သဘာဝ ဘေးအန္တရာယ်ရဲ့ သက်ရောက်မှုတွေဟာ ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှု များစွာကို ဖြစ်စေနိုင်ပြီး နောက်ဆက်တွဲအနေနဲ့ ကြေကွဲဝမ်းနည်းမှုတွေကိုပါ ခံစားရစေနိုင်ပါတယ်။ အထူးသဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် မိသားစုဝင်တွေ ဆုံးရှုံးတယ်၊ အိုးအိမ် အဆောက်အဦးတွေအပါအဝင် ကိုယ်တန်ဖိုးထားရတဲ့ အရာတွေကို စွန့်လွတ်ရတဲ့အခါ ကြေကွဲဝမ်းနည်းမှုတွေဟာ အတိုင်းအဆမရှိ ကြီးထွားလာပြီး စိတ်ပိုင်းဆိုင်ရာအားဖြင့် အကြီးအကျယ် ပျက်စီးထိခိုက်စေနိုင်ပါတယ်။ သဘာဝဘေးအန္တရာယ်ကြောင့် ကြေကွဲဝမ်းနည်းမှု ခံစားရတဲ့ လက္ခဏာများ ...
ကြီးမားပြင်းထန်တဲ့ အဖြစ်အပျက်တစ်ခုရဲ့ နောက်ကွယ်က ထိခိုက်နစ်နာမှုတွေထဲမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ စိတ်ဒဏ်ရာတွေကလည်း အပါအဝင် ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို ငလျင်ဘေးကြီးကို ဆိုးဆိုးရွားရွား ကြုံတွေ့ရပြီးနောက်မှာ စိတ်ဒဏ်ရာတွေကို ခံစားရနိုင်သလို ဒီစိတ်ဒဏ်ရာတွေရဲ့ အကျိုးဆက်အနေနဲ့ PTSD (Post Traumatic Stress Disorder) လို့ ပြောတဲ့ စိိတ်ဒဏ်ရာအလွန် စိတ်ဖိစီးမှု ဝေဒနာကိုလည်း ခံစားရနိုင်ဖွယ်...
မမျှော်လင့်ထားတဲ့ ငလျင်ရဲ့ သက်ရောက်မှုတွေကို ခံစားကြုံတွေ့ရပြီးနောက်မှာ တုန်လှုပ်ခြောက်ခြားမှုနဲ့ ကြောက်စိတ် ပြင်းထန်မှုတွေကို ဆက်တိုက်ဆိုသလို ကြုံတွေ့ရနိုင်ပါတယ်။ လက္ခဏာအားဖြင့် ညဘက် အိပ်မပျော်တာ၊ အဖြစ်အပျက်တွေကို ပြန်လည် မြင်ယောင်တာ၊ ရုတ်တရက် ကြောက်စိတ်တွေ ခံစားရပြီး တုန်လှုပ်ခြောက်ခြားတာ၊ နှလုံးခုန်နှုန်းတွေ မြန်ပြီး ဆောက်တည်ရာမရ ဖြစ်တာ စတာတွေ ဖြစ်နိုင်ပြီး ဒါတွေကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။ ...
ဒီရက်ပိုင်း ငလျင်ရဲ့ သတင်းနဲ့ ပုံရိပ်တွေ ၊ ငလျင်ကြောင့် ဘဝဆုံးရှုံးသူတွေအကြောင်း ကြားသိရတဲ့အခါ စိတ်ခံစားချက်တွေ ပြင်းထန်ပြီး အပြစ်ရှိသလို ခံစားရသူတွေ ရှိကြမှာပါ။ ဒီလိုမျိုး ငလျင်ဘေးကို ကိုယ်တိုင် ဆိုးဆိုးရွားရွား မခံစားရသည့်တိုင်အောင် နာကျင်ကြွေကွဲမှုကို ရှင်ကျန်ရစ်သူ တစ်ယောက်အနေနဲ့ ပြင်းပြင်းထန်ထန် ခံစားရတာကတော့ Survivor’s Guilt လို့ ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကြောင့်...
သဘာဝဘေးအန္တရာယ်တွေဟာ ရှောင်လွှဲလို့မရသလို မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေကို ဖြစ်စေနိုင်ပြီး နောက်ဆက်တွဲ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေ ကို ကြုံတွေ့ရနိုင်ပါတယ်။ အထူးသဖြင့် လက်တလော ပြင်းထန်တဲ့ ငလျင် ဘေးအန္တရာယ်ကြောင့် တုန်လှုပ်ခြောက်ခြားမှုတွေကို ကြုံတွေ့ခံစားရတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ပြဿနာများစွာကို ဆိုးရွားစွာ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ လျော့ပါးသက်သာပြီး စိတ်ကျန်းမာရေးကို ဂရုစိုက်နိုင်မယ့်...
