သင်ကြားမှုတွေကို မထင်မှတ်ထားလောက်အောင် ပြုလုပ်နိုင်တဲ့ အရွယ်ဟာ လမ်းလျှောက်တတ်ခါစအရွယ် တနည်းအားဖြင့် တစ်နှစ်ကနေ နှစ်နှစ်ကြား ကလေးငယ်တွေပါပဲ။ ဒီလို အရွယ် ကလေးငယ်တွေဟာ စကားလုံးတချို့ကို စတင်ပြောဆိုနေပြီ ဖြစ်သလို လူကြီးတွေရဲ့ အပြုအမူတွေကို တုပပြီး လုပ်တတ်နေကြပြီ ဖြစ်တာကြောင့် အထူးသတိထားရမယ့် အချိန်ကာလဖြစ်ပါတယ်။ ဒါ့ကြောင့် Toddler လေးတွေနဲ့ အကောင်းဆုံး ဆက်သွယ်နိုင်မယ့် နည်းလမ်းတွေကို ဒီကနေ...
သားသမီးရလာချိန်မှာ မိခင်၊ ဖခင် နှစ်ဦးအတူတကွ ပြုစုပျိုးထောင်ကြတာလည်း ရှိကြသလို တခါတရံမှာ တစ်ဦးတည်း ပြုစုပျိုးထောင်ရတဲ့ အခြေအနေလည်း ရှိနိုင်ပါတယ်။ အထူးသဖြင့် သဘောထားမတိုက်ဆိုင်မှုကြောင့် လမ်းခွဲကြတဲ့အခါ၊ အကြောင်းကြောင်းကြောင့် မိဘတစ်ဦးဦးက အဝေးမှာ နေရတဲ့အခါတွေမှာ တစ်ဦးတည်းကပဲ ကလေးအတွက် အစစအရာရာ ဖြည့်ဆည်းပေးရတာ ရှိတတ်ပါတယ်။ ဒီလို Single Parent တစ်ယောက်ဖြစ်လာတဲ့အခါမှာ အခက်အခဲ၊ စိန်ခေါ်မှုတွေ...
မိဘတိုင်းဟာ သားသမီးတွေအတွက် အကောင်းဆုံးအရာတွေကိုသာ ဖန်တီးပေးလိုကြသလို သားသမီးတွေနဲ့ ပတ်သက်လာရင် မျှော်လင့်ချက်လည်း ကြီးကြပါတယ်။ တချို့ မိဘတွေဟာ ကိုယ့်ရဲ့ လိုအင်ဆန္ဒတွေကို သားသမီးတွေမှာ ဖြည့်ဆည်းပေးချင်ကြသလို ကိုယ့်အတွက် အခြေအနေမပေးခဲ့တဲ့ အနေအထားတွေကို သားသမီးတွေမှာ မျှော်လင့်မိတတ်ကြပါတယ်။ တခါတရံ မျှော်မှန်းထားသလိုမျိုး မဖြစ်လာတဲ့အခါ စိတ်ခံစားချက်တွေ ပြင်းထန်တတ်ကြပြီး သားသမီးနဲ့ မိဘကြား ပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် ဒီလို...
ငယ်ဘဝရဲ့ မှတ်ဉာဏ်တွေဟာ အချိန်ကြာသွားပေမယ့် စွဲမြဲစွာ ကျန်ရှိနေတတ်ပါတယ်။ အထူးသဖြင့် ကလေးတွေအတွက် မိဘတွေနဲ့ အတူရှိချိန် မိဘတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ပုံရိပ်တွေဟာ မေ့ဖျောက်မရအောင် အမှတ်ရ ကျန်ရစ်လေ့ရှိပါတယ်။ ဒီလိုမျိုး ကလေးနဲ့ အတူတူ အချိန်ကြာကြာ ရှိနေမယ့် အမှတ်တရတွေဟာ ကလေးရဲ့ ခံစားချက်၊ ခံယူချက်တွေအပေါ်မှာ သက်ရောက်မှု ရှိနေနိုင်တာကြောင့် အမှတ်တရကောင်းတွေ ဖန်တီးဖြစ်စေမယ့် နည်းလမ်းတွေကို...
မိဘတွေဟာ သားသမီးတွေရဲ့ လက်ဦးဆရာဖြစ်တာနဲ့အညီ ကလေးတစ်ယောက်ရဲ့ ကနဦးဘဝအစကနေ ကျန်ရှိတဲ့ ဘဝတစ်လျှောက်မှာ ပြုမူတဲ့ ပုံစံ၊ စာရိတ္တနဲ့ အကျင့်စရိုက်တွေဟာ မိဘတွေရဲ့ ပြုစုပျိုးထောင်မှုပုံစံပေါ်မှာ များစွာမူတည်နေပါတယ်။ ကလေး ပြုစုပျိုးထောင်နည်းတွေဟာ ပုံစံများစွာကွဲပြားသလို မိဘအုပ်ထိန်းသူ တစ်ဦးစီရဲ့ ချည်းကပ်မှုပုံစံတွေဟာ မတူညီနိုင်ပါဘူး။ ဒါကြောင့် လူသိများပြီး အများစုအသုံးပြုကြတဲ့ ကလေးပြုစုပျိုးထောင်နည်း ပုံစံ (၄) မျိုးကို ဒီကနေ...
