Healthy Work Environment ဖြစ်ဖို့ဆိုတာ ဝန်ထမ်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အရေးကြီးရုံသာမက လုပ်အားကို တိုးစေဖို့၊ မိမိအလုပ်ကို စိတ်ကျေနပ်ဖို့၊ ဝန်ထမ်းကောင်းတွေကို ထိန်းထားနိုင်ဖို့အတွက်လည်း အရေးပါပါတယ်။ မိမိဝန်ထမ်းရဲ့ ကျန်းမာရေး၊သက်တောင့်သက်သာရှိရေး၊ သာတူညီမျှအခွင့်အရေးကို အလေးမပေးတဲ့လုပ်ငန်းခွင်က ဝန်ထမ်းတစ်ဦးကို ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်တွေနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း အစရှိတဲ့ ကျန်းမာရေးဆိုးကျိုးတွေဖြစ်စေသလို စိတ်ဓာတ်ကျခြင်း၊ ပူပင်သောကများခြင်း၊ အိပ်မပျော်ခြင်း အစရှိတဲ့...
အခုမှပထမဆုံး အလုပ်စလုပ်ဖူးတဲ့သူဖြစ်ဖြစ်၊ အလုပ်မကြာခဏပြောင်းဖူးသူဖြစ်ဖြစ် ဘယ်သူမဆို လုပ်ငန်းခွင်အသစ်ကို ပြောင်းကာစမှာ စိတ်ဖိစီးမှုလေးတွေ ကြုံရတတ်ပါတယ်။ ဝန်ထမ်းအသစ်ဆိုတော့ အထက်လူကြီးက စောင့်ကြည့်နေမှာဖြစ်သလို လုပ်ဖော်ကိုင်ဖက်တွေက အကဲခတ်နေကြမဲ့အတွက် ဖိအားတွေကို ရင်ဆိုင်ကြရမှာပါ။ လုပ်ငန်းခွင်အသစ်ရောက်တဲ့အခါ စိတ်ဖိစီးမှုကိုခံစားရစေတဲ့ အဓိကအကြောင်းအရာတွေကို Call Me Today က ဖော်ပြပေးလိုက်ပါတယ်။ လုပ်ဖော်ကိုင်ဖက်အသစ်တွေ: ဌာနအသီးသီးက ကိုယ်နဲ့ချိတ်ဆက်ဆောင်ရွက်ရမဲ့သူတွေကို မှတ်ထားရတာ၊ ကိုယ့်ဌာနက လုပ်ဖော်ကိုင်ဖက်တွေနဲ့...
လူတိုင်းက အချိန်တိုင်းမှာ စိတ်ဖိစီးမှု တစ်ခုမဟုတ်တစ်ခုနဲ့ ကြုံတွေ့နေကြရပါတယ်။ စိတ်ဖိစီးမှုဆိုတာ အကောင်းဘက်ကကြည့်ရင် စိတ်ကိုသွေးပူအောင်လုပ်ပေးတာဖြစ်ပြီး ပျော်ရွှင်စေမဲ့နည်းလမ်းကို ခပ်မြန်မြန်ရှာတွေ့စေပါတယ်။ သို့ပေမဲ့ ပျော်ရွှင်စရာရှာမတွေ့နိုင်ပဲ စိတ်ဖိစီးမှုချည်းပဲ နေ့စဉ်ရက်ဆက်ရင်ဆိုင်နေရရင်တော့ ဒါကို “စိတ်ဒုက္ခရောက်ခြင်း” လို့ခေါ်ပါတယ်။ စစ်တမ်းတွေအရ လူအများစုကို စိတ်ဒုက္ခအကြီးအကျယ်ရောက်စေတဲ့ အတွေ့အများ ဆုံး အကြောင်းအရာတွေက လူတယောက်က အလွန်အမင်း စိတ်ဒုက္ခရောက်လာတဲ့အခါ အခုပြောပြမဲ့ အပြုအမူတွေ၊ လက္ခဏာတွေကို...
လက်ရှိအလုပ်ထဲမှာ ရောက်နေတဲ့လူတိုင်းကိုမေးချင်ပါတယ် “အလုပ်ထဲမှာ ပျော်ကြရဲ့လား?” မပျော်ဘူးလို့ ဖြေခဲ့မယ်ဆိုရင်တော့ ဘာကြောင့်မပျော်တာလဲလို့ မေးချင်ပါတယ်။အလုပ်ထဲမှာ မပျော်နိုင်တဲ့ အကြောင်းအရင်းတွေကတော့ ပြောရမယ်ဆိုရင် အများကြီးရှိနေနိုင်မှာပါ ဒါပေမယ့် လို့အဓိကအကြောင်းအရင်းကို ကိုယ်တိုင်က မတွေးမိကြဘူး မသိကြဘူးဆိုရင်တော့ မိမိဘဝမှာနေ့စဉ်နဲ့ အမျှအိမ်မှာနေတာထက်အလုပ်မှာနေရတဲ့အချိန်က ပိုများတဲ့အတွက်လူတွေဟာများသောအားဖြင့် မိမိဘဝမှာလူဖြစ်ရကျိုးမနပ်သလို ခံစားလာရပြီး စိတ်ပန်းလူပန်းနဲ့ မိမိဘ၀ အခြေအနေကို ငြီးငွေ့စိတ်ပျက်လာ ကြပါတယ်။ ဒါကြောင့် အလုပ်ထဲမှာ...