Search on this blog

Search on this blog

ဆုံးရှုံးမှုဆိုတာကို လူတိုင်းနီးပါး ခံစားဖူးကြမှာပါ။ ဒါပေမယ့် ဆုံးရှုံးမှုတွေ မတူညီနိုင်သလို ဆုံးရှုံးမှု တူညီရင်တောင် ခံစားရတဲ့ ခံစားချက်တွေက တစ်ဦးနဲ့ တစ်ဦး မတူညီနိုင်ပါဘူး။ တချို့က ကိုယ် ချစ်ခင်ရသူတွေနဲ့ သေခွဲ ၊ ရှင်ခွဲ ခွဲခွာရတာကြောင့် ချစ်ရသူတွေ ဆုံးရှုံးသွားတယ်။ တချို့က ကိုယ်တန်ဖိုးထားတဲ့ အရာတွေ ၊ အလုပ်တွေ အခွင့်အရေးတွေ ဆုံးရှုံးသွားတယ်။...
ကျွန်တော်တို့ ချစ်ရသူတွေနဲ့ ဝေးကွာရပြီဆိုရင် ဘယ်လောက်ပဲ မခံစားတတ်တဲ့သူဖြစ်နေပါစေ၊ စိတ်ထဲမှာ ဝမ်းနည်းပူဆွေးတဲ့ ခံစားချက်တွေ ဖြစ်နေမှာပါ။ ဒီခံစားချက်တွေဟာ ကိုယ့်ချစ်သူအပေါ် ဘယ်လောက်ထိ ချစ်ခဲ့လဲ၊ တွဲတာ ဘယ်လောက်ကြာခဲ့လဲ၊ ဘာအကြောင်းကြောင့် ဝေးကွာခဲ့ရတာလဲ၊ တွဲနေတဲ့ကြားထဲမှာ ကိုယ်ဘယ်လောက်ထိ ပျော်ရွှင်ခဲ့လဲ၊ ကိုယ့်ရဲ့ ငယ်ဘဝစိတ်ဒဏ်ရာ စတာတွေပေါ်မူတည်ပြီး လပိုင်းကနေ နှစ်ပိုင်းလောက်ထိ ကြာနိုင်ပါတယ်။ ဒီလိုကာလမှာ ပူဆွေးသောက ရောက်တဲ့ခံစားချက်တွေကို...