Search on this blog

Search on this blog

Need Help?

+959 513 1873

လမ်းလျှောက်နေရင်းနဲ့ လမ်းပျောက်တယ်ဆိုတာဟာ လူတိုင်း ဖြစ်လေ့ ဖြစ်ထ ရှိပါတယ်။ တခါတရံ တွေးမိကြလိမ့်မယ်၊ ကိုယ်လုပ်နေတာတွေက အဓိပ္ပါယ်ရော ရှိရဲ့လား၊ အခုလုပ်နေတာတွေက ဘာထူးခြားမှု ရှိနိုင်မှာလဲ စတဲ့ မေးခွန်းတွေနဲ့ မွန်းကြပ်ပြီး ဘာမှ မလုပ်ချင်တော့အောင် ခြေစုံရပ်နေမိတဲ့ အခိုက်အတန့် ကြုံဖူးမှာပါ။ ဒီလို အခြေအနေမှာ ဘယ်လို ကိုင်တွယ်ဖြေရှင်း သင့်လဲဆိုတာကို ဒီမှာ ပြောပြပေးသွားပါမယ်။ ...
ပညာရေးကြောင့် နိုင်ငံရပ်ခြားမှာ နေထိုင်ရတဲ့ ကျောင်းသားတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို များစွာ ကြုံတွေ့ရလေ့ ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေမှ အစပြုပြီး ကိုယ်ကျန်းမာရေးကို ထိခိုက်လာတဲ့အခါ ကျောင်းသားတွေရဲ့ ပညာရေးမှာ သက်ရောက်မှု တချို့ ရှိနိုင်လာပါတယ်။ ဒီနေ့မှာတော့ အဝေးရောက် ကျောင်းသားတွေမှာ အဖြစ်များတဲ့ စိတ်ကျန်းမာရေးပြဿနာတွေကို ဒီမှာ ပြောပြပေးချင်ပါတယ်။  (၁) ဓလေ့ထုံးတမ်းဆိုင်ရာ စိတ်ခြောက်ခြားမှု...
လုပ်ငန်းခွင်မှာ လုပ်ကိုင်နေကြတဲ့ အလွှာအသီးသီးက ဝန်ထမ်းတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာနေဖို့ လိုသလို စိတ်ကျန်းမာမှုမှာလည်း ထိခိုက်မှု မရှိနေဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့်လည်း ဝန်ထမ်းတွေအတွက် ကူညီပြီး နှစ်သိမ့်ဆွေးနွေးခြင်း EAP (Employee Assistance Program) Counseling ဟာ အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်လာပြီ ဖြစ်ပါတယ်။  EAP Counseling ကနေတဆင့် ဝန်ထမ်းတွေ...
တစ်နယ်ရပ်ခြားကို ရွှေ့ပြောင်း လုပ်ကိုင်ရတဲ့ အလုပ်သမားတွေဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထူးဂရုပြုဖို့ လိုပါတယ်။ အထူးသဖြင့် စိတ်ဓါတ်ကျတာ၊ စိတ်ဖိစီးတာ၊ အထီးကျန်အားငယ်တာနဲ့ စိတ်ပူပန်သောက ရောက်တာတွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေ ကြုံနေကျ အခြေအနေတွေ ဖြစ်ပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။  (၁) Work- Life- Balance မျှအောင်နေပါ  တနယ်ခြားမှာ အလုပ်ကို...
ယုံကြည်မှု (Trust) ဟာ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ အရေးပါတဲ့ အရာတခု ဖြစ်ပါတယ်။ ဘယ်နေရာမှာမဆို အပြန်အလှန် ယုံကြည်မှုရှိခြင်းကနေ ကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် နေရာအသစ််မှာ လူအသစ်တွေနဲ့ ဆက်ဆံရချိန်မှာတော့ ယုံကြည်မှုဟာ အစကနေ ပြန်လည် တည်ဆောက်ဖို့ လိုတာကြောင့် ယုံကြည်မှု တည်ဆောက်နိုင်မယ့် နည်းလမ်းတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။...
တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ဆက်သွယ်ခြင်း (Communication) ဟာ လူမှုဘဝပတ်ဝန်းကျင်မှာ အရေးပါတဲ့ အရာတခု ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ နေရာဒေသနဲ့ ဝေးကွာတဲ့ နေရာတခုကို ပြောင်းရွှေ့ရပြီး မတူခြားနားတဲ့ လူတွေနဲ့ ဆက်သွယ်ရပြီဆိုရင် အခက်အခဲ အတားအဆီးတွေ ရှိနိုင်ပြီး ဒါတွေဟာ စိတ်ကျန်းမာရေးအပေါ်မှာလည်း သက်ရောက်မှု ရှိနေပါတယ်။ ဒီအတားအဆီးတွေ ကြားကနေ အကောင်းဆုံး ဆက်သွယ်နိုင်မယ့်...
စိတ်ကြည်ကြည်လင်လင်နဲ့ နိုးထလိုက်တဲ့ တနေ့တာမှာ အလုပ်ကို မြန်မြန်ပြီးမြောက်အောင် လုပ်နိုင်တာကို သတိပြုမိကြမှာပါ။ လေ့လာမှုတွေအရဆိုရင် ကောင်းမွန်တဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဖန်တီးပေးနိုင်တဲ့ အလုပ်ခွင်ဟာ အလုပ်သမားတွေရဲ့ အလုပ်ပျက်ကွက်မှု (absenteeism) ကို နည်းစေပြီး လုပ်ငန်းခွင်အတွင်း productivity ကို ပိုကောင်းစေတယ်လို့ တွေ့ရပါတယ်။  အထူးသဖြင့် အလုပ်ကြောင့်၊ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် စိတ်ရှုပ်စရာ၊ စိတ်ပူပန်စရာနဲ့ စိတ်ဓါတ်ကျမှုတွေ...
အထီးကျန်စိတ်ဆိုတာ တဦးထဲ ရှိနေတဲ့ အချိန်မှာပဲ ခံစားရတာ မဟုတ်ပါဘူး။ ကိုယ်နဲ့ မရင်းနှီးတဲ့ အရပ်ဒေသ နေရာတခုမှာ သူစိမ်းတွေနဲ့ အတူရှိနေချိန်မှာလည်း အထီးကျန်စိတ်ကို ပြင်းပြင်းပြပြ ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ရွှေ့ပြောင်း နေထိုင်သူ၊ အလုပ်သမားတွေ အနေနဲ့ အထီးကျန်စိတ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်တာကြောင့် အထီးကျန်စိတ်ကို ကုစားနိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေချင်ပါတယ်။ (၁) ကိုယ်ပိုင်...
‘အိမ်’ ဆိုတာ လူတိုင်းအတွက် လုံခြုံနွေးထွေးတဲ့ နေရာလေး တခု ဖြစ်သလို အိမ်ရဲ့ အငွေ့အသက်၊ မိသားစုရဲ့ သံယောဇဉ်ဆိုတာ ဘာနဲ့မှ တန်ဖိုးဖြတ်လို့ မရပါဘူး။ ဒါပေမယ့် တခါတရံမှာ ဘဝအတွက်၊ ပညာရေးအတွက် စတဲ့ အကြောင်းပြချက်တွေကြောင့် အိမ်နဲ့ ဝေးကွာနေသူတွေ ရှိကြမှာပါ။ ဒီလိုအခြေအနေမှာ အိမ်လွမ်းတဲ့စိတ်တွေနဲ့  ဝမ်းနည်းမှုတွေကို ဘယ်လို ဖြေဖျောက်ရမလဲဆိုတာ ပြောပြချင်ပါတယ်။ ...
နှစ်သိမ့်ဆွေးနွေးမှု တစ်ခုကို စတင်တဲ့အခါမှာ လူတိုင်း သိလိုတဲ့ မေးခွန်းကတော့ နှစ်သိမ့်ဆွေးနွေးမှု ဘယ်နှစ်ကြိမ် လိုအပ်တာလဲ၊ အချိန်ဘယ်လောက်ပေးရင် သိသာတဲ့ ရလဒ်ကို ရမှာလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ဒါဟာ တစ်ဦးချင်းစီအတွက် မတူညီနိုင်တာကြောင့် နှစ်သိမ့်ဆွေးနွေးမှုအတွက် လိုအပ်တဲ့ ကြာချိန် ဘယ်လို ကွာခြားနိုင်လဲဆိုတာ မျှဝေပေးချင်ပါတယ်။  ပထမဦးဆုံးအနေနဲ့ နှစ်သိမ့်ဆွေးနွေးမှု ခံယူတဲ့ တစ်ဦးချင်းစီမှာ မတူညီကွဲပြားတဲ့...