Search on this blog

Search on this blog

Need Help?

+959 513 1873

ပထမဆုံးရင်သွေးဆိုတာ မိခင်၊ ဖခင်တိုင်းရဲ့ ကနဦးအစ မိဘဖြစ်ခွင့်ရတဲ့ အခွင့်အရေးကို ယူဆောင်လာသူ ဖြစ်တာကြောင့် အချစ်တွေကို ပုံအောပြီး လက်ခံရရှိတဲ့သူလို့ ပြောကြပါတယ်။ ဒီလို အချစ်ခံရပြီး နောက်ထပ် ရင်သွေးလေး မွေးလာချိန်မှာတော့ သားဦး တွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်လာနိုင်ပြီး ဒါကို မိဘတွေအနေနဲ့ နားလည်ထားဖို့ လိုပါတယ်။ ဒီလိုမျိုး ပထမကလေးရဲ့ စိတ်ပိုင်းဆိုင်ရာအတွက်...
အမျိုးသမီးတွေဟာ ကလေးမီးဖွားပြီးစမှာ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပြီး အနီးက လက်တွဲဖော်ရဲ့ ကူညီဖေးမမှုတွေ များစွာလိုအပ်ပါတယ်။ အထူးသဖြင့် ဒီအချိန်မှာ မိခင်တွေဟာ စိတ်ထိခိုက်လွယ်တာကြောင့် ခင်ပွန်းအနေနဲ့ ဇနီးအပေါ် စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်မှုနဲ့ နားလည်မှု အပြည့်ပေးတာဟာ မိခင်နဲ့ ကလေးရဲ့ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် မီးဖွားပြီးစ အမျိုးသမီးတွေ ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေအကြောင်းကို ဒီကနေ...
မိခင်တွေဟာ ရင်သွေးလေးစရှိတဲ့ ကိုယ်ဝန်ဆောင်ချိန်ကစလို့ မွေးဖွားချိန် ကလေးပြုစုပျိုးထောင်တဲ့အချိန် ကာလ တစ်လျှောက်လုံးမှာ စိတ်ပင်ပန်းမှုတွေ ရှိကြပါတယ်။ ဒီ စိတ်ပင်ပန်းမှုတွေဟာ ကလေးပြုစုပျိုးထောင်တဲ့ပင်ပန်းမှုကြောင့် ဖြစ်နိုင်သလိုပဲ အချို့သော မိခင်များဟာ ပတ်ဝန်းကျင်ရဲ့ စံသတ်မှတ်ချက်တွေနဲ့ ဖိအားတွေကြားထဲမှာ လှောင်ပိတ်မွန်းကြပ် နေရပါတယ်။ ဒီဖိအားတွေကို ရင်ဆိုင်တွန်းလှန်နိုင်မယ့် နည်းလမ်းတွေကို ဒီကနေ ပြောပြပေးချင်ပါတယ်။  (၁) ကိုယ်တိုင်လေ့လာပါ  မိခင်တစ်ယောက်ဖြစ်လာတဲ့အခါမှာ ကလေးကို...
စိတ်ကျန်းမာရေးဆိုတာ လူသားအားလုံးအတွက် အရေးပါတဲ့ အရာတခုဖြစ်ပါတယ်။ အထူးသဖြင့် မိသားစုတခုရဲ့ အနာဂတ် ကလေးတွေကို ပြုစုစောင့်ရှောက်ရာမှာ အဓိကကျတဲ့ မိခင်တွေဟာ စိတ်ပိုင်းဆိုင်ရာ သန်မာကြံ့ခိုင်နေဖို့ အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကစလို့ ပြုစုပျိုးထောင်ချိန်တွေမှာ ခံစားနေရတဲ့ မိခင်ရဲ့ စိတ်ကျန်းမာရေးအခြေအနေဟာ ကလေးရဲ့ ကိုယ်၊ စိတ်ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ သက်ရောက်မှု ရှိနေပါတယ်။ ဒါ့ကြောင့် မိခင်တွေအနေနဲ့ မိမိကိုကိုယ် စိတ်ပိုင်းဆိုင်ရာ...
ဇနီးမောင်နှံတွေရဲ့ အိမ်တွင်းရေးပြဿနာတွေထဲမှာ တာဝန်ခွဲဝေမှု မညီမျှတာ၊ တာဝန်တွေနဲ့ ပတ်သက်ပြီး အပြန်အလှန် သဘောတူညီမှု မရှိတာတွေကလည်း အဖြစ်များတဲ့ ပြဿနာတခု ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အမျိုးသားဖြစ်သူက အိမ်ထောင်ဦးစီးနေရာနဲ့ မိသားစုရဲ့ ငွေကြေးဆိုင်ရာ လိုအပ်ချက်အတွက်် အလုပ်လုပ်ရတဲ့ အခါမှာ အမျိုးသမီးအနေနဲ့ အိမ်မှုကိစ္စနဲ့ ကလေးပြုစုစောင့်ရှောက်ရေးမှာ တာဝန်ယူသင့်တယ်လို့ စံသတ်မှတ်ချက်တွေ ရှိနေကြပေမယ့် ဒါဟာ မိသားစုတိုင်းအတွက် မသင့်တော်တာလည်း...
