Search on this blog

Search on this blog

စွဲလမ်းခြင်း (Addiction) ကို လက်တွေ့ ကြုံရတဲ့အခါမှာ ချစ်ခင်ရသူ မိသားစုဝင်တွေရဲ့ အားပေးကူညီမှု ကလည်း အလွန်အရေးပါပါတယ်။ အထူးသဖြင့် ချစ်ခင်ရသူတွေရဲ့ နားလည်မှု၊ ကူညီဖေးမမှုနဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေဟာ Addiction ကို လျော့ပါးသက်သာစေတဲ့ ခရီးစဥ်မှာ များစွာ အထောက်အပံ့ဖြစ်နိုင်ပါတယ်။ သင်ချစ်ရသူ ဒါမှမဟုတ် မိသားစုဝင်အနေနဲ့ Addiction ပြဿနာကို ရင်ဆိုင်နေရတယ်ဆိုရင် သင့်အနေနဲ့...
တချို့က စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် စိတ်ထွက်ပေါက်အနေနဲ့ အရက်နဲ့ မူးယစ် ဆေးဝါးတွေကို သုံးစွဲကြတယ်၊ ဒါပေမယ့် ဒါတွေဟာ ခဏတာ စိတ်ဖြေဖျောက်ဖို့ အတွက်ပဲ အဆင်ပြေနိုင်ပြီး နောက်ပိုင်းမှာတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ပိုဆိုးစေတဲ့အပြင် ထပ်ဆင့်အနေနဲ့ အရက်နဲ့ မူးယစ်ဆေးဝါးတွေကို စွဲလမ်းခြင်း (Addiction) ဆိုတဲ့ အခြေအနေ တစ်ခုပါ ထပ်တိုးလာနိုင်ပါတယ်။ ဒီအခြေအနေတွေ...
တစုံတခုကို စွဲလမ်းမိတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ရော ရုပ်ပိုင်းဆိုင်ရာ မှာပါ  ကြီးမားတဲ့ သက်ရောက်မှုတွေ များစွာ ရှိနေနိုင်ပါတယ်။ အထူးသဖြင့် မူးယစ်ဆေးဝါး စွဲလမ်းတာ၊ အရက်စွဲတာ၊ ဂိမ်းစွဲတာ ၊ ဒါမှမဟုတ် အပြုအမူတစ်ခုကို မလုပ်ရ မနေနိုင်အောင် စွဲလမ်းတာတွေ ဟာ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တစ်ခုခုနဲ့ ဆက်စပ်နေသလို နောက်ဆက်တွဲမှာတော့ ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်မှာ...
Addiction (စွဲလမ်းခြင်း) ဆိုတာကတော့ အပြုအမူ တစ်ခုခု က မကောင်းမှန်း သိသည့်တိုင်အောင် ထပ်တလဲလဲ ပြုလုပ်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် စွဲလမ်းမှု ဟာ ဦးနှောက်ရဲ့ Reward System ကို ကြိမ်ဖန်များစွာ အသုံးပြုခြင်းဖြစ်တာကြောင့် ဖြတ်တောက်ရ ခက်တဲ့ အခြေအနေတစ်ခု လည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် မူးယစ်ဆေးဝါး စွဲတာ၊...