စီးပွားရေး၊ လူမှုရေး၊ ဘဝနေထိုင်ရေး အဘက်ဘက်က ဖိအားတွေစုပြုံကျနေချိန်မှာ စိတ်ဓာတ်တွေ ယိုင်လဲသွားဖို့ သိပ်ကိုလွယ်ကူလွန်းပါတယ်။ ကိုယ့်ဘဝရဲ့အဓိပ္ပာယ်၊ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေကို ဆုံးရှုံးမသွားရအောင်ကိုယ်တိုင်ပြန်ဖေးမဖို့လိုအပ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ဆိုင်ရာ ကျန်းမာနေပြီး အခက်အခဲတွေကို ရင်ဆိုင်နိုင်မဲ့ ခွန်အားကို Self-Care လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းကနေ ရယူနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းက ကြံ့ကြံ့ခံနိုင်မဲ့ အားအင်ကို ပေးသလို အခြေအနေတိုင်းမှာ မယိုင်လဲသွားမဲ့...
အာဟာရမပြည့်ဝမှုက စိတ်ဓာတ်ကျနိုင်ခြေနဲ့ ပူပင်သောကရောက်နိုင်ခြေကို မြင့်မားစေပေမဲ့ အာဟာရပြည့်ဝစွာစားသုံးခြင်းကတော့ စိတ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။ ကလေးငယ်များနဲ့ အရွယ်ရောက်လူငယ်များကို အုပ်စုခွဲပြီး ပြုလုပ်ထားတဲ့ လေ့လာတွေ့ရှိချက်တွေအရ ကျန်းမာရေးနဲ့မညီညွတ်တဲ့စားသောက်မှုပုံစံဟာ စိတ်ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့စားသောက်မှုပုံစံဆိုရာမှာ အာဟာရစုံလင်မျှတအောင်မစားသုံးတာအပြင် အစာစားချိန်မမှန်တာ ၊ အသင့်စားအစားအစာပဲစားတာ၊ ညအိပ်ခါနီးမှ ပိုစားမိတာ၊ အလုပ်လုပ်ရင်း အလုပ်စားပွဲမှာပဲ ဖြစ်သလိုစားလိုက်တာတွေပါ ပါဝင်ပါတယ်။ ဒီလို မမှန်ကန်တဲ့စားသောက်မှုပုံစံကြောင့်...
စိတ်ခံစားချက်ပြင်းထန်နေတဲ့အချိန်တိုင်းမှာ ပြန်လည်တည်ငြိမ်သွားစေမဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုက “အသက်ရှူခြင်း” (breathing exercise) ပါပဲ။ ဘာကြောင့်လဲဆိုတော့ ဝင်လေထွက်လေဟာ စိတ်ခံစားချက်တွေ၊ စိတ်ခံစားချက်ကို ထိန်းချုပ်နေတဲ့ဟော်မုန်းတွေနဲ့ ဆက်နွယ်မှုရှိနေလို့ပါပဲ။ လူတွေက အချိန်စက္ကန့်တိုင်းမှာ အသက်ရှူသွင်း၊ ရှူထုတ်လုပ်ဖြစ်နေကြတာတော့ဟုတ်ပါတယ်။ ဒါပေမဲ့ တကူးတကသတိမပြုမိကြသလို အာရုံလည်း မစိုက်ဖြစ်ကြပါဘူး။ အသက်ရှူခြင်းက ဦးနှောက်ရဲ့ “အနားယူခြင်းနဲ့ အစာခြေခြင်းဆိုင်ရာ အာရုံကြောစနစ်” ကို လှုံ့ဆော်ပေးတာကြောင့် စိတ်ခံစားချက်များနဲ့...
နေ့စဉ်ဘဝမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုကို အသက်အရွယ်မရွေး ကြုံတွေ့ရတတ်ပါတယ်။ ခဏတာကြုံတွေ့ရတဲ့ အခြေအနေကြောင့်လည်း ဖြစ်နိုင်သလို နေ့စဉ် စိုးရိမ်ပူပန်စရာ ကိစ္စတွေကြောင့် ရေတို၊ ရေရှည် စိတ်ဖိစီးမှုကို လူတဦးနဲ့တဦးမတူညီပဲ ခံစားရတတ်ပါတယ်။ စိတ်ဖီစီးမှုဆိုတာ လုံးဝလွှဲရှောင်လို့ရနိုင်တဲ့အရာမျိုးမဟုတ်ပေမဲ့ မိမိရဲ့လူမှုဘဝမှာ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့အရာတွေကို တတ်နိုင်သလောက် ရှောင်ရှားလို့ရသလို စိတ်ဖီစီးမှုခံစားနေရတဲ့အခါ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းတွေလည်းများစွာရှိပါတယ်။ ထိုနည်းလမ်းတွေထဲမှာမှ ထိရောက်မှုအားအကောင်းဆုံးနည်းလမ်းတွေထဲက...