မိခင်တစ်ယောက်အနေနဲ့ ကလေးကို ပြုစုပျိုးထောင်ရတယ်ဆိုတာ လွယ်ကူတဲ့ အရာတခု မဟုတ်သလို အချိန်လည်း များစွာ ရင်းနှီးရပါတယ်။ အထူးသဖြင့် ကလေးအတွက်ရော အိမ်မှုကိစ္စရော၊ အလုပ်ခွင်ပါ ဝင်နေရတယ်ဆိုရင် မိခင်တစ်ယောက်ဟာ ကိုယ်ပိုင်အချိန်ဆိုတာ မရနိုင်လောက်အောင် တာဝန်တွေ ပိနေနိုင်ပါတယ်။ ဒါပေမယ့် မိခင်ဘဝဆိုတာ တခဏတာ မဟုတ်ပဲ ရေရှည်သွားရတာ ဖြစ်လို့ ပြည့်ပြည့်ဝဝ အနားယူဖို့ အရေးကြီးပါတယ်။ မိခင်တစ်ယောက်အတွက်...
ကလေးယူပြီးနောက်မှာ မိခင်တစ်ယောက်ရဲ့ ဘဝမှာ အပြောင်းအလဲများစွာဖြစ်နိုင်ပြီး အထူးသဖြင့် အလုပ်ခွင်ကို ပြန်သွားမှာလား၊ အိမ်မှာပဲ ကလေးကို အပြည့်အဝ ဂရုစိုက်မှာလား ဆိုတာ မိခင်တိုင်းအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်လာပါတယ်။ ကိုယ်တိုင် ရွေးချယ်မှုကြောင့်ပဲဖြစ်ဖြစ်  အခြေအနေ အရပဲဖြစ်ဖြစ် Working mom သို့မဟုတ် Stay at Home Mom ဖြစ်လာတဲ့အခါ ကွာခြားမှုတွေ...
အမျိုးသမီးတစ်ယောက်မှ မိခင်တစ်ယောက်ဘဝကို ပထမဆုံးအနေနဲ့ ပြောင်းလဲပြီဆိုတဲ့အခါမှာ စိတ်လှုပ်ရှားစရာကောင်းသလို ဒါဟာ စိန်ခေါ်မှုတခုလည်း ဖြစ်ပါတယ်။ တချို့က ကြိုတင်ပြင်ဆင်ထားပြီးမှ ရင်သွေးယူကြတာလည်း ရှိနိုင်သလို မမျှော်လင့်ပဲနဲ့ ရင်သွေး ရသွားတာလည်း ရှိတတ်ကြပါတယ်။ မည်သို့ပင်ဖြစ်ပါစေ  ကလေးကို မွေးဖို့စဥ်းစားလိုက်ပြီဆိုတာနဲ့ ကြိုတင်ပြင်ဆင်ရမယ့် အရာတွေ များစွာ ရှိသလို စိတ်ပိုင်းဆိုင်ရာအားဖြင့်လည်း လေ့ကျင့်ထားဖို့ လိုပါတယ်။ ဒါကြောင့် မိခင်အသစ်တစ်ယောက် အတွက်...
စိတ်ဒဏ်ရာဆိုတာ စိတ်ကျန်းမာရေး ပြဿနာတွေထဲမှာ သတိပြုရမယ့် အခြေအနေတခု ဖြစ်သလို စိတ်ဒဏ်ရာနဲ့အတူ နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း အမြဲတွဲလေ့ ရှိပါတယ်။  အထူးသဖြင့် စိတ်ဒဏ်ရာခံစားရသူတွေဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာ ထိခိုက်မှုတွေ များစွာရှိတာကို လေ့လာမှုတွေအရ အခိုင်အမာ တွေ့ရှိထားပါတယ်။  စိတ်ဒဏ်ရာ ခံစားရတဲ့အခါ ခန္ဓာကိုယ်မှာ ထူးခြားတဲ့ သက်ရောက်မှုတွေ ဖြစ်ပျက်လေ့ ရှိပါတယ်။ အထူးသဖြင့် စိတ်ဒဏ်ရာကြောင့်...
စိတ်ဒဏ်ရာဟာ ကိုယ်တိုင်အတွက် ဆိုးကျိုးရှိနိုင်သလို အနားက ပတ်သက်ဆက်နွယ်သူတွေကိုပါ သက်ရောက်မှုတချို့ ရှိနေနိုင်ပါတယ်။ အထူးသဖြင့် ငယ်စဥ်က ရခဲ့တဲ့ စိတ်ဒဏ်ရာ၊ မိသားစုဆိုင်ရာ ပဋိပက္ခတွေ၊ အနိုင်ကျင့်စော်ကားခံရမှုတွေနဲ့ ကိုယ်ထိလက်ရောက် ကျုးလွန်ခံရတဲ့ အခြေအနေတွေဟာ Relationship တည်ဆောက်မှုမှာ ပြဿနာတချို့ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာတွေနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဒီကနေ မျှဝေပေးပါမယ်။ (၁) လက်တွဲဖော်ကို ယုံကြည်မှုအားနည်းမယ် စိတ်ဒဏ်ရာတွေဟာ...