ဆယ်ကျော်သက်အရွယ်ဟာ ကလေးဘဝကနေ လူကြီးအဖြစ်ကို ကူးပြောင်းဖို့အတွက် စတင်ချိန်ကာလဖြစ်လို့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများစွာကို ရင်ဆိုင်နေရတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ ဒီလိုအရွယ်ကလေးတွေဟာ မိဘတွေနဲ့ မကြာခဏဆိုသလို စိတ်အခန့်မသင့်မှုတွေ ၊ သဘောထားမတိုက်ဆိုင်မှုတွေ ဖြစ်တတ်ကြတာ သဘာဝပါပဲ။ မိဘတွေအနေနဲ့လည်း ဒီလိုအချိန်မှာ သားသမီးကို ထိန်းကျောင်းရာမှာ အခက်အခဲများစွာ ကြုံတွေ့ရလေ့ရှိတာကြောင့် အဆင်ပြေချောမွေ့စေမယ့် နည်းလမ်းလေးတွေကို ဒီကနေ မျှဝေပေးပါမယ်။ (၁)...
စိတ်ကျန်းမာရေးဟာ အသက်အရွယ်မရွေး ကျားမမရွေး လူတန်းစားမရွေး ဂရုစိုက်ဖို့လိုအပ်တဲ့ အရာဖြစ်ပါတယ်။ အများအားဖြင့် ကလေးတွေရဲ့ စိတ်ခံစားချက်နဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လူကြီးတွေအနေနဲ့ လျစ်လျုရှုတတ်ကြသလို ဒါဟာ ကလေးတွေအတွက် အသက်အရွယ်ရလာတာနဲ့ အမျှ ပိုပိုဆိုးလာနိုင်သလို စိတ်ကျန်းမာရေးထိခိုက်မှုတွေနဲ့ နောက်ဆက်တွဲ ပြဿနာတွေအထိ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် မိဘတစ်ယောက် အုပ်ထိန်းသူ တစ်ယောက်အနေနဲ့ ကလေးရဲ့ အသက်အရွယ်အလိုက် စိတ်ကျန်းမာရေး...
ရင်သွေးလေးကို ပိုင်ဆိုင်ရပြီ ဆိုတာနဲ့ ကိုယ်ဝန်ဆောင်ချိန်ကစလို့ မွေးဖွားချိန်အထိ အဆင်ပြေ ချောမွေ့စေလိုတာက မိဘတိုင်းရဲ့ ဆန္ဒပါပဲ။ ဒါပေမယ့် မမျှော်လင့်ထားတဲ့ အကြောင်းတွေကြောင့် တချို့မှာ ကိုယ်ဝန်ဆုံးရှုံးမှုကို ကြုံရတာလည်း ရှိတတ်ကြပါတယ်။ ဒီအချိန်မှာ နှမြောဝမ်းနည်းစိတ်၊ ယူကြုံးမရတဲ့ စိတ်တွေနဲ့ အတူ ခံစားချက်မျိုးစုံကို ခံစားရနိုင်ပြီး ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့အတွက် အချိန်တခု ယူဖို့ လိုပါတယ်။ ဒီလို...
အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ မိမိရဲ့ လူနေမှုပုံစံကို ပြောင်းလဲရတာနဲ့ အမျှ ခန္ဓာကိုယ် ပုံစံ အချိုးအစားလည်း ပြောင်းလဲလာနိုင်ပါတယ်။ အထူးသဖြင့် မိခင်နှင့် ရင်သွေးအတွက် အာဟာရပြည့်ဝစွာ စားသုံးရခြင်း၊ ကိုယ်လက် လှုပ်ရှားမလုပ်ဖြစ်ခြင်း၊ ဟော်မုန်းတွေရဲ့ အပြောင်းအလဲကြောင့် ခန္ဓာကိုယ် အရေပြားမှာ သိသာတဲ့ ပြောင်းလဲမှုတွေ၊ အကြောပြတ်တာတွေစတာတွေအပြင် ဆီးမထိန်းနိုင်တာတွေစတဲ့ ပြောင်းလဲမှုတွေလည်း များစွာ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့်...
ကိုယ်တိုင်ရွေးချယ်လို့ပဲဖြစ်ဖြစ် မျှော်လင့်မထားတဲ့ အခြေအနေမှာပဲ ဖြစ်ဖြစ် မိဘနေရာကို ရောက်လာပြီ၊ ပထမဆုံးအကြိမ် မိဘဖြစ်ပြီ ဆိုတဲ့အခါမှာ ထူးခြားတဲ့ စိတ်ခံစားချက်တွေ များစွာ ကြုံတွေ့နိုင်ပါတယ်။ ပျော်ရွင်ခြင်း၊ ကြည်နူးခြင်း၊ ပီတိဖြစ်ခြင်းဆိုတဲ့ အပြုသဘောဆောင်တဲ့ ခံစားချက်တွေကို ခံစားရနိုင်သလို စိုးရိမ်ပူပန်မှု၊ စိတ်တိုင်းမကျမှု ၊ စိတ်မသက်သာဖြစ်မှု စတဲ့ ခံစားချက်တွေကို လည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒီလို စိတ်ခံစားချက်တွေက...