လူတိုင်းရဲ့ နေ့စဥ်ဘဝမှာ ဒေါသထွက်စရာ အခြေအနေတွေကို တကြိိမ်တခါ မက ကြုံကြရလေ့ ရှိပေမယ့် ဒေါသအမျိုးအစား ကတော့ မတူညီနိုင်ပါဘူး။ ဥပမာအားဖြင့် Passive anger (သွယ်ဝိုက်ဒေါသ) ၊ Aggressive anger (ပေါက်ကွဲတတ်တဲ့ ဒေါသ) နဲ့ Suppressed Anger (ဖုံးကွယ်ဒေါသ) ဆိုပြီး ဒေါသအမျိုးအစားတွေ ကွဲပြားသွားတာနဲ့အမျှ ထိန်းချုပ်နည်းတွေ မတူညီနိုင်တာကြောင့်...
ဒေါသ ကြောင့် တစုံတရာကို ပြုမူလိုက်တယ် ဆိုတဲ့အရာကိုသာ လူအများစုက အာရုံစိုက်မိကြပေမယ့် ဘာကြောင့် ဒေါသဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်း ဇစ်မြစ်ကိုတော့ သတိပြုဖို့ရာ မေ့လျော့နေလေ့ရှိကြပါတယ်။ ဒေါသထွက်ရတဲ့ အကြောင်းအရင်းကို ရှာဖွေဖြစ်တဲ့ အလေ့အထကို ပြုလုပ်ဖြစ်မယ်ဆိုရင် ဒေါသကို အတိုင်းအတာ တခု အထိ ထိန်းချုပ်နိုင်မှာ ဖြစ်ပြီး ဒေါသရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။...
အိမ်ထောင်သည်ဘဝမှာ ဇနီးမောင်နှံတွေဟာ နှစ်ဦးသဘောတူ ဆုံးဖြတ်ချက်တွေကို အတူချမှတ်ကြပြီး အစစအရာရာမှာ အတူတကွ လျှောက်လမ်းဖြစ်ကြတဲ့ အနေအထားတခု ဖြစ်ပါတယ်။ ဒီလို အနေအထားတခုကနေ ကွာရှင်းပြတ်စဲဖို့ ဖြစ်လာတဲ့အခါမှာ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝကို ပြန်လည်ရှာဖွေခြင်း (self-discovery) အားဖြင့် ကိုယ့်ကိုကိုယ် ယုံကြည်မှု မြှင့်တင်ဖို့ လိုအပ်လာတာကြောင့် ကိုယ့်ကိုကိုယ် ရှာဖွေနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။ (၁) ကိုယ့်ကိုကိုယ်...
လက်ရှိ Relationship တခုကို အဆုံးသတ်ပြီးနောက် တဦးတည်း ဘဝကို ဖြတ်သန်းဖို့အတွက် အစပြုချိန်ဟာ အထီးကျန်ခြင်း ကို သိသိသာသာ ခံစားရတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ ဒီလို အချိန်မှာ အထီးကျန်ခြင်းနဲ့အတူ အားငယ်ခြင်း၊ ဝမ်းနည်းခြင်း၊ ကိုယ့်ကိုကိုယ် အပြစ်တင်ခြင်း၊ စိတ်ဓါတ်ကျခြင်း စတာတွေကို ခံစားရနိုင်ပြီး နောက်ဆက်တွဲ ပြဿနာတွေကိုပါ ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် လမ်းခွဲပြီးနောက် အထီးကျန်ခြင်းကို...
ကွာရှင်းပြတ်စဲခြင်းနဲ့ ပတ်သက်လာရင် လူမှုအသိုင်းအဝိုင်းက ဒါကို အမည်းစက်၊ အားနည်းချက်တခု အနေနဲ့ သတ်မှတ်လေ့ရှိကြသလို ကာယကံရှင်တွေ အနေနဲ့လည်း ပတ်ဝန်းကျင်နဲ့ မိသားစုကပေးတဲ့ ဖိအားများစွာကို ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒီဖိအားတွေကို တွန်းလှန်ဖို့ ကြိုးစားရာကနေ နှစ်ဦးလုံးမှာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ များစွာ ဖြစ်လာနိုင်တာကြောင့် ဒါတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။ ကွာရှင်းပြတ်စဲခြင်းနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုများ ...
