Search on this blog

Search on this blog

ဒေါသကြီးတတ်တဲ့ မိတ်ဆွေတစ်ယောက် သင့်မှာ ရှိနေတယ်၊ anger issue ရှိနေတဲ့ မိတ်ဆွေတစ်ယောက် သင့်မှာ ရှိနေတယ်၊ ဒေါသကို ထိန်းချုပ်ရခက်တာကြောင့် သူ့ရဲ့ ဘဝမှာ အဆင်မပြေမှုတွေ ကြုံနေရတယ်ဆိုရင် သင့်အနေနဲ့ ဖေးမ ကူညီပေးဖို့ လိုပါတယ်။ တခါတရံမှာ ဒေါသကို ထိန်းချုပ်ဖို့အတွက် အနီးအနားက တစုံတယောက်ရဲ့ ဂရုစိုက်ကူညီမှုက များစွာ အထောက်အကူပြုတာကြောင့် နည်းလမ်းလေးတွေ...
ဒေါသကို ထိန်းချုပ်နိုင်စွမ်း အားနည်းတဲ့အခါမှာ စိတ်ခံစားချက်တွေ ပြင်းထန်နိုင်တာကြောင့် ကျိုးကြောင်းဆင်ခြင်မှု အားနည်းနိုင်ပါတယ်။ ဒီအချိန်မှာ  ကိုယ်တိုင်အတွက်ရော တခြားသူတွေအတွက်ကိုပါ အန္တရာယ်ရှိစေတဲ့ အပြုအမူတွေ ကို ပြုလုပ်လေ့ရှိကြပါတယ်။ ဒီလိုနဲ့ပဲ မထင်မှတ်ထားတဲ့ ပြဿနာတွေ ဖြစ်နိုင်သလို နောင်တရစေမယ့် ဖြစ်ရပ်တွေကို ကျုးလွန်မိနိုင်တာကြောင့် ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။  (၁) သတိပေး လက္ခဏာတွေကို ထိန်းချုပ်ပါ   ဒေါသရဲ့...
ဒေါသ ဆိုတာ ပြင်ပ လှုံ့ဆော်မှုတခုကို ရုတ်တရက် အလျင်အမြန် တုန့်ပြန်ရာကနေ ဖြစ်ပေါ်လာတဲ့ သဘာဝ ခံစားချက်တခု ဖြစ်ပါတယ်။ ဒီလို ဒေါသကြောင့် နောက်ဆက်တွဲ အနေနဲ့ အမှားအယွင်းတွေ ပြုလုပ်မိနိုင်သလို ပေါင်းသင်းဆက်ဆံရေးမှာလည်း မထင်မှတ်ထားတဲ့ ပြဿနာတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် နေ့စဥ်ဘဝမှာ ဒေါသ ကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။ ...
လူတိုင်းရဲ့ နေ့စဥ်ဘဝမှာ ဒေါသထွက်စရာ အခြေအနေတွေကို တကြိိမ်တခါ မက ကြုံကြရလေ့ ရှိပေမယ့် ဒေါသအမျိုးအစား ကတော့ မတူညီနိုင်ပါဘူး။ ဥပမာအားဖြင့် Passive anger (သွယ်ဝိုက်ဒေါသ) ၊ Aggressive anger (ပေါက်ကွဲတတ်တဲ့ ဒေါသ) နဲ့ Suppressed Anger (ဖုံးကွယ်ဒေါသ) ဆိုပြီး ဒေါသအမျိုးအစားတွေ ကွဲပြားသွားတာနဲ့အမျှ ထိန်းချုပ်နည်းတွေ မတူညီနိုင်တာကြောင့်...
ဒေါသ ကြောင့် တစုံတရာကို ပြုမူလိုက်တယ် ဆိုတဲ့အရာကိုသာ လူအများစုက အာရုံစိုက်မိကြပေမယ့် ဘာကြောင့် ဒေါသဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်း ဇစ်မြစ်ကိုတော့ သတိပြုဖို့ရာ မေ့လျော့နေလေ့ရှိကြပါတယ်။ ဒေါသထွက်ရတဲ့ အကြောင်းအရင်းကို ရှာဖွေဖြစ်တဲ့ အလေ့အထကို ပြုလုပ်ဖြစ်မယ်ဆိုရင် ဒေါသကို အတိုင်းအတာ တခု အထိ ထိန်းချုပ်နိုင်မှာ ဖြစ်ပြီး ဒေါသရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။...