတ်ပိုင်းဆိုင်ရာ သန်မာကြံ့ခိုင်နေဖို့ အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကစလို့ ပြုစုပျိုးထောင်ချိန်တွေမှာ ခံစားနေရတဲ့ မိခင်ရဲ့ စိတ်ကျန်းမာရေးအခြေအနေဟာ ကလေးရဲ့ ကိုယ်၊ စိတ်ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ သက်ရောက်မှု ရှိနေပါတယ်။ ဒါ့ကြောင့် မိခင်တွေအနေနဲ့ မိမိကိုကိုယ် စိတ်ပိုင်းဆိုင်ရာ...
ဇနီးမောင်နှံတွေရဲ့ အိမ်တွင်းရေးပြဿနာတွေထဲမှာ တာဝန်ခွဲဝေမှု မညီမျှတာ၊ တာဝန်တွေနဲ့ ပတ်သက်ပြီး အပြန်အလှန် သဘောတူညီမှု မရှိတာတွေကလည်း အဖြစ်များတဲ့ ပြဿနာတခု ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အမျိုးသားဖြစ်သူက အိမ်ထောင်ဦးစီးနေရာနဲ့ မိသားစုရဲ့ ငွေကြေးဆိုင်ရာ လိုအပ်ချက်အတွက်် အလုပ်လုပ်ရတဲ့ အခါမှာ အမျိုးသမီးအနေနဲ့ အိမ်မှုကိစ္စနဲ့ ကလေးပြုစုစောင့်ရှောက်ရေးမှာ တာဝန်ယူသင့်တယ်လို့ စံသတ်မှတ်ချက်တွေ ရှိနေကြပေမယ့် ဒါဟာ မိသားစုတိုင်းအတွက် မသင့်တော်တာလည်း...