စိတ်ခံစားချက်တွေကို ဖော်ထုတ်ရာမှာ အနုပညာက အရေးပါသလို အတွင်းစိတ်အခြေအနေ နဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကုသတဲ့အခါမှာလည်း အနုပညာကုထုံး (Art Therapy) ကို ထိရောက်တဲ့ စိတ်ရောဂါ ကုထုံးတခုအဖြစ် သုံးလာကြပါပြီ။ အထူးသဖြင့် အနုပညာဖန်တီးမှုကနေ တဆင့် ကိုယ့်ရဲ့ လက်ရှိခံစားချက်တွေကို အသိအမှတ်ပြုစေဖို့ ကူညီပေးနိုင်သလို စိတ်ဖိစီးမှုတွေကို လျော့ကျစေဖို့အတွက်ကိုလည်း Art Therapy က...
တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် သင်ယူခြင်းနဲ့ ဝေမျှခြင်းဟာလည်း စိတ်ရောဂါ ကုသရာမှာ အသုံးဝင်တဲ့ နည်းလမ်း တခု ဖြစ်ပါတယ်။ ဒါ့ကြောင့် တခါတရံမှာ လူအနည်းစု ပါဝင်တဲ့ အစုအဖွဲ့လိုက် စိတ်ပိုင်းဆိုင်ရာ ကုထုံး (Group Therapy) ကိုလည်း အသုံးပြုလေ့ရှိပါတယ်။ Group Therapy အတွင်းမှာ ပါဝင်သူတွေဟာ ခံစားချက်၊ အတွေ့အကြုံနဲ့ အခက်အခဲတွေကို...
စိတ်ပိုင်းဆိုင်ရာ ကုသမှုအတွက် လက်တွေ့ သီအိုရီတွေ များစွာရှိသလို တခါတရံမှာ ဒီ သီအိုရီတွေကို ပူးပေါင်းပြီးနောက် ထိရောက်မှု ရှိအောင် အသုံးပြုရတာလည်း ရှိပါတယ်။ Integrative Adapt Theory ဆိုတာက စိတ်ပညာ သီအိုရီ တချို့ကို ပူးပေါင်းပြီး လက်တွေ့ အခြေအနေနဲ့ ကိုက်ညီအောင် ညှိနှိုင်းကုသတဲ့ နည်းလမ်းဖြစ်ပြီး နောက်ပိုင်းမှာ အသုံးပြုဖြစ်လာတဲ့ သီအိုရီ...
တခါတရံမှာ စိတ်ခံစားချက်အချို့က အစွန်းနှစ်ဖက်ကို ရောက်တတ်သလို ဒါကို မျှချေ အခြေအနေ ပြန်ဖြစ်ဖို့ ကုသရတဲ့ စိတ်ကုထုံး တခုကတော့ DBT (Dialectical Behavioral Therapy) ဖြစ်ပါတယ်။ ဒီကုထုံးကို လွန်ခဲ့တဲ့ ၁၉၈၀ ခုနှစ်လောက်ထဲက စိတ်ပညာရှင်တဦး ဖြစ်တဲ့ Marsha Linehan က စတင်ဖော်ထုတ်ခဲ့တာ ဖြစ်ပြီး အခုခေတ်ကာလအထိ အသုံးတည့်နေဆဲ...
လူတွေရဲ့ အတွေးတွေ၊ ခံစားချက်တွေနဲ့ လုပ်ဆောင်ချက် အပြုအမူတွေဟာ တခုနဲ့ တခု ဆက်စပ်နေတယ် ၊ ဒါ့ကြောင့် အတွေးတွေကို ပြောင်းလဲရင် ခံစားချက်တွေ ပြောင်းလဲလာပြီး အပြုအမူတွေ မှာ သက်ရောက်မှု ရှိတယ်။ ဒီလိုမျိုး အယူအဆအားဖြင့် စိတ်ရောဂါကို ကုသတဲ့ နည်းလမ်းတခုကတော့ သိမှု အပြုအမူဆိုင်ရာ ကုထုံး (Cognitive Behavioral Therapy...