Search on this blog

Search on this blog

Need Help?

+959 513 1873

image
image

စီးပွားရေး၊ လူမှုရေး၊ ဘဝနေထိုင်ရေး အဘက်ဘက်က ဖိအားတွေစုပြုံကျနေချိန်မှာ စိတ်ဓာတ်တွေ ယိုင်လဲသွားဖို့ သိပ်ကိုလွယ်ကူလွန်းပါတယ်။ ကိုယ့်ဘဝရဲ့အဓိပ္ပာယ်၊ ကိုယ့်ရဲ့‌ ပျော်ရွှင်မှုတွေကို ဆုံးရှုံးမသွားရအောင်ကိုယ်တိုင်ပြန်ဖေးမဖို့လိုအပ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ဆိုင်ရာ ကျန်းမာနေပြီး အခက်အခဲတွေကို ရင်ဆိုင်နိုင်မဲ့ ခွန်အားကို Self-Care လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းကနေ ရယူနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းက ကြံ့ကြံ့ခံနိုင်မဲ့ အားအင်ကို ပေးသလို အခြေအနေတိုင်းမှာ မယိုင်လဲ‌သွားမဲ့ စိတ်ဓာတ်ကို တည်ဆောက်ပေးပါတယ်။

လွယ်ကူရိုးရှင်းပေမဲ့ထိရောက်တဲ့ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နည်းတွေက :

(၁) လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးခြင်း

လေ့ကျင့်ခန်းလုပ်ပေးတာက ယုံကြည်မှု၊ ဇွဲနဲ့ စိတ်ခံစားချက်ထိန်းချုပ်နိုင်စွမ်းကို တိုးတက်စေသလို ခန္ဓာကိုယ်ကို ကျန်းမာစေပါတယ်။

(၂) အာဟာရပြည့်ဝအောင်စားခြင်း

ကိုယ်ခံအားပြည့်ပြီး ကျန်းမာတဲ့ ခန္ဓာကိုယ်ကသာ အလုပ်ကြိုးစားနိုင်မယ်၊ ဦးနှောက်စွမ်းရည်လည်းတိုးတက်မှာမို့လို့ အာဟာရစုံအောင်စားပေးဖို့ မမေ့ပါနဲ့။

(၃) အိပ်ချိန်ကို ဦးစားပေးခြင်း

ရုန်းကန်ရင်း ပင်ပန်းနေတဲ့ စိတ်နဲ့ခန္ဓာကို အနားပေးဖို့ တစ်ရက်ကို ၆-၈ နာရီဝန်းကျင်အိပ်ပေးသင့်ပါတယ်။

(၄) အနားယူခြင်း

စိတ်ကိုရော၊ ခန္ဓာကိုပါ အမှန်တကယ်အနားရစေမဲ့ တရားထိုင်ခြင်း၊ ယောဂလေ့ကျင့်ခြင်း၊ ဂျာနယ်ရေးခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။

(၅) ကျေးဇူးတင်တတ်ခြင်း

အခက်အခဲတွေကြားမှာတောင် သင့်ကိုရပ်တည်ဖို့ ၊ အသက်ဆက်ရှင်ဖို့ ကူညီပေးနေသမျှ အရာအားလုံးကို ကျေးဇူးတင်ကြည့်စေချင်ပါတယ်။

(၆) အကူအညီတောင်းခြင်း

တစ်ယောက်အားနဲ့မနိုင်တော့တဲ့အခါ ရင်းနှီးတဲ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့ ချစ်ရတဲ့သူတွေဆီ အကူအညီတောင်းခံနိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရင်း ရှင်သန်ကြည့်တဲ့အခါ နေ့ရက်တိုင်းက အဓိပ္ပာယ်ရှိလာမှာမို့လို့ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပေးကြဖို့ လုံးဝမမေ့လိုက်ပါနဲ့။

ရုန်းကန်လှုပ်ရှားရင်း ပင်ပန်းခက်ခဲလွန်းလို့ ဆွဲစရာလက်တစ်စုံတရာ လိုအပ်လာတဲ့အခါ Call Me Today ကို ဒီ လင့်ကတဆင့် ဆက်သွယ်ပြီးရင်ဖွင့်နိုင်တာကို သတိရပေးပါနော်။

? : https://app.callmetoday.org/book

☎️: 09-5131873

#CallMeToday

#ItIsOkToCallMeToday

#counseling 

#therapy

Leave a Reply

Your email address will not be published. Required fields are marked *