ဇနီးမောင်နှံတွေ အနေနဲ့ နှစ်ဦးသဘောတူ ရင်သွေးယူခဲ့ကြပေမယ့် အခြေအနေ အကြောင်းတခုခုကြောင့် ကွာရှင်းပြတ်စဲကြတဲ့အခါ ကလေးရဲ့ အနာဂတ်ကို စီမံဖို့အတွက် နှစ်ဦးလုံးမှာ တာဝန်ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ်စီ သီးခြားနေထိုင်ဖို့ ဖြစ်လာပေမယ့် နှစ်ဦးသဘောတူ ကလေးကို ဆက်လက် ပြုစုပျိုးထောင်မယ် (co-parenting) လုပ်မယ်ဆိုရင် သတိပြုသင့်တဲ့ အချက်တွေကို မျှဝေပေးချင်ပါတယ်။ (၁) ကလေးရဲ့...
မိဘနှစ်ဦးရဲ့ အိမ်ထောင်ရေး အခြေအနေနဲ့ နှစ်ကိုယ်ကြား ဆက်ဆံရေးဟာ ကလေးတွေရဲ့ စိတ်ကျန်းမာရေး အပေါ်မှာ များစွာသက်ရောက်မှု ရှိပါတယ်။ အထူးသဖြင့် အခြေအနေ အကြောင်းကြောင်းကြောင့် ကွာရှင်းပြတ်စဲခြင်းကို ရွေးချယ်ရဖို့ ဖြစ်လာတဲ့အခါမှာ ကလေးတွေ ရဲ့ စိတ်ခံစားချက်တွေကိုလည်း လျစ်လျုမရှုသင့်ပါဘူး။ လမ်းခွဲခြင်းကြောင့် ကလေးတွေမှာ စိတ်ကျန်းမာရေးဆိုင်ရာ သက်ရောက်မှု ဘယ်လို ရှိနိုင်လဲ ဆိုတာကို မျှဝေပေးချင်ပါတယ်။ ...
ကွာရှင်းပြတ်စဲခြင်း (divorce) ဟာ ဘဝရဲ့ အချိုးအကွေ့တွေထဲမှာ ကြီးမားတဲ့ သက်ရောက်မှု တခု ဖြစ်သလို စိတ်ကျန်းမာရေးကိုလည်း ထိခိုက်မှု များစွာ ရှိနိင်ပါတယ်။ အထူးသဖြင့် ဝမ်းနည်းမှု၊ ဒေါသထွက်မှု၊ ကိုယ်တိုင် အပြစ်ရှိသလို ခံစားရမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို ပြင်းထန်စွာ ခံစားရနိုင်ပါတယ်။ ဒီလို ခံစားချက်တွေကို အချိန်မှီ မဖြေရှင်းတဲ့အခါမှာ စိတ်ကျန်းမာရေးကို ရေရှည်ဆိုးကျိုး များစွာ...
တခါတရံမှာ ကိုယ့်အနီးအနားက လူတွေကို ချစ်ခြင်းမေတ္တာတွေ ပေးဖို့ ကြိုးစားနေကြပေမယ့် ကိုယ့်ကိုယ်တိုင်အတွက် တော့ မေ့လျော့နေတတ်ကြပါတယ်။ ကိုယ့်ကိုကိုယ် ချစ်ခင်ကြင်နာခြင်း၊ စာနာနားလည်ခြင်း နဲ့ ဂရုစိုက်တတ်ခြင်းကလည်း ကိုယ့်ရဲ့ စိတ်ကျန်းမာရေး အခြေအနေ ပေါ်မှာ များစွာ မူတည်နေပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ချစ်ခင် ကြင်နာတတ်ခြင်း (Self-compassion) ရဲ့ အရေးပါပုံနဲ့ Self-compassion ကို...
ဟာကွက်မရှိလောက်အောင် အစစအရာရာမှာ ပြီးပြည့်စုံချင်တယ်၊ တခြားသူတွေရဲ့ ထောက်ပြ ဝေဖန်တာကို မခံရအောင် ကိုယ့်ရဲ့ အစွမ်းအစကို ပြသချင်တယ်။ ဒီလို စိတ်ဆန္ဒကို perfectionism လို့ ပြောပြီး ဒီလို စိတ်ဆန္ဒဟာ တခါတရံမှာ ကိုယ့်ရဲ့ တကိုယ်ရေ ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်ပြီးမြောက်မှုနဲ့ စိတ်ကျန်းမာရေး စတာတွေ အပေါ်မှာ သက်ရောက်မှု ရှိလာနိုင်ပါတယ်။ ဒီအကျိုးသက်ရောက်မှုတွေအကြောင်းနဲ့ ဒီစိတ်ဆန္ဒကို...