လက်ရှိလုပ်နေတဲ့ အလုပ်ကို ဘယ်လိုမှအာရုံမစိုက်နိုင်ပဲ ဖြစ်နေတယ်။ တကယ်လုပ်ရင် (၅)မိနစ်ပဲကြာနိုင်တဲ့ အလုပ်ကို စိတ်ထဲမှာ ကောင်းကောင်းမလုပ်နိုင်ရင် ဘာဖြစ်မလဲဆိုတာတွေးမိရင်း အချိန်တွေကုန်သွားတယ်။ နှလုံးခုန်မြန်ပြီး အသက်ရှူမြန်လာတယ်။ လက်ဖဝါး ခြေဖဝါးတွေ ချွေးစောအရမ်းပြန်ပြီး ဘာကိုသေချာမကိုင်တွယ်နိုင်ပဲ ဖြစ်လာရတယ်။ ဒီလို စိုးရိမ်ပူပန်တတ်ခြင်း (anxiety) အခြေအနေကို လူတိုင်း တချိန်ချိန် တနည်းမဟုတ်တနည်း ကြုံတွေ့ခဲ့ဖူးကြမှာ အမှန်ပါပဲ။ စိုးရိမ်ပူပန်တတ်ခြင်း (anxiety)...
စိတ်ဖိစီးမှုကိုခံစားရခြင်း (Stress) သည် အန္တရာယ် (သို့မဟုတ်) တစုံတရာထိတ်လန့်စရာ အခြေအနေကို ကြုံတွေ့တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေက အပြင်ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်သလို (ဥပမာ – မီးလောင်တာ, ကားအက်ဆီးဒင့်ဖြစ်တာ)၊ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် (ဥပမာ – အလုပ်ကိစ္စအဆင်မပြေမှု၊ ငွေရေးကြေးရေးပူပန်မှု)။ ဒီလိုကြုံတွေ့ရတဲ့အခါမှာ ခန္ဓာကိုယ်က Stressကိုပြန်လည်တုံပြန်ဖို့ အနေနဲ့ Fight...
ညအိပ်မပျော်ခြင်း (Insomnia) က ညအခါ စိတ် နဲ့ ခန္ဓာကိုယ် မှာ ငြိမ်သက်ခြင်းမရှိတဲ့အခါမှာ အကျိုးဆက်အနေနဲ့ အိပ်ပျော်ရန်ခက်ခဲခြင်း၊ အိပ်စက်ချိန်တိုတောင်းခြင်း၊ မကြာခဏနိုးတတ်ခြင်း တွေဖြစ်တတ်ခြင်းပဲ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်ဟာ သူ့ရဲ့အသက်အရွယ်ပေါ်လိုက်ပြီး တစ်နေ့ ၇ – ၉ နာရီ အိပ်စက်ချိန်လိုအပ်ပါတယ်။ ညအိပ်မပျော်ခြင်း (Insomnia) ကို အောက်ပါအတိုင်း နှစ်မျိုးခွဲခြားထားလို့ရပါတယ်။...
စိတ်ကျန်းမာရေးဆိုတာဘာလဲ? လူ့ရဲ့ ဦးနှောက်ကို ကစားကွင်းတစ်ခုလို ကျွန်တော်တို့မြင်ကြည့်လိုရပါတယ်။ ကလေးပေါင်း ရာနဲ့ချီပြီး နေစဉ် လာရောက်ဆော့ကစားကြတဲ့ ကစားကွင်းကြီး တစ်ခုမှာ – တချို့ကလေးတွေက ဒန်းစီးတာ၊ တချို့က လျှောစီးတာ၊ တချို့က ပြေးတမ်းလိုက်တမ်းကစားတာ၊ စသဖြင့် အရမ်းကိုလူစည်းကားပြီး ဆူညံနေတဲ့ ကစားကွင်းတစ်ခုမှာ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖို့ထားရှိထားခြင်းက အရေးကြီးပါလိမ့်မယ်။ ဒီ စည်းမျဉ်းစည်းကမ်းတွေက လာရောက်ကစားတဲ့သူတွေ ထိခိုင်ဒဏ်ရာမရအောင်၊...
Eating Disorder နဲ့ပတ်သတ်တဲ့အကြောင်းအရာလေးတွေ ၊ ဖြစ်တတ်တဲ့ အကြောင်းလေးတွေ Symptoms လေးတွေကိုတော့ ကျွန်မတို့တွေ သေသေချာချာလေး ပြောပြခဲ့ပြီးပြီဖြစ်ပါတယ် ။ ဒီ Eating Disorder တွေ မှာလည်း ပုံစံ အမျိုးအစားတွေ မတူညီကြပဲ အမျိုးအစားကွဲပြားကြပါသေးတယ် ။ ဖြစ်တည်လာရတဲ့ အခြေအနေအကြောင်းအရာ သက်ဆိုင်ရာ တစ်ခုစီပေါ်မူတည်ပြီးတော့ ပုံစံတွေလည်းကွဲပြားကြပါတယ် ။ ဒီထဲမှာမှ...
Social Anxiety Disorder ဆိုတာကတော့ Anxiety Disorder အမျိုးအစားတွေအများကြီးထဲကမှ အဖြစ်များတဲ့ Disorder တစ်ခုပဲဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာဆိုရင် ဆယ်ကျော်သက်လူငယ်တွေကြားမှာအဖြစ်များရုံသာမက လူလတ်ပိုင်းတွေထဲမှာလည်း ဖြစ်လာကြတဲ့ Disorder တစ်မျိုးလည်းဖြစ်တာမလို့ ဗဟုသုတသိရှိစေဖို့ရာအတွက် ပြောပြလိုက်ရပါတယ်ရှင့်။ ✅ Social Anxiety Disorder ဆိုတာကတော့ Public မှာ စကားပြောဆိုရတဲ့အခါ ၊ လူသစ်တွေနဲ့တွေ့ဆုံရတဲ့အခါ ၊ ...